ylliX - Online Advertising Network

ရွှေတိဂုံစေတီတွင် ရွှေစင်ရွှေပြားသင်္ကန်းတော်များစတင် ကပ်လှူပူဇော်၊ ရွှေစင်ရွှေပြား(၄၇၃၉)ချပ်လှူဒါန်းထား

#Local_NewsPublished 18 November 2024 ▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၈)ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ▪️ ရွှေစင်ရွှေပြား သင်္ကန်းတော်များအား ရထားပျံဖြင့်တင်လှူပူဇော်ခြင်း အခမ်းအနားကို ကျင်းပရာဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ၆ ကျပ်သား ရွှေစင်ပြား ၁ ချပ်နှင့် ၁ ကျပ်သား ရွှေစင်ပြား ၈ ချပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၁ ကျပ်သား ရွှေစင်ပြား ၁ ချပ် ရထားပျံပေါ်သို့ အသီးသီးပင့်ဆောင်၍ အမွှေးနံ့သာများပက်ဖြန်း ပူဇော်ခဲ့သည်။ ▪️ ထို့အပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၁ ကျပ်သား ရွှေစင်ပြား ၂ ချပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၁ ကျပ်သား […]

ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ  – Myanmar Now

တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။  အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး၊ ၎င်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ လွန်ခဲ့သည့်လကုန်ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။  ထိုတွေ့ဆုံပွဲပြီးဆုံးချိန်မှစ၍ ၎င်းအားတရုတ်အာဏာပိုင်များက မြန်မာနိုင်ငံဖက်သို့ ပြန်ခွင့်မပေးတော့ပဲ အကျယ်ချုပ်ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံယူနန် ပြည်နယ်ရှိ သတင်းရင်းမြစ်များကဆိုသည်။  ကနဦးသတင်းများအရ ဆွေးနွေးပွဲအပြီး၎င်းမြန်မာနိုင်ငံသို့ ပြန်မလာနိုင်ခြင်းမှာ ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရသည်ဟုဆိုခဲ့သော်လည်း ယခုအခါ ၎င်းအား တရုတ်အစိုးရက အကျယ်ချုပ်ချထားသည်။ သို့ရာတွင် ဖုန်တာရွှင်သည် ၎င်း၏ MNDAA တပ်ခေါင်းဆောင်များနှင့်မူ […]

လပြည့်ည လမ်းပေါ်ထွက်သူတချို့ စစ်သားသစ်အဖြစ် စုဆောင်းခံရဟုဆို – Myanmar Now

နိုဝင်ဘာ ၁၅၊  တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းက လမ်းပေါ်ထွက်မိသည့်  နေပြည်တော်ဒေသခံ လူငယ်အချို့ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး  စစ်သားသစ်အဖြစ် စုဆောင်းခံနေရသည်ဟု ထိုလူငယ်တို့၏မိသားစုများနှင့် နီးစပ်သူတို့က ပြောသည်။ တန်ဆောင်မုန်း လပြည့်ညက  ပံ့သကူပစ်ထားသည်များကို ကောက်ယူရန်၊ သူခိုးကြီးညအဖြစ် နောက်ပြောင် ပြုမူရန် အပြင်ထွက်ကြရာမှ အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။ နေပြည်တော် ပျဉ်းမနားမြို့နယ်၊  အာဟာရသုခဈေးအနီး သူဌေးကုန်းရွာနေ လူငယ် ၅ ဦးမှာ နေအိမ်တစ်အိမ်မှ ကြက်နှင့် အစားသောက်အချို့ကို ယူဆောင်သွားပုံကို အိမ်ရှင်က လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိတိုင်ကြားရာမှ အဖမ်းခံရသည်ဟု  ဖမ်းဆီးခံမိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ “နောက်မလုပ်အောင် သတိပေးဆုံးမပေးပါဆိုပြီး အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ၊ နောက်နေ့ကျတော့ စစ်ကားတွေနဲ့လာဖမ်းပြီး တပ်ထဲပို့လိုက်တယ်” ဟု သူက ပြောသည်။ အသက် ၂၀မှ […]

Huawei Mate 70 ကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကြေညာမည် – MyTech Myanmar

