ylliX - Online Advertising Network

အကျယ် ၃ ပေသာရှိသော ကမ္ဘာ့အကျဉ်းမြောင်းဆုံးအိမ်ကလေး ယနေ့ခေတ်တွင် အိမ်တစ်လုံးပိုင်ဆိုင်ရေးမှာ အပြင်းအထန်ကြိုးစားရန် လိုအပ်မည် ဖြစ်သည်။ – iMyanmarHouse.com

အိမ်တစ်လုံးပိုင်ဆိုင်ရန်ခက်ခဲသော ယနေ့ခေတ်တွင် ကျဉ်းမြောင်းလှသောအိမ်တစ်လုံးပင်ဖြစ်စေကာမူ သင့်အနေဖြင့် ပိုင်ဆိုင်လိုစိတ်ရှိမည်သာ ဖြစ်သည်။ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် Keret House ဟုအမည်ပေးထားသော အိမ်တစ်လုံးမှာ အကျဉ်းဆုံးနေရာတွင် ၉၂ စင်တီမီတာ (၃ ဒသမ ၀၂ ပေ) သာရှိပြီး အကျယ်ဆုံးနေရာမှာ ၁၅၂ စင်တီမီတာ (၄ ဒသမ ၉၉ ပေ) သာရှိသည်။ ဗိသုကာပညာရှင် Jakub Szczesny က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အမြဲနေထိုင်ရန် နေအိမ်အဖြစ် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ခရီးသွားများအတွက် ယာယီတည်းခိုရာနေရာအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကျဉ်းမြောင်းလှသောအိမ်လေးတွင် ပထမဆုံး စတင်တည်းခိုနေထိုင်ခဲ့သူမှာ စာရေးဆရာ Etgar Keret ဖြစ်ပြီး ၎င်းကို အစွဲပြုကာ Keret House ဟု အမည်ပေးခဲ့သည်။ Jakub က […]

Solid-state Battery ပါတဲ့ ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ လေယာဉ်ကို စမ်းသပ်ပျံသန်း – MyTech Myanmar

Skip to content တရုတ် ကုမ္ပဏီ EHang ဟာ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ eVTOL တွေကို တီထွင်နေတဲ့ ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီဟာ Solid-state Battery ပါတဲ့ ခရီးသည်တင် eVTOL ကို ကမ္ဘာ့ ပထမဆုံး အနေနဲ့ စမ်းသပ်မောင်းနှင်ကာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီ Battery ကို Shenzhen Inx Energy Technology နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး 480 Wh/kg စွမ်းအင် သိပ်သည်းဆရှိကာ အလွန်ပြင်းထန်တဲ့ အပူချိန်တွေမှာ အလုပ်လုပ်ပါတယ်။ […]

နံရံကို ဖောက်ထွင်းမြင်နိုင်တဲ့ စက်ရုပ်မျက်လုံးကို သုတေသနပညာရှင်တွေ တီထွင် – MyTech Myanmar

Skip to content ပင်ဆယ်ဗေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက PanoRadar လို့ခေါ်တဲ့ စက်ရုပ်မျက်လုံး နည်းပညာကို တီထွင်လိုက်ပါတယ်။ ဒီနည်းပညာက ရေဒီယိုလှိုင်းတွေကို အသုံးပြုကာ 3D ပုံရိပ်တွေ ဖန်တီးပေးပြီး စက်ရုပ်တွေဟာ မီးခိုး၊ ဖန်နဲ့ နံရံတွေလို အတားအဆီးတွေကို ဖောက်ထွင်းကာ မြင်နိုင်ပါတယ်။ AI ကို အသုံးပြုထားတဲ့ ဒီနည်းပညာဟာ ထူထပ်တဲ့ မြူနဲ့ မီးခိုးတွေလို စိန်ခေါ်မှုများတဲ့ ပတ်ဝန်းကျင်မှာ ကောင်းစွာ အလုပ်မလုပ်တဲ့ ကင်မရာနဲ့ LiDAR လို သမားရိုးကျ ရေဒါနဲ့ အလင်း အခြေပြု ဆန်ဆာတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ပါတယ်။ PanoRadar ဟာ ရေဒီယိုလှိုင်းတွေကို ထုတ်လွှင့်ပြီး ပြန်ထွက်လာတဲ့ လှိုင်းတွေကို အသုံးပြုကာ 3D ပုံရိပ်တွေကို […]

