နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ ဒရုန်းဖြင့်ကင်းထောက်ပြီး တွင်းငယ် ရွာအနီးရှိ TNLA / PLA အကြမ်းဖက်သမားများ ခိုအောင်းနေသောနေရာအား ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ – (၁) အကြမ်းဖက် အလောင်း ၁ လောင်း(၂) AK-47 သေနတ် ၁ လက်(၃) ကျည်အိမ် ၄ ခု၊ ကျည် ၂၂ တောင့်(၄) တိုက်မိုင်း ၃ လုံး၊ မိုင်းခလုတ် ၇ ခု(၅) ယူနီဖောင်း၂ စုံ၊ ပုခက် ၂ လုံး(၆) ကျောပိုးအိပ် ၂ လုံး(၇) ပစ်ကျင်း ၁၀ ကျင်း၊ […]
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာ မြေစာပုံပြိုကျခဲ့တဲ့နေရာကို ၅ ရက်ကြာတဲ့အထိ ဝင်ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ မှော်စီစာရွာမှာရှိတဲ့ တင်အောင်ကြိုင် လုပ်ကွက်ဟောင်းမြေနေရာပြိုကျခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ မြေပြိုကျတဲ့အဲ့ဒီကုမ္ပဏီလုပ်ကွက်ဟောင်းထဲကို ဘယ်သူ့ကိုမှဝင်ခွင့်မပေးတဲ့အတွက် သေဆုံးမှုစာရင်း မသိရဘူးလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လက်ရှိအနေ အထားက မြေပြိုတဲ့နေရာကို ဘယ်သူမှဝင်လို့မရဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဝင်လို့မရဘူး ဖြစ်နေတယ်။ အဓိကပြောချင်တာက မြေပြိုတဲ့နေရာကိုဘယ်သူမှသတင်းယူပိုင်ခွင့်မရှိသလို ဘယ်လောက်သေဆုံးတယ်ဆိုတာလည်းမသိရဘူး။”လို့ပြောပါတယ်။ လက်ရှိ မြေပြိုကျမှုဖြစ်ပွားခဲ့တာဟာ မှောစီစာကျေးရွာထဲက (ဒေသအခေါ် ) တင်အောင်ကြိုင်လုပ်ကွက်ဟောင်းနေရာဖြစ်ပြီး မြေစာကားနှစ်စီးမြေစာသွန်ချရာကနေ မြေစာပြတ်ကျပြီးရေကန်ထဲလျောကျကုန်တာ လို့ ဒေသခံတွေကဆိုပါတယ်။ အဆိုပါ မြေစာပြတ်ကျရာမှာ ပျောက်ဆုံးနေတဲ့ မြေစာကားမောင်းသူ၊ မြေစာကားနောက်လိုက်သူတွေ အပါအဝင် ရေမဆေးသမားများပျောက်ဆုံးနေပြီး အခင်းဖြစ်နေရာကို မည်သည့်အဖွဲ့ကမ ဝင်ခွင့်ပိတ်ဆို့ထား တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “တာဝန်ရှိတဲ့သူလား၊ ကုမ္ပဏီကအဖွဲ့ဝင်တွေလားတော့မသိရဘူး။ ကန့်သတ်ချက်ပဲမဟုတ်ဘူး။ အမှောင်ချ တာ။ ကုမ္ပဏီအနေနဲ့လည်းဒီသတင်းကိုမပေါက်ကြားစေချင်တဲ့သဘောပေါ့။ တာဝန်ရှိတဲ့သူတွေ ကလည်း ဒီသတင်းကိုအပြင်မထွက်စေချင်တဲ့သဘောပေါ့။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်းစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့သလို အဲ့ဒီဗျူဟာကုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာလည်း စစ်ရေးလှုပ်ရှားတာတွေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး The post မြေစာပုံပြိုကျတဲ့နေရာ ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ appeared first on Kachin News Group (KNG). Source link
စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့ တွင် လူစုလူဝေးများသည့် ကျောက်မျက်ပြပွဲများမလုပ်ရန်၊ ဆက်သွယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က တားမြစ်ထားသည်။ TNLA သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်ညတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပြီးနောက် တားမြစ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြည်သူ့အသက်နှင့် အိုးအိမ်များလုံခြုံရေးအတွက် မိုးကုတ်မြို့တွင်း အသုံးပြုနေသည့် CDMA ဖုန်းလိုင်း ဆက်သွယ်ရေးဝန်မှုလုပ်ငန်းများ၊ Star link အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရမည်ဟု TNLA၏ မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။ ပတ္တမြားအပါဝင် မိုးကုတ်မြို့မှထွက်ရှိသည့် ကျောက်မျက်ရတနာကို ခင်းကျင်းပြသ ရောင်းလေ့ရှိသည့် ဆိုင်နှင့် နေရာများသည်လည်း လူစုလူဝေးဖြစ်ပေါ်စေသဖြင့် ပိတ်ထားရန်တားမြစ်ထားသည်။ ထိုတားမြစ်စာကို မိုးကုတ်မြို့အတွင်း ထင်ရှားသည့်နေရာများတွင် လိုက်ကပ်ကာ […]
သျှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမြို့ပြင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းလွဲပိုင်းက တော်လှန်ရေးတပ် ဝင်ရောက်တိုက်ခိုက်ရာ မူးယစ်ရဲ ၆ ဦးနှင့် ရိုးရိုးရဲ ၁ ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ- အောင်ပန်းမှ ရွှေညောင်-တောင်ကြီးသို့ သွားရာလမ်းရှိ ရွာငံ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ရဲကင်း တိုက်ခိုက်ခံရသဖြင့် တောင်ကြီး တန်ဆောင်တိုင်ပွဲသွားသည့် ရာနှင့်ချီသည့် ကားများ ပိတ်မိခဲ့ကြောင်း ကားသမား တစ်ဦးက ပြောသည်။ “ရွာငံမြို့ပြင် ဂိတ်မှာ ဖြစ်တော့ ကားတွေ ပိတ်နေတာ။ ကျနော်ကတော့ ကွင်းလမ်းက သွားလိုက်တယ်။ ပေါက်ကွဲသံတွေလည်း ကြားတယ်” ဟု ယမန်နေ့က အခြေအနေကို ကားသမား တစ်ဉီးက […]
ပုံအညွှန်း- နောင်ချိုမြို့ ဗုံးကြဲခံရမှုအပြီးမြင်ကွင်း (ဓာတ်ပုံ-ပေးပို့) လွှမ်းမိုး (မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတဦးသေဆုံးကာ နေအိမ်လေးလုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးနှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နောင်ချိုမြို့ စျေးရပ်ကွက် နှင့် CB Bank နောက်ကျော တဝိုက်ကို ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြတ်စေတနာဆေးရုံလည်း မီးကူးလောင်ခဲ့ကြောင်း နောင်ချိုမြို့ခံတဦးက ယခုလိုပြောသည်။ “ဗုံးက ပေါက်ကွဲအားပြင်းပြီး နေအိမ်တွေ မီးစွဲလောင်တာတွေ ရှိတယ်။ မြတ်စေတနာ ဆေးရုံလည်း မီးကူးပြီးလောင်ခဲ့တယ်။ ဒဏ်ရာရရှိသူတော့ များနိုင်တယ်” ဟု နောင်ချိုမြို့ခံက […]
သတင်းမှားတွေ လုပ်ကြံသတင်းတွေက ဆိုရှယ်မီဒီယာမှာ မြန်မြန်ဆန်ဆန်ပဲ ပြန့်နှံ့တတ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ကြီးတဲ့ သတင်းမှားနဲ့ လုပ်ကြံသတင်းအကြောင်းအရာတွေကို ကိုယ်ပါဝင် မျှဝေသူမဖြစ်စေဖို့ Like and Share တွေ မလုပ်ခင်တိုင်းမှာ သေချာ သတိထား စဥ်းစားပါ။ Source link
ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၄ရက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိက ဗျူဟာကုန်းကြီးများနှင့် စစ်ကောင်စီ၏ နပခ ပတ်လည်ရှိ တပ်ရင်း၊ တပ်စခန်းရှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ AA သည် အမ်းရှိ နပခဌာနချုပ်၏ ကာကင်းနှင့် စခန်းအချို့ကို သိမ်းယူထားပြီး လက်ကျန် ကျန်ရှိနေသော တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ ကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၃ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။ “အမ်းတိုက်ပွဲတွေက မြို့တွင်းထိရောက်လာပြီ။ နပခက ဘက်ပေါင်းစုံကနေ ပိတ်ဆို့တိုက်ခံနေရတဲ့ သဘောပါ” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနှင့် ကာကင်းစခန်းများအပြင် ခမရ (၃၇၃)-အမှတ် […]
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းပေါ်ရှိ စားသောက်ဆိုင်တွင် ရှမ်းနီအမျိုးသားများ ကာကွယ်ရေးတပ်(SNA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူ ၁၀ ဦးရှိသည်ဟု သိရသည်။ ထန်းတစ်ပင်ရွာရှိ ကြည်နူးရိပ် စားသောက်ဆိုင် ပစ်ခတ်မှုတွင် SNA တပ်ဖွဲ့ဝင် ၆ ဦး၊ လုပ်ငန်းရှင်အမျိုးသားတစ်ဦး၊ ဆိုင်မန်နေဂျာ၊ နယ်ထိန်းရဲ တစ်ဦး၊ KPDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု ဒေသခံအမျိုးသားက ပြောသည်။ “ရှမ်းနီးတွေ၊ ရဲနဲ့ လုပ်ငန်းရှင်တွေနေတဲ့ KTV ကို ဝင်ပစ်တာ၊ ဝင်ပစ်တဲ့အခါမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ။ ပစ်ကြတာမှာ အဲဒီ SNA နဲ့ ရဲတွေနဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်းက ၉ ယောက် သေတယ်၊ […]
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ ရက်မြောက်သည့် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်သည့် အပြင် လေယာဉ်များဖြင့် စစ်ကူများ ပို့ခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဟတ်ယာဉ်များဖြင့် ပုလဲမြို့ပေါ်သို့ စစ်ကောင်စီက အင်အား ၈၀ နီးပါး ဖြည့်တင်းခဲ့သည်ဟု ယူဆရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။ “မနက် ၁၁ နာရီလောက်က ၄ ခေါက် ချသွားတယ်။ အင်အား ၈၀ လောက်ရှိမယ်။ တစ်စီးကို အများဆုံး ဆန့်တာက ၂၅ ယောက်ဆိုတော့ လက်နက်ခဲယမ်းတင်လိုက်ရင်တော့ အပြည့်တင်လို့မရဘူးပေါ့။ အဲ့ဒီ တော့ ၂၂၊ […]
တိုက်ပွဲမရှိသည့် ငါန်းဇွန်ကျေးလက်ဒေသကို လေတပ်က ၆ ကြိမ် တိုက်ခိုက်ရာ ၆ နှစ်သမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသည်၊ လုပ်ငန်းသုံး ကျွဲနွားများလည်း သေဆုံးခဲ့သည်ဟု သိရသည်။ Source link