Skip to content Huawei Mate 70 Series ကို မကြာခင် ကြေညာတော့မယ်ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။ အခုတော့ Huawei CEO Richard Yu က အဲဒီ ဖုန်းတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ မပြောပေမယ့် Maextro အမည်ရ တန်ဖိုးကြီး Car Brand တစ်ခုကိုလည်း မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ Yu က 2024 Guangzhou Auto Show မှာ အင်တာဗျူး တစ်ခုမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ Huawei Mobile ရဲ့ လူမှုကွန်ရက် အကောင့်တွေမှာ အဲဒီ သတင်းကို […]

Yang Jian ( 2022 ) – Channel Myanmar

ဒီနေ့မှာဆိုရင် CM က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင်တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲမမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကိုဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ – “ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီးနှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံစည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီးလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီးငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲအဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်းမတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီးမိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ […]

မတ္တရာတွင် တိုက်ပွဲ ၂ ရက်ဆက်ဖြစ်၊ ကြည်းရေလေတပ်များ ပါဝင် – Myanmar Now

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင်  တိုက်ပွဲများ ၂ ရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က ကြည်းရေလေတပ်များ သုံးပြီးတိုက်ခိုက်နေသည်ဟု ဒေသခံများက ယနေ့ (နိုဝင်ဘာ ၁၈) တွင် ပြောသည်။  ယမန်နေ့ နံနက် ၃ နာရီခန့်တွင်   မြစ်ကမ်းဘေးကျေးရွာများဖြစ်သော သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်း အပါအဝင် မြစ်ရိုးတလျှောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။  ထိုနေရာများသည် မန္တလေးမြို့မြောက်ဘက် ၅ မိုင်ခန့်သာ ကွာဝေးသည်။ မွန်းတည့်ချိန်တွင် မန္တလေးမြို့ဆိပ်ကမ်းမှ စစ်သင်္ဘောနှစ်စီး ဧရာဝတီမြစ်အတိုင်း  ဆန်တက်သွားပြီး မတ္တရာ မရောက်မီ စစ်ကိုင်းဘက်အခြမ်း မင်းကွန်းမြို့အနီး ဆိုက်ကပ်ကာ မြစ်တစ်ဖက်ကမ်း မတ္တရာဘက်ကျေးရွာများကို ပစ်ခတ်ခဲ့သည်။ အနီးဆုံးဖြစ်သော သဖန်းဒေါင့်ရွာသည် မင်းကွန်းနှင့် ၅ မိုင်ကျော် ကွာဝေးသည်။ ညနေ  […]

ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့များ ဗုံးကြဲခံရ၊ အရပ်သား ၃ ဦး သေဆုံး – Myanmar Now

တအာင်းတပ် (TNLA)  ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် လေတပ်က ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ ရှိသွားကြောင်း ဒေသခံများနှင့် TNLA ထံမှ သိရသည်။ ယမန်နေ့ ည ၁၁း၄၇ အချိန်တွင်  ကွတ်ခိုင်မြို့ပေါ်  ရပ်ကွက်(၄)ကို ဗုံးကြဲခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။  ထိုရပ်ကွက်ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းအနီး ဗုံး ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များ၊ ဆိုင်ခန်းတံခါးများ ပျက်စီးခဲ့သည်ဟု ဒေသခံများကလည်း ပြောကြသည်။ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးခန့် […]

မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်များ ဖြစ်လာ – iMyanmarHouse.com

မလေးရှားနိုင်ငံတွင် သန့်ရှင်းရေးအလုပ်သမားတစ်ဦးသည် မိသားစုကို ရှာဖွေကျွေးမွေးရန်အတွက် ၂၇ နှစ်တာလုံး သူ၏ဘဝကို အလုပ်ထဲတွင် မြှုပ်နှံထားခဲ့ကာ ခွင့်တစ်ရက်မှ နားခဲ့ခြင်း မရှိချေ။ ထိုသို့ ကြိုးစားရင်း သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်နိုင်ခဲ့ရာ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်၊ အင်ဂျင်နီယာများ ဖြစ်လာခဲ့ကြသည်။ အဘူဘေကာသည် ယခုအခါ အသက် ၇၀ အရွယ်ရှိပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဇာတိဖြစ်၏။ လွန်ခဲ့သော ၃၁ နှစ်ခန့်က သူ၏ဇာတိမြေကို ကျောခိုင်းကာ မလေးရှားတွင် လာရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ မလေးရှားသတင်းဌာနတစ်ခုဖြစ်သော Humans of Kuala Lumpur နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အဘူဘေကာက ပြောသည်မှာ မလေးရှားတွင် အလုပ်အကိုင်ပေါသည်ဟု သတင်းများကြားရပြီးနောက် မလေးရှားသို့ သွားရောက်အလုပ်လုပ်လိုစိတ် ပြင်းပြခဲ့ကြောင်း၊ မိမိ၏ အသိအကျွမ်းများမှာမူ ထိုသို့ အလုပ်လုပ်လိုမှု မရှိကြကြောင်း ပြောသည်။ […]

