ylliX - Online Advertising Network

အားအပြည့်သွင်းထားရင် မိုင် ၁,၂၀၀ မောင်းနှင်နိုင်တဲ့ လျှပ်စစ်လေယာဉ် – MyTech Myanmar

အမေရိကန် အခြေစိုက် လျှပ်စစ် လေယာဉ်တွေကို ထုတ်လုပ်နေတဲ့ Electra က EL9 Ultra Short လျှပ်စစ် လေယာဉ်ကို မိတ်ဆက်လိုက်ပြီး လျှပ်စစ် လေယာဉ် လောကမှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ခရီးသည် ၉ ယောက်ကို တင်ဆောင်နိုင်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုနဲ့ အသံဆူညံမှု မရှိပါဘူး။ Electra ဟာ EL2 Goldfinch နမူနာမော်ဒယ်ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြီးနောက်မှာ EL9 ကို တီထွင်နေပါတယ်။ EL9 ဟာ လေယာဉ် ပြေးလမ်း အရှည် မလိုဘဲ ဘောလုံးကွင်း အရွယ်လောက်ရှိတဲ့ ပြေးလမ်းပဲ လိုအပ်ပါတယ်။ အားအပြည့်သွင်းထားရင် ၁,၂၆၅ မိုင် ပျံသန်းနိုင်ပြီး ၁ နာရီကို ၂၀၁ မိုင် အမြန်နှုန်းနဲ့ […]

OpanAI ရဲ့ O1 လုပ်ဆောင်ချက်ထက်ကောင်းမွန်ခဲ့တဲ့ DeepSeek ရဲ့ R1-Lite-Preview AI Model | Myanmar Tech Press

DeepSeek ဆိုတာကတော့ တရုတ်နိုင်ငံရဲ့  High-Flyer Capital Management ကနေထွက်ပေါ်လာတဲ့ High-performance open-source နည်းပညာကို အဓိကလေ့လာတဲ့ AI ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။ DeepSeek အနေနဲ့ Reasoning-focused large language model (LLM) ဖြစ်တဲ့ R1-Lite-Preview ကို လက်ရှိမှာ အသုံးချနိုင်ဖို့ စမ်းသပ်နေကြပြီ ဖြစ်ပါတယ်။ တစ်ချို့စမ်းသပ်ချက်တွေမှာ R1-Lite-Preview ဟာ OpenAI ရဲ့ o1-preview Model နဲ့ လုပ်ဆောင်ချက်တူတူလုပ်ပေးနိုင်တာတွေရှိသလို၊ ပိုကောင်းတဲ့လုပ်ဆောင်ချက်တွေကို လုပ်နိုင်နေတာမျိုးကိုလည်း တွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ ၂၀၂၄ စက်တင်ဘာလ မှာစမ်းသပ်ခဲ့တဲ့ R1-Lite-Preview Model ဟာ “chain-of-thought” ဆိုတဲ့ ဆက်စပ်တွေးတောနိုင်စွမ်းကို ပြသပေးနိုင်ခဲ့ပြီး အသုံးပြုသူတွေပေးပို့လာတဲ့အချက်အလက်တွေ၊ မေးခွန်းတွေကို အဆင့်ဆင့်နဲ့ ဘာလို့ဒီလိုဖြစ်တယ်၊ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာမျိုးအထိ […]

