The post တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ မြင်တွေ့ရသည့် လပြည့်ဝန်း (Xinhua) appeared first on Xinhua News Agency. Source link
လိကျန်း(ယူနန်)၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့သည် ကမ္ဘာ့ယဉ်ကျေးမှု ခရီးသွားလာရေးမြို့အဖြစ် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လိကျန်းရှေးဟောင်းမြို့၊ ယွိလုန်နှင်းတောင်စသည့် ရှုခင်းသာနေရာများ၏ အရည်အသွေးကို ဆက်လက်မြှင့်တင်ခြင်း၊ ဝန်ဆောင်မှု အာမခံချက် အစီအမံများ အားကောင်းအောင် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စျေးကွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လိကျန်းမြို့တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၆၈.၆၆၃ သန်းကို ကြိုဆိုလက်ခံခဲ့ပြီး ကာလတူထက် ၂၀.၇၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ (Xinhua) လိကျန်းရှေးဟောင်းမြို့၌ လာရောက်လည်ပတ်နေကြသော ခရီးသွားဧည့်သည်များကို နိုဝင်ဘာလ ၁၀ ရက်က […]
ကွေ့လျင် (ကွမ်ရှီး)၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ” စိမ်းပြာရောင် ပိုးဖဲကြိုးအသွင် နူးညံ့ပျော့ပျောင်းစွာ တသွင်သွင် စီးဆင်းနေသောမြစ်ရေနှင့် ကျောက်စိမ်းဆံထိုးပမာ စိမ်းမြနေသည့် တောင်တန်းများ” ဟု ထန်မင်းဆက် ကဗျာဆရာ ဟန်ယွိက ကွေ့လျင်မြို့ တောတောင်ရေမြေအသွင်သွင်၏ သာယာလှပေသော ရှုမြင်ကွင်းများအား သက်ဝင်စွာ တင်စားဖော်ကျူးရေးသားခဲ့သည်။ကွေ့လျင်မြို့သည် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ချင်ရှီဟွမ်က လျင်နန်ဒေသတွင် ကွေ့လျင် ၊ ရှန့်၊ နန်ဟိုင် ဟူ၍ ပြည်နယ် ၃ ခု သတ်မှတ်ခဲ့ရာမှ ကွေ့လျင်ဟု၍ အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ယွိကွေ့ (ပင်လုံးကြိုင်) အပင်များ ပေါများခြင်းကြောင့် အမည်တွင်ရခြင်း ဖြစ်သည်။ ဤနေရာရှိ ရေမြေတောတောင်များက ပန်းချီကားသဖွယ် အလွန်သာယာလှပရာ […]
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်အကြို ဆီမီးလှည့်လည်ပူဇော်ပွဲကို အောက်တိုဘာ ၁၆ ရက် (အဖိတ်နေ့) ညနေပိုင်းက ပြုလုပ်ခဲ့သည်။ (Xinhua) Source link
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) သီတင်းကျွတ်လပြည့်နေ့နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံတစ်ဝန်းတွင် ပွဲတော်ကာလအတွက် ပြင်ဆင်မှုများဖြင့်အလုပ်များနေကြပြီး နေအိမ်များနှင့် ဈေးဆိုင်များ၌ ရောင်စုံမီးပုံးများဖြင့် အလှဆင်သူများရှိသလို အချို့မှာလည်း မိသားစုနှင့်ပြန်လည်ဆုံစည်းရန် မွေးရပ်မြေသို့ပြန်သူများလည်း ရှိကြသည်။သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာသည့် နေ့ထူးနေ့မြတ်ဖြစ်ကာ သီတင်းကျွတ်လပြည့်ဆီမီးထွန်းပူဇော်ပွဲနှင့် မိသားစုဆုံစည်းကြသည့် အခါသမယလည်းဖြစ်ပေသည်။ ဘုရားစေတီများနှင့် မိမိတို့၏နေအိမ်များတွင် မြန်မာ့ရိုးရာနှင့် ခေတ်မီ ရောင်စုံမီးပုံးများ၊ဆီမီးခွက်များနှင့် ဖယောင်းတိုင်များ မီးထွန်းပူဇော်ခြင်းဖြင့် မီးရောင်စုံထိန်ထိန်လင်းနေသည်။ မစုမာလွင်တစ်ယောက် ဆင်ခြေဖုံးရပ်ကွက်မှ ရန်ကုန်မြို့လယ်ရှိလူစည်ကားသောဈေးသို့ လာရောက်ကာ မီးပုံးများနှင့် ပွဲတော်အလှဆင်ပစ္စည်းများဝယ်ယူရန် လူအုပ်ကြားထဲတရွေ့ရွေ့သွားလာလှုပ်ရှားနေသည်။ “ဒီနှစ်တော့ အိမ်ရှေ့မှာ မီးပုံးအလှလေးတွေအလှချိတ်မယ်” ဟုမစုမာလွင်က အသစ်ဝယ်ယူလာသော တရုတ်ရောင်စုံမီးပုံးများကို ပြသလျက်ပြောသည်။ “ဒီမီးပုံးလေးတွေကို ချစ်လို့၊ လှလို့၊သေသပ်လို့ ဝယ်ဖြစ်တာပါ။ နှစ်တိုင်းတော့ အသစ်အဆန်းလေးတွေ တွေ့ရင် ဝယ်ပြီးအိမ်မှာချိတ်ထားတယ်။ အထူးသဖြင့်တရုတ်မီးပုံးလေးတွေ […]