Tesla ကား တံခါး ဖွင့်မရလို့ လူ ၄ ယောက် မီးလောင်သေဆုံး – MyTech Myanmar

Skip to content ကနေဒါ နိုင်ငံ တိုရွန်တိုမှာ Tesla ကား တစ်စီးဟာ တံတား ကွန်ကရစ်တိုင်ကို ဝင်တိုက်ပြီး မီးလောင်သွားတဲ့အတွက် လူ ၄ ယောက် သေဆုံးသွားပါတယ်။ ၅ ယောက်မြောက် လူကို လမ်းသွားလမ်းလာ တစ်ယောက်က ကားတံခါးခွဲကာ ကယ်တင်လိုက်နိုင်ပါတယ်။ တိုရွန်တို ရဲဌာနမှ စုံစမ်းရေးမှူး Phillip Sinclair က ဒီဖြစ်ရပ်ဟာ Lake Shore မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယာဉ်မောင်းဟာ ကားကို မထိန်းနိုင်ဘဲ တံတား ကွန်ကရစ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ ပြောပါတယ်။ မီးသတ်ဌာနမှ Jim Jessop က မီးသတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ကားဟာ လုံးဝမီးလောင်ကျွမ်းနေပြီလို့ ပြောပါတယ်။ မီးငြိမ်းသတ်ပြီးနောက်မှာ ကားထဲမှာ လူ […]

Kudi Haryane Val Di (2024) – Channel Myanmar

Kudi Haryane Val Di 2024 ဖူးစာရွာလည် Imdb 6.2ပန်ချာပီကားတွေမှာဆိုရင် လူတိုင်းနဲ့မစိမ်းတဲ့မင်းသားကြီး Ammy Virk ပါဝင်ထားတဲ့ဒရာမာကားလေးတင်ဆက်ပေးထားပါတယ် နပန်းမိသားစုရဲ့တစ်ဦးတည်းသောသားလေး ဗီဇကတော့ စော်ပွေချင်တာပေါ့သူငယ်ချင်းတွေဆီက အသိမိန်းကလေးဖုန်းတွေပတ်တောင်းပြီးတစ်လုံးချင်းထိုင်ဆက်ပြီး ရည်းစားရှာတတ်တဲ့သူပါ နပန်းမိသားစုထဲ တစ်ဦးတည်းသောသားဖြစ်ပေမဲ့ နပန်းကိုစိတ်မဝင်စားဘဲကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူ ဖြစ်ချင်တော့ သူထိုင်ဆက်တဲ့ဖုန်းတွေထဲတောင်ပိုင်းပန်ဂျပ်ရဲ့သေမင်းလို့တင်စားကြတဲ့လူရဲ့ သမီးဆီပါဆက်မိထားတာပါ ကံကမကောင်းတော့ သူဖုန်းဆက်တဲ့အချိန်မှာ တစ်ဖက်မိန်းကလေးကခိုးရာလိုက်ဖို့ပြင်ဆင်နေချိန်ပေါ့ သူနဲ့ဖုန်းပြောပြီးပြီးချင်းမှာပဲလင်နောက်တန်းလိုက်သွားတော့ ဒီကောင်နဲ့ခိုးပြေးတာပဲဆိုပြီးသူ့ကိုမြေလှန်ရှာပါတော့တယ် ဇာတ်လမ်းကသဘာဝကျကျနဲ့ ဟာသနှောထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GBQuality…WEB DL 1080p HEVC/ 720pFormat…mkv/ mp4Duration….2h 42mSubtitle….Myanmar Subtitle (Hard Sub)Encoder….YKTranslated […]