ylliX - Online Advertising Network

ရွှေတောင်မြို့နယ်တွင် (၄၀) ကြိမ်မြောက်( မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲကျင်းပ

ရွှေတောင်  ၊ နိုဝင်ဘာ -၁၆ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း  သာသနာဗိမာန်တော်ကြီးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်ရွှေတောင်မြို့နယ်အတွင်း ဒေသခံအလှူရှင်များစုပေါင်း၍ယမန်နေ့ နေ့လယ်ပိုင်းက ဂန္ဓာရုံကျောင်းတိုက်ဆရာတော်များဦးစီး၍ (၄၀)  ကြိမ်မြောက်( မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲကျင်းပခဲ့သည်။       အခမ်းအနားတွင် ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာ တော်အရှင်သူမြတ်များနှင့်ကထိန်အလှူရှင် ဒါယိကာမ /ဒါယိကာမ အပေါင်း တို့မှ “နမောတဿ သုံးကြိမ်ရွတ်ဆို “၍အခမ်းအနား    ဖွင့်လှစ်ပြီး မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ရွှေတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က နဝကမ္မအလှူငွေများများကိုဆက်ကပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော်မှ ကထိန်အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။      ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းရရှိမှု မရှိသောကျောင်းတိုက်(၁၀)တိုက်ထံသို့ မဲစနစ်ဖြင့်ကထိန်လျာသင်္ကန်း နှင့်လှူဒါန်းအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး […]

နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ (၁၉)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကျိုင်းတုံ  ၊  နိုဝင်ဘာ  ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၏ (၁၉)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် အသီးသီးနေရာယူကြကာ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။ အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သာထွန်းက မိန့်ခွန်းပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိသူ ၃၃ ဦး၊ အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရရှိသူ ၁၃ ဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘွဲ့ရရှိသူ ၂၁ ဦးနှင့် စက်မှုအင်ဂျင်နီယာဘွဲ့ရရှိသူ ၁၅ ဦး စုစုပေါင်း ၈၂ ဦးအား  ဘွဲ့လက်မှတ်များ တစ်ဦးချင်း အပ်နှင်း​ပေးသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်အသီးသီးမှ […]

ရွှေတောင် မြို့နယ်၌ မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

  ရွှေတောင်  ၊ နိုဝင်ဘာ   ၇ ပဲ ခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။        ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ရွှေတောင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊   ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ […]

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

ကလေး ၊  အောက်တိုဘာ   ၂၂ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ သူနာပြုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလေးတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများနှင့် မိဘများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘင်ခရာ/ ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ တိုင်းဒေကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် […]