RNA_နိုဝင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးသော သင်တန်းကာလ (၃) လကျော်ကြာခဲ့ပြီး၊ သင်တန်းသား (၁၀၀၀) ကျော် တက်ရောက်ပြီးမြောက်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် (၁၂)မြို့ကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားရန် မိမိတို့ တစ်ဦးချင်းမှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်သည်ဟု အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ စစ်ဦးစီးအရာရှိချုပ် […]
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် ၂၀ သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်မှာ နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကို စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၁ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယမန်နေ့ နိုဝင်ဘာ […]
RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PSLF/TNLA) မှ တပ်မတော်သားများနှင့် ပူပေါင်းတပ်မှအသက်ပေးလှူသွားသူများအားရည်စူး၍ ယနေ့ အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း၊ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဉ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါသည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ […]
RNA_အောက်တိုဘာ(၁၆)၊၂၀၂၄ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့သိမ်းပိုက်နိုင်ရေး တိုက်ပွဲ (၂) လကျော်ကြာအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဖာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရသည်။ သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။ […]
RNA_အောက်တိုဘာ(၁၅)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(၅၀၃) နှင့် (၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုဝင် (၁၉၁) ဦးကို PSLF/TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ သီပေါမြို့ပေါ်တွင် နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား အောက်တိုဘာလ ၁၂ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား တအာင်းတပ်မတော်မှ စက်တင်ဘာ ၂၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု (၃၈) စုရှိ ကျား(၁၁)ဦး၊ မ (၄၈)ဦး၊ ကလေး […]