ylliX - Online Advertising Network

ထားဝယ်ဒေသ အရပ်သား ၆ ဦးကို သတင်းပေးဟု စွပ်စွဲကာ KTLA သတ်ဖြတ် – Myanmar Now

( စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါဝင်သည်)  မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်တွင်  ကော်သူးလေတပ်ဖွဲ့ (KTLA) က အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အရပ်သား ၃ ဦးစီ  သတ်ဖြတ်ခံရခြင်းဖြစ်ပြီး  ဖြစ်ရပ်တစ်ခုမှာ ယခုလဆန်းတွင် ထားဝယ်မြို့အရှေ့ဘက် တွင် ဖြစ်ပွားခဲ့သည်။ နောက်ထပ် သတ်ဖြတ်မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အရပ်သား ၃ ဦး အသတ်ခံရမှု ဖြစ်သည်။ ထိုအကြောင်းကို ဒေသခံများ၊ အသတ်ခံရသူအချို့၏ မိသားစုဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များကို စုံစမ်းမေးမြန်း စာတမ်းပြုစုကာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင်က အောက်တိုဘာ ၁၅ ရက်နေ့တွင် […]

လူ ၆ ယောက်ကို တရားလက်လွတ်သတ်တဲ့ KTLA၊ အရင်နှစ်ထက် သုံးဆပိုတဲ့ ကျန်းမာရေးဝန်ထမ်းတိုက်ခိုက်ခံရမှုနဲ့ လိုက်လျောပေးမှာမဟုတ်တဲ့ လက်နက်ကိုင်တောင်းဆိုမှု

ဖြိုးဝေ၁၆. ၁၀. ၂၀၂၄ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်နေတဲ့ အာဆီယံ – အမေရိကန်အစည်းအဝေးကို SAC အစိုးရအဖွဲ့ကိုယ်စားလှယ်ပါ စားပွဲဝိုင်းတစ်ခုတည်း တက်ရောက်နေတာမြင်ခဲ့ရတဲ့ အာဆီယံထိပ်သီးအစည်းအဝေးရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားသလို အာဆီယံပဋိညာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာကို တွေ့ရပါတယ်။ ဒါ့အပြင်လည်း မြန်မာနိုင်ငံက စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်လှစ်ထားတဲ့အတွက် ကြားဝင်စေ့စပ်ဆွေးနွေးပေးတဲ့ နိုင်ငံအဖြစ် ပါဝင်ဖို့ လိုလားဆန္ဒရှိနေတယ်လို့ မလေးရှားအစိုးရ ပြောလာတာ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေရဲ့ ထောက်ခံမှုနဲ့အတူ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း လက်ခံကျင်းပမယ်လို့ ထိုင်းအစိုးရပြောလာတာ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးသင့်ပြီး အထီးကျန်နိုင်ငံဖြစ်အောင် မလုပ်ဆောင်သင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ်က အာဆီယံမှာ မိန့်ခွန်းပြောလာတာနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့အတွက် တွန်းအားပေး ကူညီပေးဖို့ အာဆီယံမိတ်ဖက်အဖွဲ့တွေကို စင်ကာပူဝန်ကြီးချုပ် တောင်းဆိုလိုက်တာတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ […]

KTLA လက်အောက်ခံလက်နက်ကိုင်တွေက အရပ်သား ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရာဇဝတ်မှုကျူးလွန်သည့်အပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း DMSC ပြော

KTLA လက်အောက်ခံလက်နက်ကိုင်တွေက အရပ်သား ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရာဇဝတ်မှုကျူးလွန်သည့်အပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း DMSC ပြော – Myanmar Transparency News Source link