ylliX - Online Advertising Network

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကြောင့် သျှမ်းမြောက်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက် – သျှမ်းသံတော်ဆင့်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာနေကြောင်း သိရသည်။ စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ဂိတ် ၃ ခုအနက် ကုန်တင်ကားကြီးများဝင်ထွက်နိုင်သည့် ဂိတ်ကို (နိုဝင်ဘာ ၁၁ ရက်နေ့)တွင် တရုတ်က ပြန်ဖွင့်ပေးလိုက်ပြီး အခြားဂိတ်များမှ ကုန်စည်သယ်ယူမှုကို ထပ်တိုးတင်းကျပ်ထားသည်။ “အခု ခရမ်းချဉ်သီး ၁ ပိသာကို ၈,၀၀၀ ကျော်၊ ၉,၀၀၀ ဝန်းကျင်ရှိတယ်။ ၁ ပိသာမှာ အလုံး ၃၀ […]

ဖယ်ခုံ၊ ပင်လောင်းတွင် စစ်ကောင်စီနှင့် PNOလမ်းပိတ်၊ ပြောင်းကုန်ရောင်းရန် ခက်ခဲ – သျှမ်းသံတော်ဆင့်

သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများကို ရိတ်သိမ်းယူဆောင်သွားနေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီပင်လောင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေအများကြီးပဲ စပါးတွေစိုက်ပြီး ပြန်ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ကာလကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက အခွင့်ကောင်းယူပြီး ရှိသမျှစပါးခြံတွေကို ရိတ်သိမ်းသွားကြတယ်။ ကျမတို့ ပြန်လာရမှာတောင် ကြောက်နေတယ်”ဟု ၎င်းက ပြောသည်။ ပင်လောင်းစစ်ရှောင်များပုံ ထို့ပြင် ကရင်နီပြည်အတွင်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် တပိုင်တနိုင် […]

မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများကို နှုတ်ပိတ်သွားစေတဲ့ AA ရဲ့ တိုက်ပွဲ (၁)နှစ်ပြည့်ထုတ်ပြန်ချက်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ညနေပိုင်းက သောင်းကျန်းသူအားပေး မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများက “အမ်းဒေသက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်တွေကို AA သိမ်းပိုက်လိုက်ပြီ၊ အမ်းမှာ တပ်ရင်း (၁၀)ရင်းကို AA သိမ်းပိုက်လိုက်ပြီ စစ်သားတွေ မကွေးကိုဆုတ်ပြေးနေပြီ မယုံရင် AA ဒီညတင်လာမယ့်ထုတ်ပြန်ချက်ကိုကြည့်၊ နပခ တပ်တွေအကုန်ကျပြီ တိုင်းရုံးပဲကျန်တော့တယ် အားလုံးပိတ်မိသွားပြီ” ဆိုပြီး တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေနဲ့ တပ်ထောက်ခံသူတွေ စိတ်ဓာတ်ကျဆင်းအောင်၊ တိုက်နေသူတွေ ထွက်ပြေးအောင် အင်တာနက် စာမျက်နှာများမှာ တင်ခဲ့ကြတာ အားလုံးပဲ သိကြမှာပါ။ ဒီမနက်အစောပိုင်း AA ဘက်ကထုတ်ပြန်လာတဲ့ တိုက်ပွဲ(၁)နှစ်ပြည့် ထုတ်ပြန်ချက်မှာတော့ အမ်းက တပ်ရင်း(၈)ရင်းကို သူတို့ရထားကြောင်း (အမ်းတွင်မရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထည့်ပြထား) တင်လာတယ်၊ ဒီထုတ်ပြန်ချက်ထုတ်လာတဲ့ အချိန်မှာ AA […]

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း မြို့ ၄ မြို့ ထပ်သိမ်းတော့မည်ဟု AA ဆို  – Myanmar Now

တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် တစ်ပြိုင်နက်ထိုးစစ်ဆင်နေသည့် မြို့နယ် ၄ ခုကိုလည်း  ရလုနီးပါးဖြစ်နေပြီဟု အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။  ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သော AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲသည် ယမန်နေ့က တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။  “ တစ်နှစ်တာကာလအတွင်းမှာ ULA/AA က သိမ်းပိုက်ခဲ့တဲ့ မြို့နယ်စာရင်းကတော့ အားလုံးပေါင်း ၁၁ ခု ပေါ့နော်။ အဲ့ဒီ ၁၁မြို့နယ်ကတော့ အပြည့်အဝ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။  AA သည် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား ၊ […]

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ – Western News

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ၍ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ခရီးသွား ၅ ဦးမှာ တရားဝင် ပါ့စ်ပို့နှင့် ဗီဇာများရှိနေပြီး ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကို သွားရန် စီစဉ်ခဲ့သော်လည်း မဲဆောက်နယ်စပ်သို့ လူကုန်ကူးခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့ ၅ ဦးနှင့် လူကုန်ကူးသူများကို တက်ခ်-မဲဆောက် လမ်းပေါ်ရှိ Haui Hin လုံခြုံရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် တရုတ်ခရီးသွားများမှာ လမ်းကြောင်းပြောင်းသွားသည်ကို သိလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြောင်း တရုတ်စကားပြန်ထံမှ သိရသည်။ “တရုတ်လူမျိုး ၅ ဦးဟာ ပတ္တရားကမ်းခြေကို ခရီးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မြ၀တီမှာ ငွေကြေးလိမ်လည်ခြင်းပြုလုပ်တဲ့ call center တစ်ခုမှာ […]

အင်ဘာပါဒေသ တောင်ယာစပါးခင်းများ ကြွက်ဘေးကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့ဘူးလို့ တောင်သူတွေပြော – Kachin News Group (KNG)

ဗန်းမော်ခရိုင် မံစီမြို့နယ်  အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းများ ကြွက်ဘေးဆိုက်သွားတဲ့အတွက် ရိတ်သိမ်းဖို့စပါးမရှိတော့တဲ့အတွက် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကစတင်စိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေရဲ့တောင်ယာစိုက်ခင်းတွေ ဇူလိုင်လစ ကြွက်ဘေးဆိုက်လာတာကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလ စပါးရိတ်သိမ်းမှာ ရိတ်ဖို့စပါးမရှိတော့ဘူးလို့ မိုင်ကုန့်ဒေသခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “စပါးတွေက ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်ဖန်ပြန်ပြီး နလန်ထူ ပြန်ပေါက်တယ်။ အဲဒီလို ပြန်ပေါက်လာတဲ့ စပါး၊ သီးနှံတွေအားလုံးကိုလည်း ကုန်အောင် ကြွက်တွေ ပြန်စားပစ်လိုက်တာ။ အဲဒီလို ဆက်တိုက်ကြွက်တွေစားပေးလိုက်တာကြောင့် အခု  ရိတ်သိမ်းချိန်ကျ စပါးပင် တစ်ပင် နှစ်ပင်လောက်ပဲ ပေါက်နေတာ ရွာသားတွေက ကိုယ့်စပါးဆိုတော့ သနားလို့ ရှိတဲ့အနည်းအကျဉ်းလေးပဲဆိုပေမဲ့ လာကောက်ကြရိတ်သိမ်းကြတာတွေတော့ ရှိနေတယ်”လို့ မိုးမောက်မြို့နယ် မိုင်ကုန့်ဒေသခံတစ်ဦးက ပြောပါတယ်။ ကြွက်ဘေးဆိုက်ကပ်သွားတဲ့ ကျေးရွာတွေဟာ အင်ဘာပါဒေသထဲမှာပါဝင်တဲ့ ဂေါင်ရီ လုံခတ်(Gauri Lunghkat)၊ မိုင်ကုန့် (Maikung)၊ ခက်မှာ ( hkyet ma )၊ ဘွမ်အောင်နန်( Bum Awng Nan)၊ စတဲ့ကျေးရွာတွေအပြင် အနီးတစ်ဝိုက်ကျေးရွာ ၁၀ ဝန်းကျင်ရှိတယ်လို့ […]

