ylliX - Online Advertising Network

ကွီးတို့ စွမ်းဆောင်ရည် ယုံကြည်မှု

အမျိုးသားတွေ အာရုံစိုက်ကြတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အထတွေထဲမှာ သက်လုံကောင်းကောင်းနဲ့ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝနေဖို့က လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝဖို့အတွက် အခြေခံအားဖြင့် နှလုံးရဲ့ လုပ်ဆောင်ချက်က အဓိကကျပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် လိင်မှုစွမ်းရည်လည်း တိုးတက်လာစေမှာပါ။ နောက်ထပ်အမျိုးသားတို့အတွက် သက်လုံကောင်းပြီး လိင်မှု စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းကောင်းတချို့ ကိုလည်း မျှဝေပေးချင်ပါတယ်။ (၁) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ Photo : Men’s Health နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်တာဟာ နှလုံးကျန်းမာရေး မြှင့်တင်ပေးနိုင်ပြီး သက်လုံကောင်းကောင်းနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပြေးခြင်း ၊ စက်ဘီးနင်းခြင်း ကဲ့သို့ ချွေးထွက်များစေမယ့် လေ့ကျင့်ခန်းတွေ တစ်ရက်ကို နာရီဝက်လောက် လုပ်ဆောင်ပေးတာနဲ့ သင်ရဲ့ […]

အိပ်ရာထဲ ပျိုမတို့ လိုလားတဲ့အရာ

လိင်မှုကိစ္စက ပျော်စရာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်လိုအင် ၊ သူ့လိုအင်ကို သေချာသိနားလည်ထားဖို့ လိုပါတယ်။ အမျိုးသား အများစုကတော့ ကြာကြာစွမ်းဆောင်နိုင်တာ ၊ ညီလေးအရွယ်အစား ဒါတွေက လိင်မှုကိစ္စမှာ ကိုယ့်ရဲ့ပါတနာအတွက် စိတ်ကျေနပ်မှု ပေးနိုင်မယ့် အရာတွေအဖြစ် သတ်မှတ်ထား ကြပါတယ်။ တကယ်တော့ အတိုင်းအတာတစ်ခုအထိ မှန်နိုင်ပေမယ့် သာယာကြည်နူးဖွယ် လိင်မှုဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ လေဒီ တွေ အမှန်တကယ် လိုချင်တောင့်တဲ့ အရာတွေက သပ်သပ်ရှိနေပါသေးတယ်။ ကွီးတို့ရဲ့ ချစ်သူ ၊ လက်တွဲဖော်ပါတနာနဲ့ အိပ်ရာထဲ မှာ ပျော်ပါးချိန်တိုင်း အချစ်နတ်ဘုရားတပါးလို ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် လျှို့ဝှက် လက်နက် အကြံပြုချက်တွေကို သိထားဖို့လိုပါမယ်။ (၁) သန့်ရှင်းမှု ဦးစားပေးပါ Photo : RMIA အိပ်ရာထဲ […]

ဆီးကျိတ်ကင်ဆာ အကြောင်း တစေ့တစောင်း

ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေပြားကင်ဆာပြီးရင် ဒုတိယမြောက် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဟာ ဆီးကျိတ်ကင်ဆာ ပါပဲ။ ဆီးကျိတ်ကင်ဆာအကြောင်း မပြောခင် ဆီးကျိတ်ဆိုတာဘာလဲ အရင်ရှင်းပြ ပေးချင်ပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာရှိတဲ့ သစ်ကြားသီးအရွယ် ဂလင်းတစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ သုက်ရည်ထဲမှာ သုက်ပိုးတွေကို လျင်လျင်မြန်မြန် လှုပ်ရှားသွားလာနိုင်စေဖို့ အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ Photo : Burjeel Hospital ဆီးကျိတ်အတွင်းက ဆဲလ်တွေ တဖြည်းဖြည်း ကြီးထွားခြင်းက ဆီးကျိတ်ကင်ဆာကို ဖြစ်စေတာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ တဖြည်းဖြည်းချင်းပဲ ကြီးထွားလာတက်ပြီး အစောပိုင်းမှာ သိသာထင်ရှားတဲ့လက္ခဏာမျိုးပြလေ့ မရှိပါဘူး။ ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ရောဂါပြင်းထန်တက်ပြီး ကုသမှု မခံယူပါက ကင်ဆာဆဲလ်ပြန့်ပွားမှုနှုန်း အလွန်လျင်မြန်နိုင်ပါတယ်။ […]

