ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦးကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီဆုနဲ့ပတ်သက်ပြီး ရင်းနှီးနေကြမယ်ထင်ပါတယ်။ ဒီ နိုဘယ်လ်ဆုဟာ နယ်ပယ်အသီးသီးမှာရှိတဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့သူတွေ၊ အများအကျိုးအတွက် ဦးစီးဦးဆောင်ပြုပြီး တိုးတက်ရာလမ်း ဖော်ဆောင်ပေးတဲ့သူတွေကို ပေးအပ်တဲ့ ဆုတစ်ခုဖြစ်တာနဲ့အညီ ဆုရရှိသူအဖို့လည်း အတော်လေးကိုမှ ဂုဏ်သိက္ခာ တိုးစေပါတယ်။ မာလာလာယူဆွတ်ဇိုင်ဆိုတဲ့ အမျိုးသမီးငယ်လေးကတော့ ဒီလို အဖိုးထိုက်တန်လှတဲ့ဆုကို အသက် ၁၇ နှစ်အရွယ်မှာတင် ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီကနေ့ “သိစေချင်လို့” အစီအစဉ်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်အမျိုးသမီး မာလာလာယူဆွတ်ဇိုင်ရဲ့ ကလေးသူငယ်ပညာရေးဆိုင်ရာ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေနဲ့ အခက်အခဲတွေ ကျော်ဖြတ်နိုင်ခဲ့ပုံအကြောင်းကို ဖော်ပြပေးသွားပါမယ်။ “ငယ်ဘဝနဲ့ တက်ကြွလှုပ်ရှားမှုအစပြုရာ” မာလာလာကို ပါကစ္စတန်လို အမျိုးသမီးအခွင့်အရေး အပြည့်အဝ မရရှိတဲ့နိုင်ငံရဲ့ ဆွက်,တောင်ကြားက ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ သူမ […]