သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးနှင့် မိုင်းရယ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၅၅) ဦး သေဆုံးကာ (၁၃၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ […]
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းတို့ကြောင့် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ခုနှစ်လအတွင်း အရပ်သားပြည်သူ ၅၀၀ ခန့်သေဆုံးသွားကြောင်း Data for Myanmar က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ခုနှစ်လအတွင်း အရပ်သားသေဆုံးသူ ၄၉၉ ဦးရှိခဲ့ပြီး တစ်လလျှင် သေဆုံးသူ ၇၁ ဦးခန့်ရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၆၄ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ အရပ်သားပြည်သူသေဆုံးမှု၏ ၂၁ ရာခိုင်နှုန်းခန့်ရှိသော ၁၅၉ ဦးမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။ သေဆုံးသူအများစုမှာ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြင်းမူမြို့နယ်၊ တမူးမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့မှဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် ၄၂၈ ဦး၊ တော်လှန်ရေး လက်နက်ကိုင်များကြောင့် […]