Pornography စွဲလန်းခြင်း ဆိုးပြစ်

ညစ်ညမ်းရုပ်ရှင် Pornography စွဲလန်းခြင်းကို ရပ်တန့်ချင်တယ်ဆိုရင် ၎င်းရဲ့ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေကို ဦးစွာ နားလည်ဖို့ လိုပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို နေ့စဉ် စွဲစွဲလန်းလန်း ကြည့်ရှုဖြစ်နေတယ်ဆိုရင်တော့ ရေရှည်မှာ ဆိုးရွားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ များစွာ ကြုံတွေ့ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ညစ်ညမ်းရုပ်ရှင် စွဲလန်းခြင်းရဲ့ အန္တရာယ်ရှိတဲ့ဆိုးကျိုး သက်ရောက်မှုတွေ အကြောင်း ပြောပြပေးပါမယ်။ (၁) လက်တွေ့ဘဝနဲ့ ကွဲလွဲမှုတွေ များစွာကို ဖြစ်ပေါ်စေနိုင်တယ် Photo : Healthaid – Lemonaid Health ညစ်ညမ်းရုပ်ရှင်တွေဟာ ဖျော်ဖြေရေး သပ်သပ်ရိုက်ကူးထားတဲ့ ပြကွက်တွေကို တင်ဆက်ထားတာပါ။ ပြင်ပလက်တွေ့ဘဝထဲက လိင်မှုကိစ္စနဲ့ မတူကွဲလွဲတွေ အများကြီး ရှိနေပါတယ်။ လက်တွေ့မဆန်တဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း ၊ ချဲ့ကားထားတဲ့ လိင်မှုပုံစံတွေနဲ့ ဆက်ဆံရေး အခြေအနေတွေကို […]

အကာအကွယ် စွန့်စားခန်း မဖွင့်နဲ့

ကွီးတို့ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး စွန့်စားခန်း မဖွင့်တာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် အကာအကွယ် မပါပဲ ချစ်တင်းနှော ဖို့ကို စိတ်မကူးသင့်တာပါ။ အကာအကွယ်မဲ့ ချစ်တင်းနှောခြင်းကနေ ကြုံတွေ့ရနိုင်တဲ့ နောက်ဆွဲတွဲ ဆိုးကျိုးတွေက ပြင်းထန်းပါတယ်။ ဒီဆောင်းပါးမှာတော့ အကာအကွယ်မပါပဲ ချစ်တင်းနှော မိတဲ့အခါ ကွီးတို့ ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်းကို ပြောပြပေးပါမယ်။ (၁) မရည်ရွယ်ပဲ ကိုယ်ဝန် ရသွားနိုင်တယ် Photo : Bucks County Women’s Wellness အကာအကွယ် မပါပဲ ချစ်တင်းနှောခြင်းကနေ ကြုံတွေ့ရနိုင်တဲ့ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ မရည်ရွယ်ပဲ ကိုယ်ဝန်ရသွား နိုင်တာပါပဲ။ စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခု အသုံးမပြုပါပဲ ချစ်တင်းနှောမယ်ဆိုရင် ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ ကလေးယူဖို့ အဆင့်သင့်မဖြစ်သေးပဲ […]

ယောကျာ်း လိင်စိတ် တရားခံ

Libido လို့ခေါ်တဲ့ လိင်စိတ် တပ်မက်မှုဟာ စာရေးသူတို့ အမျိုးသားတွေအတွက် အရေးကြီးပါတယ်။ Libido ကျတယ်ဆိုတာဟာ လိင်မှုကိစ္စအပေါ် စိတ်အားတက်ကြွမှု ကျဆင်းတာ တနည်းအားဖြင့် လိင်စိတ်ဆန္ဒ လျှော့ကျတဲ့ ပြဿနာကို ခေါ်ပါတယ်။ ဒီလို အမျိုးသားတွေရဲ့ Libido ကို ကျစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဘယ်အရာတွေ ဖြစ်မလဲ ကွီးတို့ လေ့လာကြည့်လိုက်ပါဦး။ (၁) စိတ်ဖိစီးမှုတွေ အလွန်များနေလို့ Photo : ORSYS Le mag ဒီဘက်ခေတ် လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေဟာ နည်းလမ်းမျိုးစုံ ၊ ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတာနဲ့အမျှ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင် ကဲ့သို့ လိင်မှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှုကို တားဆီးဟန့်တားနေတဲ့ ကော်တီဆောဟော်မုန်းတွေ ပိုမိုထွက်လာစေပါတယ်။ ဒါကြောင့်ပဲ စိတ်ဖိစီးမှုများနေတဲ့အခါမှာ […]

