သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ကာလအတွင်း ပြည်သူ၁၄၀ ကျော်ဖမ်းဆီးခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဆီက သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက တောင်ကြီး မြို့ပေါ်တွင် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ညဘက်ပေါ်တာဆွဲဖမ်းဆီးခံရမှုများ ပိုများပြားလာကြောင်း မြို့ခံများထံမှ သိရသည်။ ထိုကဲ့သို့ ဖမ်းဆီးခံရသူများမှာ စဝ်စံထွန်းရပ်ကွက်တွင် (၁၀) ဦး၊ ညောင်ဖြူစခန်း (၁၂)ဦး၊ ရတနာသီရိတွင် (၁၅)ဦး၊ ချမ်းမြရပ်ကွက် (၁၀)ဦး၊ ရွှေတောင်ရပ်ကွက် (၂၀)ဦး၊ စိန်ပန်းရပ်ကွက် (၁၆) ဦး၊ကံသာရပ်ကွက် (၁၄)ဦး၊ ကျောင်းကြီးစုတွင် (၂၃)ဦး၊ မင်္ဂလာဦးတွင် (၁၀)ဦးနှင့် ဘုရားဖြူရပ်ကွက်တွင် (၁၆)ဦး တို့ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း TGI SRမှ နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အရင်နှစ်တန်ဆောင်တိုင်ပွဲတော် ဖမ်းဆီးခံရသူ အများစုမှာ […]