ရင်အုပ်ကြွက်သား တွေ တောင့်တင်းသန်မာဖို့ အဓိက ပစ်မှတ်ထား ကစားချင်တဲ့ ကွီးတို့အတွက် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။ Chest Muscle တက်အောင် ကစားနိုင်မယ့် လေ့ကျင့်ခန်း နည်းတွေကတော့ အများကြီး ရှိပါတယ်။ ဒီထဲကမှ ကွီးတို့အတွက် ထိထိရောက်ရောက်နဲ့ ရလာဒ်ကောင်းအောင် ကစားနိုင်မယ့် လေ့ကျင့်ခန်း အချို့ကို ရွေးချယ်တင်ဆက် ပေးသွားပါမယ်။ (၁) Cable Fly Photo : PureGym Cable Fly လေ့ကျင့်ခန်းကတော့ Cable Crossover Machine ကို အသုံးပြုပြီး ကစားရမှာ ဖြစ်ပါတယ်။ ရှေ့ကို ခြေတစ်လှမ်း လှမ်းပြီး ဒူးကိုအနည်းငယ်ကွေးကာ Cable ကို ခန္ဓာကိုယ်ရဲ့ဘေးဘက် လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်ထားရပါမယ်။ ပြီးတဲ့အခါ ရင်အုပ်ကြွက်သား တွေကို ညှစ်ထုတ်ပြီး […]
ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားတွေ တောင့်တင်းကြံ့ခိုင်ဖို့ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမလဲ ခေါင်းစားနေပြီလား ? အောက်ပိုင်း မာဆယ်တွေ ကျစ်ကျစ်လစ်လစ်နဲ့ ကြံ့ခိုင်သန်မာလာစေဖို့အတွက်ဆို ကွီးတို့ အထိရောက်ဆုံး ကစားနိုင်မယ့် လေ့ကျင့်ခန်းနည်းတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ Beginners Levels တွေအတွက် အောက်ပိုင်း ကြွက်သားတွေရဲ့ Strength နဲ့ Power ကို တိုးစေပြီး Muscle Mass တက်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးပါမယ်။ (၁) Bulgarian Split Squat Photo : Men’s Journal Flat Bench သို့မဟုတ် ခုံ တစ်လုံးပေါ်မှာ ခြေဖျားကို တင်ပြီး မတ်တပ်ရပ်ပါ။ ထို့နောက် ခြေထောက်ကို ကြမ်းပြင်နဲ့ ထိလုနီးပါးအထိ […]
ကယ်လိုရီ လောင်ကျွမ်းမှုကို မြှင့်တင်ပေးပြီး ကြွက်သားတွေ ကျစ်လစ်သန်မာစေဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းသုံး ကိရိယာလို့ ပြောရင် Dumbbell တွေကို မေ့ထားလို့ မရတာ အမှန်ပါပဲ။ အလေးတုံးတွေ ရှိရုံနဲ့ ကွီးတို့ အိမ်မှာပဲ အားလပ်ချိန်တိုင်းမှာ လွယ်လွယ်ကူကူ လေ့ကျင့်ခန်း ပြုလုပ်လို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အလုပ်များတဲ့ ကွီးတို့အတွက် အချိန် ၁၅ မိနစ် လောက် ပေးပြီး ကစားမယ်ဆိုရင်ပဲ ကြွက်သားကျစ်လစ်တဲ့ အမိုက်စား ဘော်ဒီရရှိလာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) Dumbbell Split Squat Source : STYRK Dumbbell Split Squat ကစားနည်းကတော့ Lunge လေ့ကျင့်ခန်းရဲ့ ပုံစံကွဲ တစ်ခုပါပဲ။ အရေးကြီးဆုံး […]
ဝမ်းဗိုက်ဟာ အဆီစုလွယ်သလောက် အဆီပိုတွေကို ဖယ်ရှားရာမှာ အခက်အခဲဆုံး ဖြစ်ပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုလာရင် ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းပြီး လှုပ်ရှားသွားလာရ ခက်ခဲလာမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ဝမ်းဗိုက်က အဆီပိုတွေကို ဖြုတ်ချပြီး ဗိုက်ကြွက်သား တွေ ထွက်လာစေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။ (၁) Plank Photo : Men’s Health ဗိုက်ကြွက်သား ထွက်လာဖို့ Plank လေ့ကျင့်ခန်းတွေကိုလည်း မေ့မထားသင့်ပါဘူး။ Plank ထောက်တဲ့အခါ ဝမ်းဗိုက်ကို တင်းကြပ်စွာ ထိန်းထားရတာ ဖြစ်တဲ့အတွက် Abs ကြွက်သားတွေကို တော်တော်လေး ထိရောက်မှု ရှိစေပါတယ်။ (၂) Mountain Climbers Photo : BarBend အမိုက်စား Six Pack ဗိုက်ကြွက်သား […]
