ylliX - Online Advertising Network

သီအိုဇော် – တရုတ်ကျင့် တရုတ်ကြံ

(မိုးမခ) နိုဝင်ဘာ ၂၂ ၊ ၂၀၂၄ အင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံမှာ အဓိကဇာတ်ဆောင်နေရာကို တဖြည်းဖြည်း ရောက်ရှိလာတယ်။ နှစ်သက် သဘောကျစရာ ဇာတ်ရုပ်နဲ့  ရွံရှာစက်ဆုပ်စရာ ဗီလိန်ဇာတ်ရုပ် တခုခုကို ရွေးချယ်ဖို့ အခွင့်အလမ်းလည်း သူ့မှာ ရှိပါတယ်။ စစ်အေးတိုက်ပွဲ ခေတ်ကာလတုန်းကလောက် သူတို့ ကိုင်စွဲထားတဲ့ အယူဝါဒဟာ မျက်မှောက်ကာလမှာ လူကြိုက် မများတော့သော်လည်း၊ ရရှိလာတဲ့ နိုင်ငံအနေအထားနဲ့ စျေးကွက်မြှင့်တင်ရေး ပြန်လုပ်နိုင်တဲ့ အနေအထားတဝိုက်ကို ပြန်ရောက်နေပြီလားလို့ တွေးဆနိုင်ပါတယ်။ ဒါပေမဲ့ စမတ်ဖြစ်တဲ့ အရောင်းသမားကောင်း ဖြစ်ဖို့တော့ လိုတယ်။ လွတ်လပ်တဲ့ တွေးခေါ်မှု အားကောင်းလာတဲ့ နွေဦးတော်လှန်ရေးဟာ ဘယ်အယူဝါဒ အမှတ်တံဆိပ်ကိုမှ တဖက်သတ်အမြင်နဲ့ ထိုးမချခဲ့ဘူး။ လုပ်ရပ်ကို ကြည့်ပြီးပဲ ဆုံးဖြတ်ပါတယ်။ တရုတ်နိုင်ငံ ကျင့်သုံးနေတဲ့ ဖီလော်ဆော်ဖီတွေအပေါ် […]

သီအိုဇော် – အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း တစေ့တစောင်း

သမ္မတဂျိုကိုဝီဒိုဒို အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Great Indonesia Movement Party (Gerindra) ပါတီခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)ဟာ ကမ္ဘာမှာ အစ္စ လာမ် ဘာသာဝင်ဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှစ်ကြိမ်မြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ အဲဒီ နောက် ယခင်အစိုးရအဖွဲ့ထက် ပါဝင်သူ (၃)ဆကျော်ခန့်ရှိတဲ့ အဖွဲ့ဝင်အဆင့်ဆင့်ပေါင်း ၁၀၉ဦးပါ အင်ဒိုနီးရှားနိုင်ငံ သ မိုင်းရဲ့ အကြီးမားဆုံး အစိုးရအဖွဲ့လည်း ထွက်ပေါ်လာပါတယ်။ ‘ပရာဘိုဝို’ဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ အာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း၊ အထူးတပ်ဖွဲ့ (Kopassus)ကို ခေါင်းဆောင်ခဲ့သူ၊ သန်းကြွယ်သူဌေးတဦးဖြစ်ပြီး ဆူဟာတိုလက်ထက်က သူ့ရဲ့ ပတ်သက်လုပ်ဆောင်မှုတွေ ကြောင့် ‘ကလင်တန်၊ ဘုရှ်၊ အိုဘားမား’ အစိုးရ (၃)ဆက်လုံးက အမေရိကန်နိုင်ငံ […]

သီအိုဇော် – ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၄)

(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄ နိုင်ငံတကာ စစ်ပွဲတွေမှာ မြေအောက်ဥမင် ခုခံတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ ကြုံတွေ့ ကြရပါတယ်။  ထောက်လှမ်းရေး အချက်အလက်တွေသာ အတိအကျ မရရှိခဲ့ရင် ဂြိုဟ်တုကနေတောင် တည်နေရာ အတိအကျရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ ဥမင်ဝတွေ ထားရှိတဲ့အမြောက်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ရင်တော့၊ ရေဒါနဲ့ တန်ပြန် ရှာဖွေရာကနေလည်း ဥမင်နေရာကို သိရှိနိုင်ပါတယ်။ မြေအောက်နက်နက်ထဲမှာ ခိုင်မာစွာ တည်ဆောက်ထားတဲ့အတွက် ဘန်ကာဖြိုဖျက်နိုင်ဖို့ ဗုံးကြဲလေယာဉ်တွေပေါ် က ကြဲချရတဲ့ ဖျက်အားပြင်းဗုံးတွေ ထုတ်လုပ်ကြပါတယ်။ တကယ့်နိုင်ငံတကာ စစ်ပွဲကြီးတွေမှာ စစ်အင်အားကြီးနိုင်ငံတွေကသာ အသုံးပြုနိုင်ကြတဲ့၊ တော်ရုံ လက်လှမ်းမမီကြတဲ့ ဗုံးအမျိုးအစားတွေ ဖြစ်လို့ ဒီနေရာမှာ အကျဉ်းရုံးပြီးပဲ ဖော်ပြလိုက်ပါတယ်။ အခုနောက်ပိုင်းကျမှသာ ဒီလိုဗုံးအမျိုးအစားကို တီထွင်ထုတ်လုပ်လာကြတာ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက အခိုင်အမာတည် ဆောက်ထားတဲ့ ဂျာမန်ရေငုပ်သင်္ဘော ယူဘုတ်စခန်းတွေကို ကြဲချတဲ့ Disney Bomb ဆိုတာကလည်း ဆင်တူတဲ့ […]