ရခိုင်ပြည်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်အထိ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ ရှစ်လကြာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေကို အဓိကအင်အားဖြည့် ပြန်လည်ခုခံနေတာကြောင့် ထွက်ပြေး၊ သေဆုံးမှုများပြားပြီး စခန်းဆုတ်ခွာထွက်ပြေးမှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။ “စစ်တပ်က စစ်ကူအင်အားလည်းရသလိုပို့နေတယ်။ စစ်မှုထမ်းတွေများနေတော့ ကျတာများတယ်။ ပို့မလောက်ဘူး။ ပြေးတာနဲ့ သေတာနဲ့။ ချောင်းမှာလည်း စစ်သားတွေတောင်မက သူတို့မိသားစုတွေပါ ထွက်ပြေးရင်းသေကြတာတွေရှိတယ်” လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း အမ်းဘက်ကို စစ်ကူလာတဲ့စစ်ကြောင်းကို AA ဘက်က အမ်းရိုးမအနီး […]
ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၄ရက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိက ဗျူဟာကုန်းကြီးများနှင့် စစ်ကောင်စီ၏ နပခ ပတ်လည်ရှိ တပ်ရင်း၊ တပ်စခန်းရှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ AA သည် အမ်းရှိ နပခဌာနချုပ်၏ ကာကင်းနှင့် စခန်းအချို့ကို သိမ်းယူထားပြီး လက်ကျန် ကျန်ရှိနေသော တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ ကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၃ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။ “အမ်းတိုက်ပွဲတွေက မြို့တွင်းထိရောက်လာပြီ။ နပခက ဘက်ပေါင်းစုံကနေ ပိတ်ဆို့တိုက်ခံနေရတဲ့ သဘောပါ” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနှင့် ကာကင်းစခန်းများအပြင် ခမရ (၃၇၃)-အမှတ် […]