လူ့ဘဝဆိုတာ ကိုယ့်ရင်ထဲက ချစ်ချင်းတရားကို ခံစားမိဖို့ ပြန်လည်သင်ယူရတဲ့ ခရီးရှည်တစ်ခုပဲ။ ကလေးဘဝက ရင်ထဲမှာ ချစ်ခြင်းတရားနဲ့ မွေးဖွားလာတယ်။ ကြီးပြင်လာရင်း ကြုံတွေ့ရတဲ့ လောကဓံတွေ၊ အဖြစ်အပျက်အလွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ ကောင်းကင်ပြာကို ဖုံးအုပ်သွားတဲ့ တိမ်စိုင်တိမ်မည်းတွေလိုပဲ ရင်ထဲက ချစ်ခြင်းတရားကို ဖုံးလွှမ်းသွားတယ်။ ကိုယ့်ရင်ထဲက ချစ်ချင်းတရားကို ပြန်ရှာဖွေဖို့ ကိုယ့်ရဲ့ Dark Side လို့ခေါ်တဲ့ အတိတ်ကအဖြစ်အပျက်အလွဲတွေကြောင့် ဖြစ်လာတဲ့ နာကျင်ရတဲ့ ခံစားချက်တွေကို လက်ခံပေးနိုင်ဖို့ လိုပါတယ်။ ဒါတွေကို လက်ခံပေးနိုင်မှပဲ လွှတ်ချနိုင်မှာပါ။ တိမ်စိုင်တိမ်မည်းတွေနဲ့တူတဲ့ ခံစားချက်အဟောင်းတွေကို လွှတ်ချနိုင်မှပဲ ကောင်းကင်ပြာနဲ့တူတဲ့ ရင်ထဲက ချစ်ချင်းတရားကို ပြန်ပြီးခံစားမိမှာပါ။ ဒေါက်တာ ပြည့်စုံကိုကို (အေးချမ်းပါရစေ) (နေ့စဥ်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ စိတ်ထားတတ်ဖို့ ဆောင်းပါးများ) မှထုတ်နုတ်တင်ပြပါသည်။ OpenMoreOnline […]
မွန်းကျပ်တဲ့အရသာကို သိလို့ တစ်ဖက်လူကို လွတ်လပ်မှု ဘယ်လိုပေးရမလဲဆိုတာ တွေးပေးတတ်တယ်။ စိတ်ဖိစီးမှုကို ခံစားဖူးလို့ တစ်ဖက်လူကို စိတ်သက်သာရအောင် ပြောပေးတဲ့အကျင့်ရှိတယ်။ ရပိုင်ခွင့်တွေ ဆုံးရှုံးဖူးလို့ တစ်ဖက်လူရဲ့ ရပိုင်ခွင့်ကို လေးစားနားလည်ပေးတတ်တယ်။ ကျရှုံးဖူးလို့ တခြားသူတွေ ရှုံးနိမ့်တဲ့အခါ အပြစ်တင်မယ့်အစား အားပေးဖြစ်တယ်။ ဆုံးရှုံးဖူးလို့ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေကို တန်ဖိုးထားရကောင်းမှန်း သိတယ်။ ဘဝမှာ အဆိုးတွေကြုံတဲ့အခါ အဲ့ဒီအဆိုးတွေကို နောက်လူတွေ ထပ်မခံစားရအောင် ကိုယ့်ဆီကပဲ စပြီး ပြင်ဖိုကြိုးစားတယ်။ ဒါကို ကိုယ်ချင်းစာစိတ် လို့ သတ်မှတ်နိုင်ပါတယ်။ နေ့စဉ် ဘဝတွေဟာ မလွယ်ကူပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာစိတ် မထားဘဲ ကိုယ်ခံရသလို သူလည်း ခံရမယ်ဆိုတဲ့ စိတ်နဲ့တွေးရင်း နေ့ရက်တွေဟာ သတ်ကွင်းတစ်ခုနဲ့ တူနေပါလိမ့်မယ်။ ဘဝဟာ ဒီလောက် ခက်ခဲမနေသင့်ပါဘူး။ […]
စိတ်အကြည်ဓာတ်ကို Good Vibe လို့ သုံးကြတယ်။ ကိုယ့်ရဲ့စိတ်က ကြည်လင်နေတယ်၊ ရှင်းလင်းနေတယ်၊ အေးချမ်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။ ဒီနေ့ခေတ်မှာ ခေတ်မီတိုးတက်မှုတွေနဲ့အတူ လူတွေရဲ့ လိုအင်ဆန္ဒတွေများလာကြတယ်။ ဘာလုပ်လုပ် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လုပ်ဖို့ထက် ခပ်လောလော၊ ခပ်ပြာပြာ လုပ်လာကြတယ်။ တစ်ယောက်ကို တစ်ယောက် မေတ္တာထားဖို့ထက် ကိုယ့်ရဲ့ အတ္တတွေကို ရှေ့တန်းတင်လာကြတယ်။ ယှဉ်ပြိုင်မှုတွေဟာ ကောင်းမွန်တဲ့ ယဉ်ပြိုင်ပုံကနေ သူတစ်ပါးကို နင်းချတဲ့ ယှဉ်ပြိုင်ပုံတွေ ပြောင်းလာတယ်။ ဒီလိုနဲ့ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာ အဆိပ်အတောက်တွေများလာပြီး နေ့စဉ်ဘဝမှာ အကြည်ဓာတ်ကို ထိန်းထားဖို့ ခက်ခဲလာတယ်။ ဒီတော့ အကြည်ဓာတ်ကို ဘယ်လိုထိန်းရမလဲ။ အဖြေကတော့ ကိုယ့်ဆီမှာပဲ ရှိပါတယ်။ တစ်ခြားသူက ကိုယ့်ကို ရန်လိုလာတဲ့အခါ ဒါဟာ ရန်လိုတဲ့ သူရဲ့ စိတ်ထဲက […]