ရွှေနွယ် စစ်ကောင်စီဟာ ရှမ်းမြောက်က မိုင်းရယ်မှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေကို ဖြည့်တင်းထားပြီး လက်ရှိမှာတော့ မိုင်းရယ်− လားရှိုး လမ်းပိုင်းကတဆင့် စွန့်လွှတ်ခဲ့ရတဲ့ လားရှိုးကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ငြင်းဆန်နေတဲ့ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့အတူ မြေပြင်မှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနေတဲ့အခါ ကိုးကန့်တပ် MNDAA အနေနဲ့ မြို့ကနေ ဆုတ်ခွာပေးမှာလား၊ စစ်ဆိုင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပါလား။ အပြည့်အစုံကို ရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။ တည်းဖြတ်/တင်ဆက်- ရွှေနွယ် The post ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) appeared first […]
တရုတ်နယ်စပ်နားက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာတနှစ်ပြည့်ပြီးဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ နယ်မြေတွေ ဘာတခုမှပြန်မသိမ်းနိုင်ဘဲ လေကြောင်းကနေသာ အရပ်သား ပစ်မှတ်တွေကိုသာ ဗုံးကျဲဖျက်ဆီးတဲ့ အဆင့်ကတက်မလာတာတွေကို တွေ့ရပါတယ်။ လောလော လတ်လတ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက် ခဲ့ပါတယ်။ ကိုးကန့်အထူး ဒေသရဲ့ မြို့တော်လောက်ကိုင်မြို့က စွမ်းဖုန်ချိန်ဧရိယာမှာ ဗုံးသုံးလုံးထက် မနည်းကျဲချခဲ့တာဖြစ်ပြီး ဟိုတယ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကာ အရပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီလိုပဲ TNLA ထိန်းချုပ် ဒေသဖြစ်တဲ့ နမ့်ခမ်းမှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးတွေကျဲတာတွေလုပ်ခဲ့ပါတယ်။ […]
ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ညီနောင်သုံးဖွဲ့ ဦးဆောင်သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ (အောက်တိုဘာ ၂၇ ) တွင် စစ်ကောင်စီလေတပ်က ကိုးကန့်နှင့် တအာင်းတပ် အခြေစိုက်ရာ နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရခဲ့သည်။ ပစ်မှတ်ထားခံရသည့် မြို့များမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် လောက်ကိုင်နှင့် သိန္နီမြို့၊ တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နှင့် နောင်ချိုမြို့တို့ဖြစ်သည်။ အောက်တိုဘာ ၂၇ သို့ ကူးပြောင်းသည့် ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ခန့် တွင် လေယာဉ်တစ်စီးက လောက်ကိုင်မြို့ကို သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ပေါ်ရှိ Henry Hotel […]
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်တွေကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ စစ်ဆင်ရေး စတင်စဥ်က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ် တလျှောက်ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (တရုတ်ဘာသာစကားဖြင့် ကျားဖြန့် ဟုခေါ်ဆို) တွေကို နှိမ်နှင်းဖို့၊ အဆိုပါငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပ်ဆုံးမှာ ထည့်သွင်းကြေညာခဲ့ခြင်းက ထူးခြားတဲ့အနေအထားလည်းဖြစ်တာ သတိပြုမိကြပါတယ်။ စစ်ဆင်ရေး မစတင်မီ သီတင်းပတ်အနည်းငယ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ […]
RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PSLF/TNLA) မှ တပ်မတော်သားများနှင့် ပူပေါင်းတပ်မှအသက်ပေးလှူသွားသူများအားရည်စူး၍ ယနေ့ အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း၊ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဉ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါသည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ […]
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် လောက်ကိုင်ရှိ ဟိုတယ်များ ပစ်မှတ်ထား ဗုံးကြဲခံရ – Myanmar Transparency News Source link
မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ကစတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ တစ်နှစ်ပြည့်ခဲ့ပြီ။ ထိုစစ်ဆင်ရေး စတင်ချိန်တွင် ‘ကိုးကန့်မျိုးနွယ်စုချင်း လက်စားချေသည့်စစ်ပွဲ’ ဟု စစ်ကောင်စီက ပေါ့ပေါ့တန်တန်တွက်ဆခဲ့သော်လည်း စစ်ပွဲတစ်နှစ်တာအတွင်း ကြီးမားသည့်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်သမိုင်းတလျှောက် အခက်ခဲဆုံးနေ့ရက်များပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ မြန်မာစစ်တပ်သည် ၁၉၄၈၊ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်ရှိ လူမျိုးစုလက်နက်ကိုင်တပ်များ၏ ကြိမ်ဖန်များစွာသော ပုန်ကန်ခြားနားမှုများကို ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း နှစ် ၈၀ နီးပါးအတွင်း တရုတ်နယ်စပ်မှစတင်သည့် မည်သည့်ပုန်ကန်မှုကမှ ‘၁၀၂၇ စစ်ဆင်ရေး’ ကဲ့သို့ ပြည်မမှ စစ်ဗိုလ်ချုပ်ကြီးများ အထိတ်တလန့် မဖြစ်စေခဲ့။ တစ်နှစ်သား ၁၀၂၇ စစ်ဆင်ရေးအတွင်း […]