ylliX - Online Advertising Network
သင်တန်းသား တစ်ထောင်ကျော်ပါဝင်သော အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲ TNLA ကျင်းပ

သင်တန်းသား တစ်ထောင်ကျော်ပါဝင်သော အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲ TNLA ကျင်းပ


RNA_နိုဝင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။

တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးသော သင်တန်းကာလ (၃) လကျော်ကြာခဲ့ပြီး၊ သင်တန်းသား (၁၀၀၀) ကျော် တက်ရောက်ပြီးမြောက်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် (၁၂)မြို့ကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားရန် မိမိတို့ တစ်ဦးချင်းမှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်သည်ဟု အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက သင်တန်း ဆင်းပွဲအခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားထားသည်။

သင်တန်းသူ (၂၀၀) ဦးရေ ဝန်းကျင်ရှိသော အမျိုသမီး စစ်သင်တန်းအမှတ်စဥ် (၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလတွင် TNLA ၏ အခြေခံ စစ်သင်တန်းအပတ်စဥ် (၆၅) ကို သင်တန်းသူ/သား ဦးရေ (၁၀၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA



Source link

Leave a Reply

Your email address will not be published. Required fields are marked *