ylliX - Online Advertising Network

သုံးပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံ (၁၇) ဦးသေဆုံး – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]

စစ်တပ်ပစ်ခတ်မှုကြောင့် ဖယ်ခုံနှင့်လွိုင်ကော် ဒေသခံ ၆ ဦးသေဆုံး – Myanmar Now

နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့် တစ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးသွားသည်ဟု သိရသည်။  နိုဝင်ဘာ ၈ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း လေတပ်ဗုံးကြဲမှုကြောင့် ၂ ဦး၊ လွိုင်ကော်မြို့နယ်တွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခြင်းကြောင့် ၄ ဦးသေဆုံးသည်ဟု ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများလည်း ရှိသည်ဟု ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ် အခြေစိုက် အင်အားကြီး လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။  “စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်တဲ့အတွက် ပြည်သူ ၂ ဦးသေဆုံးတယ်။ ၃ ဦး ထိခိုက်ဒဏ်ရာရတာဖြစ်ပါတယ်” ဟု သူက […]

ငါန်းဇွန်တွင် ဖျားနာ၍ တနှစ်​ကျော်က​လေးငယ် အပါ ၄ ဦးသေဆုံး၊ စစ်ရှောင် ၂၀၀ ​ကျော် ဖျား​နာ – BUR.MIZZIMA.COM

ပုံအညွှန်း-​​​သေဆုံးသွားသည့်က​လေးငယ်ပုံ ၊ ဓာတ်ပုံ- ပေးပို့ ဓါတု မဇ္ဈိမ။ ။  ငါန်းဇွန်တွင် စစ်ရှောင်နေကြရသူများ ဖျားနာနေပြီး ဆေးဝါးပြတ်လပ်ကာ ဆေးကုသမှု မခံယူရ၍ တနှစ်ကျော်ကလေးငယ်အပါ လေးဦး သေဆုံးသွားကြောင်း စစ်ရှောင်များထံက သိရသည်။ စစ်ကောင်စီ စစ်ကြောင်းထိုး၍ စစ်ရှောင်နေကြရသူများအနက် လက်ရှိတွင် ဖျားနာနေသူ ဦးရေမှာ ၂၀၀ ခန့် ရှိနေပြီး ဆေးဝါးမရှိ၍ ၎င်းတို့မှာ ဆေးဝါးကုသမှုမခံယူရကြောင်း သိရသည်။ “ဒီ​နေ့မနက် ၁နာရီကတနှစ်ခွဲ က​လေး​လေးတ​ယောက်ဆုံးသွားတယ်။ ကျွန်​တော်တို့​ရောက်လာချိန်မှာ​ ဆေးမမှီ​တော့ဘူး သူဖျား​နေတာ တပတ်​ကျော်​နေပြီ ​သူ့အ​ဖေ  ဦး​ပေါမြကလည်းလွန်ခဲ့တဲ့ ​​၁ရက်​နေ့ကပဲ အဲဒီလိုအ​အေးပတ်ပြီးဆုံးတာ။ စစ်ရှောင်တွေ ရာသီတုပ်​ကွေး​ဝေဒနာခံစား​နေရတယ်”ဟု စစ်​ဘေး​ရှောင် ကူညီကယ်ဆယ်သူ ကိုရာဇာက မဇ္စျိမကို​ပြောသည်။ ကျန်းမာ​ရေးဝန်ထမ်းများ၊ ဆရာဝန်များမှာ စစ်ကိုင်း​ဒေဒေသတွင်သာရှပြီး လမ်းခရီးနယ်​မြေအခက်အခဲ​ကြောင့် သွား​ရောက်ကုသရန်အဆင်မ​ပြေ​ကြောင်း၎င်းကဆိုသည်။ ငါန်းမြာကြီး​​ကျေးရွာ အပြင် […]

ပုလဲတွင် ကထိန်အလှူကိုစစ်တပ်ဗုံးကြဲ၊  ၄ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ  – Myanmar Now