ထားဝယ်မြို့တွင် အမျိုးသားလေးဦးဖမ်းဆီးခံရ – Dawei Watch

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အမျိုးသားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နေအိမ်ငါးလုံးထက်မနည်းကိုလည်း ဝင်ရောက်စစ်ဆေးကြောင်း ရပ်ကွက်တွင်နေထိုင်သူများက ပြောသည်။ ကြက်စားပြင်ရပ်ကွက်က အသက် ၃၀ အရွယ် ကိုသူရအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သမက်နှင့် သံပန်းလုပ်ငန်း လုပ် ကိုင်သည့် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ နိုဝင်ဘာလ ၉ရက် ညတွင် ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားဘက်ရှိ နေအိမ်တွင် ကိုသူရအောင်နှင့် မင်းရပ်ကူးတို့အနီး သံပန်းလုပ်ငန်းလုပ်နေသည့် အမျိုးသားတစ်ဦးတို့ စတင်ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေသူများက ပြောဆိုသည်။ ယင်းညတွင်ပင် သံပန်းလုပ်သည့် အမျိုးသား၏ အိမ်နှင့် ၎င်းမိဘ၏ အိမ်တို့ကို စစ်ကောင်စီတပ်သားများ ဝင်ရောက် စစ်ဆေးကာ ဓာတ်ပုံရိုက်သွားခဲ့ပြီး သံပန်းလုပ်ရာတွင်သုံးသည် လေအိုးနှင့် ပစ္စည်းကိရိယာများကို သိမ်းသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည် […]

အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် အမြောက်တပ်ရင်း မြေမြန်တပ်ရင်းများကို သိမ်းပိုက်ထား

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်နေသော အာရက္ခတပ်တော်-AA အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်း၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် စသည်တိို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့အပါအဝင် (၁၀) နေရာကို ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်အနေဖြင့် အာရက္ခဒေသစစ်ဆင်ရေး (၁) […]

အိပ်ပျော်နေတဲ့ ဂျပန်ဝန်ကြီးချုပ်

ဂျပန်၏ ဝန်ကြီးချုပ် ရှီဂီရူအီရှီဘာသည် အောက်လွှတ်တော်အစည်းအဝေးအတွင်း အိပ်ပျော်နေသည့် ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ပြီးနောက် ဝေဖန်ခံနေရကြောင်း Kyodo သတင်းတွင် ဖော်ပြခဲ့သည်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ အီရှီဘာသည် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသည့် လွှတ်တော်တွင်း […] Source link

အမ်းမြို့တွင် စစ်ကောင်စီကဗုံးကြဲရာ ရဲသတင်းပေးသူ၏ဇနီး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရ – BUR.MIZZIMA.COM

ပုံအညွှန်း-စစ်​ကောင်စီဂျက်​လေယာဥ်များ(ဓါတ်ပုံ-AFP)။ ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအ​ရောင်းဆိုင်များကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ရဲသတင်းပေးသူ၏ဇနီး သေဆုံးသွားပြီး အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် အရပ်သား ​လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိ​ကြောင်း သိရသည်။ ယ​နေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး ဒဏ်ရာရ အရပ်သားများကို​ ဆေးရုံသို့ပို့​ဆောင်ထားရပြီး ရဲသတင်းတပ်ဖွဲ့မှ ဦးဇော်ဇော်ထွန်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမမှာ ဦးခေါင်းလက်နက်ကြီး ကျည်စထိမှန်၍ ဆေးရုံသို့ပို့​ဆောင်ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အမ်းမြို့​ဒေသခံတဦးက​ ပြောသည်။ “အမှတ်( ၃ )ရပ်ကွက်က အခုချိန် လူ​နေအထူထပ်ဆုံး​နေရာဖြစ်တယ်။တိုက်ပွဲဖြစ်တာမရှိဘူး။ ဗုံးကြဲလိုက်တဲ့နေရာအနီးအနား လူ​နေအိမ်အစပ်​တွေကို​ မေးကြည့်လိုက်တာ​တွေ ဂျက်ဖိုက်တာ​တွေကြဲပြီးတာနဲ့ အ​ပေါ်​ထောင်တက်သွားတယ်တဲ့။ ထိတဲ့အထဲအဘွားအိုရယ်၊ က​လေးတ​ယောက်လည်းပါတယ်။ အဲ့ဒီ​နေရာကြဲပြီး ရဲတို့ […]