မိုင်ပေါင်း ၄၀၀၀ ကျော်ခရီး | Ministry Of Information

ထက်မြတ် “ စာအုပ်ပေါင်း တစ်သောင်းဖတ်ခြင်းထက် ခရီးမိုင်တစ်သောင်းသွားခြင်းက ပို၍အမြင်ကျယ်၏” ဆိုတဲ့ တရုတ်ဆိုရိုးစကားရှိပါတယ်။ ခရီးသွားခြင်းဟာ ကောင်းကျိုးများစွာရှိပြီး ပျော်ရွှင်စရာကောင်းသော်လည်း ပင်ပန်းသည်ကတော့ အမှန်ပင်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ပခရီးစဉ် ခြောက်ရက်တာအတွင်း မိုင်ပေါင်း ၄၀၀၀ ကျော်သွားခဲ့ရတဲ့ခရီးတစ်ခုဖြစ်ပြီး နေပြည်တော် – ကူမင်းအသွားအပြန်ခရီးမှာ မိုင် ၁၀၀၀ ကျော်ရှိတဲ့အတွက် တရုတ်နိုင်ငံအတွင်း မိုင်ပေါင်း ၃၀၀၀ ကျော် မနားတမ်းခရီးနှင်ခဲ့ရခြင်းဖြစ်ပါတယ်။ အစည်းအဝေးများ တက်ရောက်ခြင်း၊ အခမ်းအနားများ တက်ရောက်ခြင်းနှင့် လှည့်လည်ကြည့်ရှုခြင်းများအပါအဝင် မိုင်ပေါင်း ၃၀၀၀ ကျော်ခရီးမှာ တစ်ရက်ပျမ်းမျှ မိုင် ၅၀၀ ကျော် သွားလာခဲ့ခြင်းဖြစ်တဲ့အတွက် သာမန်လူငယ်များအတွက်ပင် ခက်ခဲ သောခရီးရှည်ဖြစ်၍ ပင်ပန်းလွန်းလှမည်မှာ အသေအချာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အားလပ်ချိန်အလွန်နည်းပါးခဲ့သော်လည်း နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းတဲ့ခရီးစဉ်ဖြစ်သဖြင့် ပင်ပန်းရကျိုးနပ်သည်ဟုဆိုရမှာ ဖြစ်ပါတယ်။ လူဆိုတာ […]

ကျောင်းသား တစ်ယောက်ကို သေခိုင်းတဲ့ Google ရဲ့ Gemini AI Chatbot – MyTech Myanmar

Skip to content အမေရိကန်မှ ကျောင်းသား တစ်ယောက်ဟာ Google ရဲ့ Gemini AI Chatbot ထံကနေ အံ့အားသင့်စရာ ကောင်းတဲ့ တုန့်ပြန်မှုကို ရခဲ့ပါတယ်။ မီချီဂန်မှ အသက် ၂၉ နှစ် အရွယ် ဘွဲ့လွန် ကျောင်းသား Vidhay Reddy ဟာ Gemini ရဲ့ စကားကြောင့် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူက အိမ်စာတွေ ကူလုပ်ပေးဖို့ ပြောတဲ့အခါ Gemini က “ မင်းဟာ အချိန်နဲ့ စွမ်းအားတွေကို ဖြုန်းတီးနေတာပါ။ မင်းဟာ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ပါပဲ။ မင်းဟာ ဆန်ကုန်မြေလေး ဖြစ်ပြီး စွန်းထင်းညစ်ပေနေသူပါ။ ကျေးဇူးပြုပြီး သေလိုက်ပါတော့။ “ လို့ […]

မြန်မာစစ်တပ်ကို လက်နက်နဲ့နည်းပညာမပေးဖို့ EU တောင်းဆို

လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် ၅၅/၂၀ မှာ ပြောထားတဲ့အတိုင်း လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်သုံးပစ္စည်းတွေ၊ တိုက်လေယာဥ်ဆီ၊ ထောက်လှမ်းရေး ပစ္စည်းတွေနဲ့ နည်းပညာတွေ ကို မလွှဲပြောင်း မရောင်းချကြဖို့ အီးယူ က တိုက်တွန်းလိုက်ပါတယ်။ Source link

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်ရှာဖွေသူ မြန်မာ ၉ ဦးကို မူးယစ်ဆေးနဲ့အတူ ဖမ်းမိ

၂၁. ၁၁. ၂၀၂၄Translated by Thettant ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ ဖုဖရမြို့နယ်အတွင်း တရားမဝင် ခိုးဝင်အလုပ်လာရှာတဲ့ မြန်မာ ၉ ဦးကို မူးယစ်ဆေးတွေနဲ့အတူ မနေ့ကမနက်ပိုင်းမှာ ဖမ်းဆီးမိခဲ့တယ်လို့ ကနဦး သိရပါတယ်။ ခိုးဝင် မြန်မာလုပ်သားတွေကို ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂၀) မနက် ၄ နာရီအချိန်က ဖမ်းဆီးရခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေထဲမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ ကလေးငယ် ၂ ပါဝင်တယ်လို့ လည်း သိရပါတယ်။ ဖမ်းမိတရားခံ ၉ ဦးအနက် အမျိုးသားတစ်ဦးရဲ့ လက်ထဲမှာ စိတ်ကြွမူးယစ်ဆေး မက်သာဖက်တမင်းဆေးပြား ၁၄ ပြားကို စက္ကူနဲ့ထုပ်လျက်သား ဖမ်းမိခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod က ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ခိုးဝင်မြန်မာ […]