ကန့်ဘလူတွင် ခရီးသည်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင် – Myanmar Now

ယနေ့(နိုဝင်ဘာ ၁၈)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီကျင်းရွာအနီး ခရီးသည်တင်ယာဉ်တန်း  ဒရုန်းဖြင့်‌ဗုံးကြဲချတိုက်ခိုက်ခံရသဖြင့်  ခရီးသည်လေးဦးထက်မနည်း သေဆုံး၊ ရှစ်ဦးခန့်ဒဏ်ရာရခဲ့သည်၊ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်နိုင်သည်ဟု ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကန့်ဘလူတောင်ပိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ် တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင်သလို ဒဏ်ရာရသူများအနက် နှစ်ဦးမှာစိုးရိမ်ရကြောင်း၊ ခရီးသည်တင်ယာဉ်နှစ်စီး  ထိမှန်ခဲ့ပြီး ငွေတိုးမန်းယာဉ်လိုင်းမှ မော်တော်ယာဉ် ဆိုးဆိုးရွားရွား ပျက်စီးသည်အထိ တိုက်ခိုက်နမှု ပြင်းထန်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းအရင်းအမြစ်က ဆိုသည်။  ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာလမ်းဖြစ်သည့် ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းသည် ဆက်သွယ်ရေးအရ အချက်အချာကျပြီး ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ထိုလမ်းပိုင်း အချို့နေရာများတွင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။ ထိုတိုက်ခိုက်မှုသည် ကျီကျင်းရွာ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ဇီးကုန်းမြို့ […]

တတိယကမ္ဘာစစ်ကို ဒေါ်နယ်ထရန့် တားဆီးမည် – Myanmar Transparency News

၁၈.၁၁.၂၀၂၄Translated by Htwe Ko Tun ရုရှားနိုင်ငံအတွင်းပိုင်းအထိပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေပစ်လွှတ်တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်သမ္မတဘိုင်ဒန်က ခွင့်ပြုလိုက်တယ်လို့ သတင်းတွေအတည်ပြုထွက်ပေါ်လာအပြီးမှာ ကမ္ဘာကစိုးရိမ်နေရတဲ့တတိယကမ္ဘာစစ်ဖြစ်ပွားလာတော့မလား ထင်နေကြပေမဲ့ ရွေးကောက်ခံသမ္မတထရန့်ကတော့ တတိယကမ္ဘာစစ်ကိုတားဆီးသွားမယ်လို့ X (Twitter)ကတစ်ဆင့် ထုတ်ပြန်ပြောကြားလာပါတယ်။ မကြာခင်တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် ဘိုင်ဒန်က တတိယကမ္ဘာစစ် မီးမွှေးမှုအဖြစ် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေပစ်လွှတ်ခွင့်ပြုရင် ရုရှားကလည်း နျူကလီးယားလက်နက်တွေ သုံးစွဲမယ်လို့ သတိပေးထားချိန်မှာ ဘိုင်ဒန်ရဲ့ လုပ်ရပ်ဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ အစပြုလိုက်တာဖြစ်ပြီး ဘိုင်ဒန့်လက်ထက်ကာလဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ အနီးစပ်ဆုံးလည်းဖြစ်နေတယ်လို့ ထရန့်ကပြောပါတယ်။ “ကျွန်တော်တို့ ဒီနေ့ ဂျိုးဘိုင်ဒန်လက်ထက်မှာထက် တတိယကမ္ဘာစစ်ဖြစ်နိုင်တဲ့ အခြေအနေမျိုးနဲ့ နီးကပ်မှု မဖြစ်ခဲ့ရဘူး။ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေအကြား ကမ္ဘာ့ပဋိပက္ခကြီးဖြစ်လာခဲ့ပြီဆိုရင် လူသားတွေသမိုင်းမှာ မကြုံဖူးတဲ့ သေကြေမှုတွေ၊ ပျက်စီးမှုတွေ ဖြစ်ရမှာပဲ။ အဲဒါက သက်ရှိမှန်သမျှ အားလုံးသေကြေပျက်စီးရတဲ့ […]