ကွန်ဒုံး ကွီးတို့ ရှောင်

ကွန်ဒုံးတွေဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး အကာအကွယ် တစ်ခုပါ။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အသုံးပြုတက်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ကွန်ဒုံး တွေနဲ့ ပတ်သတ်ပြီး ကွီးတို့ သတိထား ရှောင်ကြဉ်ရမယ့် အရာတွေကို မျှဝေပေးချင်ပါတယ်။ (၁) သက်တမ်းလွန် ကွန်ဒုံးတွေကို မသုံးပါနဲ့ Photo : Palmetto Community Care သက်တမ်း ကုန်ဆုံးနေတဲ့ ကွန်ဒုံးတွေ လုံးဝ (လုံးဝ) အသုံးမပြုသင့်ပါဘူး။ သက်တမ်းလွန် ကွန်ဒုံးတွေဟာ အာနိသင်လျော့ကျနေပြီး အလွယ်တကူ ပေါက်ပြဲလွယ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားတာ ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရတာ စတဲ့ အခြေအနေတွေ ကြုံတွေ့ခံရနိုင်ခြေ […]

ချစ်တင်းနှော ဒဏ်ရာ

လိင်မှုကိစ္စဆိုတာ ပျော်စရာကောင်းပေမယ့် တစ်ခါတစ်ရံမှာတော့ မတော်တဆ ထိခိုက်ဒဏ်ရာနဲ့ အနာတရတွေ ကြုံရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှော တဲ့အခါ အဖြစ်များတဲ့ လိင်မှုဆိုင်ရာ ဒဏ်ရာ အနာတရတွေနဲ့ ၎င်းတို့ကို ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ (၁) လိင်အင်္ဂါ သွေးထွက်ခြင်း Photo : SmartParents ပထမဆုံးအကြိမ် ချစ်တင်းနှော ချိန်မှာ မိန်းမကိုယ် သွေးထွက်တက်သလို ချောဆီ အလုံအလောက်မရတာ သို့မဟုတ် ပြင်းပြင်းထန်ထန် ဆက်ဆံတာတွေဟာလည်း လိင်အင်္ဂါမှာ ဒဏ်ရာအနာတရ ဖြစ်စေနိုင်ပြီး သွေးထွက်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ချွန်ထက်တဲ့ အရာတွေ ဒါမှမဟုတ် လက်သည်းရှည်နဲ့ မိန်းမကိုယ်အတွင်း ထိုးသွင်းနှိုးဆွတဲ့ အခါမှာလည်း မိန်းမကိုယ် သွေးထွက်တဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။ (၂) ကြွက်သား နာကျင်ခြင်း Photo […]

NNN Challenge ကွီးတို့ Fail

No Nut November (NNN) ဆိုတာ နိုဝင်ဘာလထဲ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဖြစ်တဲ့ တစ်ကိုယ်ရည် အသာဖြေခြင်း ၊ ချစ်တင်းနှောခြင်း စတာတွေကို လုံးဝရှောင်ရှားပြီး တစ်လလုံး သုတ်မလွှတ်ပဲ နေနိုင်လားဆိုတာ စိန်ခေါ်ရတဲ့ Challenge ဖြစ်ပါတယ်။ NNNchallenge ဟာ ၂၀၁၁ ခုနှစ်လောက်က စပြီး  ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ပေါ်မှာ စတင်ပေါ်ပေါက် လာခဲ့တာပါ။ Photo : LADbible ယောကျာ်းလေးတွေ ကြားမှာတော့ ဒီ Movement က တော်တော်လေး ရေပန်းစား လူသိများပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများတဲ့ စိန်ခေါ်မှုတစ်ခုလို့ လက်ခံထားကြပါတယ်။ No Nut November စိန်ခေါ်မှုက တကယ်ပဲ အကျိုးများစေတာလား ? ဘယ်လိုကောင်းကျိုးတွေ ရစေနိုင်မလဲဆိုတာ ဆက်လေ့လာ […]

အတွင်းခံ ဖွားဖက်တော် ကျန်းမာရေး

အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း အသုံးပြုနေရတဲ့ အသုံးအဆောင်လို့ ပြောရင် အတွင်းခံတွေကတော့ မပါမဖြစ်ပါပဲ။ အတွင်းခံတွေဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါ ကျန်းမာရေး ၊ လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုတို့နဲ့ ပတ်သတ်ပြီး ကြီးမားစွာ သက်ရော က်မှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဖွားဖက်တော် ကျန်းမာရေး အတွက် အမျိုးသားတွေ သတိပြု ရှောင်ရှားသင့်တဲ့ အတွင်းခံတွေအကြောင်း ပြောပြပေးပါမယ်။ (၁) ချည်သား မဟုတ်တဲ့ အတွင်းခံတွေ ရှောင်ပါ Photo : Evening Standard အတွင်းခံ အမျိုးအစား ရွေးချယ်တဲ့အခါ ချည်သား ဘောင်းဘီတွေကတော့ အကောင်းဆုံးပါပဲ။ ချည်သားနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ ချွေးစုပ်လွယ်ပြီး ကန့်သတ်ဧရိယာ အရေပြားတဝိုက်ကို ခြောက်သွေ့နေစေတာကြောင့် ရောဂါပိုး ကူးစက်နိုင်ခြေကို […]