ylliX - Online Advertising Network
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၈/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၈/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)








(အမ်း)
  နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းမှ နေ့လည် ၃ နာရီခန့်က ၃၇၁ တပ် မြောက်ဘက်တောက်ကုန်းတွင် ရောက်ရှိနေသည့်  AA သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ နေ့လည် ၁၂ နာရီခန့်က အမ်းမြို့အနောက်တောင်ဘက် မီတာ (၅၂၀၀)ခန့်အကွာရှိ ဆက်သွယ်ရေးတပ် လုံခြုံရေး ကင်းနေရာအား အဝေးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် တပ်မတော်သားများမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ (၅)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ တပ်မတော်စစ်ကူစစ်ကြောင်းများမှ နယ်မြေခံထောက်ပို့တပ်အနောက်ဘက် ကာကင်းနေရာအတွင်း  ရောက်ရှိနေသည့် သောင်းကျန်းသူများအား  Drone ပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ၍ တိုက်ခိုက်ရှင်းလင်းခဲ့ရာ  ၁၂ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်တိုက်ပွဲ (၁၀)မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ ထပ်မံရောက်ရှိခဲ့သည့် စစ်ကူစစ်ကြောင်းမှ အဆိုပါနေရာများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲ (၁၅)မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ပြီကြောင်း၊ ညနေ ၄ နာရီ အချိန်ခန့်က ၃၇၂ ဂိတ်(၁)နေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် (၁)နာရီခွဲခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၅ နာရီခွဲအချိန်တွင် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က ဆောက်လုပ်ရေးတပ်ခွဲကာကင်းနေရာအား  သောင်းကျန်းသူများမှ အဝေးမှလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် တပ်မတော်သားများမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ (၁၀)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ အမြောက်တပ်နှင့် စနခ(၃၄၅)အနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအနေဖြင့် သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ ညနေ ၆ နာရီခန့်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ မိနစ်(၃၀)ခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကာ လက်ရှိအချိန်၌ အမြောက်တပ်နှင့် စနခ(၃၄၅)အရှေ့ဘက်ရှိ စိုးမိုးကုန်းနေရာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် AA သောင်းကျန်းသူများရောက်ရှိနေထိုင်နေသည့် တစ်မိုင်ကုန်းစခန်းအား လေယာဉ် (၂)စင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
  ယနေ့ညနေ့ပိုင်း ၆ နာရီအချိန့်ခန့်က စကခ(၅) မြောက်ဘက် ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူအဖွဲ့များ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

(မောင်တော)
  ယနေ့နံနက်ပိုင် ၁၁ နာရီအချိန်ခန့်က နခခ(၅)ရှိ ဘန်ကာ(၄)ခုအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်အပစ်ရပ်ကာ အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။




Source link

Leave a Reply

Your email address will not be published. Required fields are marked *