Emilia Pérez (2024) – Channel Myanmar

  အားလုံး စောင့်မျှော်နေကြတဲ့ Emilia Perez ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Musical Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ နာမည်ကျော် Cannes Film Fesitval နဲ့ Europe Film Award ပွဲတွေမှာ ဆုတွေ Nomination တွေ တစ်သီကြီး ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ နောက်ပြီးတော့ နာမည်ကြီး ဂါမိုရာမင်းသမီး Zoe SaldaĂąa အပြင် Selena Gomez နဲ့ Karla SofĂ­a GascĂłn တို့ ပါဝင်သရုပ်ဆောင် ထားလို့ ဇာတ်လမ်းကို ကြည့်မှပဲ သေချာခံစားလို့ရအောင် အရမ်း မပြောတော့ဘူးနော်။ ဇာတ်လမ်းအကျဉ်း++++++++++ မက္ကဆီကိုက မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ ငယ်စဉ်ကတည်းက မျိုသိပ်ထားတဲ့ဆန္ဒကို ရှေ့နေမတစ်ယောက်ရဲ့ အကူအညီနဲ့ […]

Dasavatharam (2008) – Channel Myanmar

Dasavatharam (2008)“ဇီဝလက်နက်” IMDb 7.3 နာမည်ကျော်မင်းသား ကာမယ်ဟာဆန် ပါဝင်ထားတဲ့တမီးလ်ဇာတ်ကားအဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေချီးကျူးခဲ့တဲ့ သိပ္ပံရုပ်ရှင်ဖြစ်ပြီးတမီးလ်ရုပ်ရှင်ထဲမှာ ရုံဝင်ငွေရူပီး ၂၀၀ ကုဋေရရှိခဲ့တဲ့ပထမဆုံးတမီးလ်ရုပ်ရှင်ဆိုလည်း မမှားပါဘူး ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဒေါက်တာဂိုဗင်ကUS မှာရှိတဲ့သုတေသနအဖွဲ့အစည်းလက်အောက်ကဇီဝသိပ္ပံပညာရှင်တစ်ယောက် တစ်နေ့ သူတို့ရဲ့စမ်းသပ်ခံမျောက်လေးက သူတို့စမ်းသပ်ထားတဲ့ဆေးပုလင်းကို သောက်လိုက်မိပြီး အားလုံးရှေ့မှာတင်ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရတယ် ဒီရလဒ်ကြောင့် သူ့အထက်လူက အကြမ်းဖက်တွေကိုဇီဝလက်နက်အဖြစ်ရောင်းချဖို့ ကြံရွယ်လာတဲ့အခါဒေါက်တာဂိုဗင်တစ်ယောက် မဖြစ်မနေတားဆီးဖို့ ဖြစ်လာပါတော့တယ် ဘယ်လိုစွန့်စားခန်းတွေနဲ့ ဘယ်လိုသီအိုရီတွေနဲ့ရိုက်ကူးတင်ဆက်ထားလဲဆိုတာ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 4.8 GB / 2.6 GBQuality…WEB DL 1080p HEVC/ 720pFormat…mkv/ mp4Duration….3h 8mSubtitle….Myanmar […]