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၅) ညနေက ကထိန်အလှူပွဲတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ၄ ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။  ပုလဲမြို့နယ်အနောက်ဘက် တောင်ပေါ်ရှိ ကထိန်ပွဲကျင်းပနေသည့် အိုင်းမရွာကို ညနေ ၃ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် စစ်လေယာဉ်ဖြင့် ဗုံးသီး အကြီး ၃ လုံး၊ ဗုံးသီးအသေး ၂၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ဒေါ်လုံးခင် နှင့် အသက် ၄၀ အရွယ် ဦးအောင်ဌေးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် မဇာဇာခိုင်မှာ […]

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

စစ်သုံ့ပန်းများကို ထားရှိသည့် မန္တလေး PDF အချုပ်ဆောင် ထပ်မံဗုံးကြဲခံရပြီး စစ်ကောင်စီဗိုလ်မှူး အပါအဝင် ၄ ဦးသေဆုံး၍ ၂ ရက်အတွင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၆ ဦးထိရှိလာ – Ayeyarwaddy Times

စစ်သုံ့ပန်းများကို ထားရှိသည့် မန္တလေး PDF အချုပ်ဆောင် ထပ်မံဗုံးကြဲခံရပြီး စစ်ကောင်စီဗိုလ်မှူး အပါအဝင် ၄ ဦးသေဆုံး၍ ၂ ရက်အတွင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၆ ဦးထိရှိလာ – Ayeyarwaddy Times Source link

အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။ မကွေးမြို့အခြေစိုက် တပ်မ (၈၈) မှ စစ်ကား (၁၇) စီးတွင် လူအပြည့် (၁၅) စီးနှင့် လက်နက်ခဲယမ်း ပစ္စည််််််းတင်ဆောင်သော (၂) စီးတို့ဖြင့်အောက်တိုဘာ ၂၈ […]

မြင်းခြံမိုးကြီးလို့ အုတ်တံတိုင်းပြို ၁ ဦးသေဆုံး

မနက် ၄ နာရီလောက်က အမှတ် ၁၀ ရပ်ကွက်မှာ အမြင့် ၈ ပေ၊ အလျား ပေ ၁၅၀ လောက်ရှိတဲ့ အုတ်တံတိုင်းတခု ပြိုကျပြီး၊ အဲဒီဘေးမှာအိပ်တဲ့ အမျိုးသား ၁ ယောက်သေဆုံးခဲ့တဲ့အပြင် နောက် ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။ Source link

၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ နမ့်အွမ်ရွာသား ၂ ဦးသေဆုံး – Kachin News Group (KNG)

ပုံ-လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးသွားသူ ပြည်သူတစ်ဦး ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “အခုဆုံးသွားတဲ့ ဦးကွမ့်ဂျာရှောင်က လက်နက်ပစ္စည်း အရောင်းအဝယ်လုပ်တာဟုတ်တယ် ဆိုတော့ သူ့အိမ်ကို ခိုမုန်းရွာကတအာင်းအမျိုးသားတစ်ဦးက ၆၀ မမ လက်နက်ယူလာတယ်။ ဘယ်ကနေ ယူလာတယ်တော့ မသိဘူး။ အဲဒီလက်နက်ကို ကိုင်ရင်းပြုတ်ကျတာလား ဘယ်လိုကြောင့်ပေါက်ကွဲလဲဆိုတာတော့ ကျနော်တို့ မတွေ့လိုက်နိုင်လို့မသိရဘူး။ အဲဒါ ပေါက်ကွဲလို့ ၂ ယောက်လုံး အသက်ဆုံးသွားတာဖြစ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးသွားသူ ၂ ဦးစလုံးဟာ သာမန်အရပ်သားတွေလို့သိရပြီး နေအိမ်မှာရှိနေတဲ့ နောက်ထပ် ကလေးငယ်တစ်ဦးလည်း နဖူးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ရွာမှာ တော်လှန်ရေးလက်နက်ကိုင်တွေထိန်းချူပ်ပြီးနောက် ဒီလိုဖြစ်တာကတော့ ဒီတစ်ကြိမ်ပထမဆုံးပေါ့။ အရင်က […]

စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းအား ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သံဃာတော်များ၊ ကလေးငယ်များအပါအဝင် (၁၂) ဦးခန့် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော အကြမ်း ဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ #RedNewsAgency #RNA Source link