ယခုနှစ် ဘောလုံးရာသီအတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတဲ့ လူငယ်ခြေတက် ကစားသမားတွေ များစွာ ထွက်ပေါ် လာနေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းကြီးတွေမှာ အားထားရတဲ့ ကစားသမား တွေအဖြစ် ရပ်တည်နေကြပြီး ဘောလုံးပရိသတ်တွေအကြိုက် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်သူတွေလို့ ပြောရင် မမှားနိုင်ပါဘူး။ ဒီထဲကမှ ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခံထားတဲ့ လူငယ်ကစားသမား ၄ ဦးကို ရွေးချယ်တက်ဆက် ပေးချင်ပါတယ်။ (၁) Jude Bellingham (Real Madrid) Photo : Radio Times နံပါတ် ၁ နေရာမှာ ရပ်နေတည်နေတာကတော့ Real Madrid အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်ကွင်းလယ် ကစားသမား Bellingham ပါ။ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ကွင်းလယ် […]
ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားအစိတ်အပိုင်းတွေ ကျစ်လစ်သန်မာလာဖို့အတွက်ဆို ဘယ်တော့မှ မရိုးနိုင်တဲ့ ကစားနည်းတစ်ခုကတော့ Plank ပါပဲ။ Plank လေ့ကျင့်ခန်းဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ် ဘော်ဒီဝိတ်ကိုပဲ အသုံးပြုပြီး ကစားရတဲ့ ရိုးရှင်းတဲ့ ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး စိန်ခေါ်မှုရှိရှိ ကစားနိုင်မယ့် Plank ကစားနည်း ပုံစံကွဲ အမျိုးမျိုး ရှိတာကြောင့် ဒီတစ်ခေါက်တော့ ပုံမှန် Plank ထောက်နည်းက လွယ်ကူလွန်းနေတယ်ဆိုတဲ့ ကွီးတို့အတွက် ပိုခက်ပိုပြင်းထန်တဲ့ ကစားနည်း ပုံစံအချို့ကို ပြောပြပေးပါမယ်။ (၁) Wall Plank Photo : Tom’s Guide Wall Plank လေ့ကျင့်ခန်းက နံရံမှာ ခြေကန်ပြီး ခန္ဓာကိုယ် ဘော်ဒီဝိတ်ကို ဟန်ချက်ထိန်း ကစားရမှာပါ။ […]
ခန္ဓာကိုယ် အောက်ပိုင်းမာဆယ်တွေ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ယောကျာ်းပီသတဲ့ ဘော်ဒီကိုရဖို့ဆိုရင် ခြေသလုံးမာဆယ်တွေကို မေ့ထားလို့ မရပါဘူး။ ခြေသလုံး ကြွက်သားတွေ ကြီးထွားသန်မာလာဖို့ Gym မှာ စက်တွေနဲ့ ကစားမှ မဟုတ်ပါဘူး။ ပြေးတာ ၊ ကြိုးခုန်တာတို့လို ရိုးရှင်းလွယ်ကူတဲ့ Cardio လေ့ကျင့်ခန်းတွေနဲ့လည်း လေ့ကျင့်ကစားပေးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ခြေသလုံးကြွက်သားတွေ ကြီးထွားသန်မာလာအောင် ကစားလို့ရတဲ့ ရိုးရှင်းတဲ့ ကစားနည်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) Jumping Jack Single-Leg Calf Raise Jumping Jack လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အလုပ်လုပ်စေရုံသာမကပဲ ခုန်ပြီးကစားရတဲ့အတွက် ပေါင်နဲ့ ခြေသလုံးကြွက်သားတွေကို ကျစ်လစ်သန်မာလာစေနိုင်ပါတယ်။ ခန္ဓာကိုယ် ဘော်ဒီဝိတ်ကိုပဲ သုံးပြီး ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် လေ့ကျင့်ခန်း ကိရိယာတွေ […]