About Cannabis and Cancer (2019) – Channel Myanmar

ဒီ Documentary လေးကတော့ ကင်ဆာကို ဆေးခြောက်နဲ့ကုမယ်ဆိုတဲ့ နည်းကိုဆေးပညာရှုထောင့်ကနေပြောသွားတာဖြစ်ပါတယ်။ ဆေးခြောက်ဆိုတာ မကောင်းတဲ့အရာလို့တော်တော်များများက မှတ်ယူထားကြတာကို သိမယ်ထင်ပါတယ်။ တကယ်လည်း မကောင်းသလိုသုံးရင်တော့ မကောင်းပါဘူး။ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားလည်းရှိပါတယ်။ ဒါပေမယ့် ဆေးပညာရှုထောင့်ကနေကြည့်လိုက်ရင် မော်ဖင်းနဲ့ ဆေးခြောက်ကဲ့သလို့ မူးယစ်ဆေးဝါးတွေက ကမ္ဘာဦးအစ စစ်ပွဲတွေကစလို့ ဆေးပညာနယ်ပယ်မှာအသုံးပြုနေတာဖြစ်ပါတယ်။ ဒီ Documentary မှာတော့ ကင်ဆာရောဂါကို ဆေးခြောက်သုံးပြီး ဘယ်လိုများ ကုသသွားမလဲ၊ အရှင်းကြီးပျောက်တာမျိုးမဟုတ်ရင်တောင်မှ သက်သာအောင်ဘယ်လိုများလုပ်နိုင်မလဲဆိုတာကို အကျယ်တဝင့် ရှင်းပြသွားမှာဖြစ်ပါတယ်။     File Size : 1.6 GB, 1.1 GBQuality : WEB-DL 1080p / 720pRunning Time : 1hr 18minFormat : […]

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းထိုးလာ၍ PDF နှင့် တိုက်ပွဲ ပြင်းထန်နေ  – Myanmar Now

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး တော်လှန်ရေးအင်အားစုလှုပ်ရှားသည့် ကျေးရွာများကို နိုဝင်ဘာ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် သီတင်းတစ်ပတ်ကြာ တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံ ခရိုင်တပ်ရင်းများက မြင်းခြံမြို့ကို မြို့အရှေ့တောင်ဘက် ကူရွာ၊ ကွမ်းစိုက်၊ ချေဆေး စသောကျေးရွာများအနီးမှ ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ရေးဗျူဟာကျသည့် မြင်းခြံ-တောင်သာ-မလှိုင်-မိတ္ထီလာလမ်းကို ကြားဖြတ်ပိတ်ဆို့ထားခဲ့သည်။ လက်နက်ကိုင် အင်အားရာဂဏန်းရှိသည့် ထိုစစ်ကြောင်းတွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ်  ပျူစောထီးအဖွဲ့များ ပါဝင်သည်ဟု သိရသည်။  သီတင်းပတ်တစ်ခုကြာပြီဖြစ်သည့် အဆိုပါတိုက်ပွဲများအတွင်း နိုဝင်ဘာ ၁၄ ရက်မှအပ  တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊  ယနေ့ (နိုဝင်ဘာ ၁၈) တွင် စစ်ကောင်စီတပ်က ချေဆေးကျေးရွာအနီး တပ်စွဲနေသလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း မြင်းခြံခရိုင် PDF […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=OH_XgOX4mEo #Daily_NewsPublished 18 November 2024 ၁။ သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲတွင် အသက်(၁၀၀) ကျော်စာရေးဆရာကြီး(၂)ဦးပါပူဇော်ကန်တော့မည် ၂။ မော်တော်ယာဉ်အားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ထပ်မံအသိပေး ၃။ အခုအပတ်စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းအနည်းငယ်တက်လာ ၄။ ပီရူးနိုင်ငံမှ ချန်ကိုင်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနား တရုတ်နှင့်ပီရူးသမ္မတတို့တက်ရောက်ဖွင့်လှစ် … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link