ပုံအညွှန်း-စစ်ကောင်စီဂျက်လေယာဥ်များ(ဓါတ်ပုံ-AFP)။ ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ရဲသတင်းပေးသူ၏ဇနီး သေဆုံးသွားပြီး အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး ဒဏ်ရာရ အရပ်သားများကို ဆေးရုံသို့ပို့ဆောင်ထားရပြီး ရဲသတင်းတပ်ဖွဲ့မှ ဦးဇော်ဇော်ထွန်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမမှာ ဦးခေါင်းလက်နက်ကြီး ကျည်စထိမှန်၍ ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အမ်းမြို့ဒေသခံတဦးက ပြောသည်။ “အမှတ်( ၃ )ရပ်ကွက်က အခုချိန် လူနေအထူထပ်ဆုံးနေရာဖြစ်တယ်။တိုက်ပွဲဖြစ်တာမရှိဘူး။ ဗုံးကြဲလိုက်တဲ့နေရာအနီးအနား လူနေအိမ်အစပ်တွေကို မေးကြည့်လိုက်တာတွေ ဂျက်ဖိုက်တာတွေကြဲပြီးတာနဲ့ အပေါ်ထောင်တက်သွားတယ်တဲ့။ ထိတဲ့အထဲအဘွားအိုရယ်၊ ကလေးတယောက်လည်းပါတယ်။ အဲ့ဒီနေရာကြဲပြီး ရဲတို့ […]
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က အရှိန်အဟုန် မြှင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် အပြင်းအထန်ခုခံနေရာ အမ်းမြို့ကျလျှင် စစ်ကောင်စီ စစ်ရေး၊ နိုင်ငံရေး ဘက်စုံဆုံးရှုံးမည်ဟု လေ့လာသူတို့က ပြောသည်။ AA သည် အမ်းမြို့တွင် စစ်စခန်း ငါးခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး အမ်းမြို့ဟောင်းကို ထိန်းချုပ် ထားသည်ဟု သတင်းများထွက်နေသော်လည်း မြို့ဟောင်းအနီး လေယာဉ်ကွင်းဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ လက်ရှိတွင် အမှတ် ၃၇၄ အမြောက်တပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)နှင့် လေယာဉ် ကွင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦး က ပြောသည်။ “တိုက်ပွဲက အားလုံးဘက်မှာဖြစ်နေတယ်။ ဟိုဘက်က ဖြစ်လိုက်၊ ဒီဘက်ကဖြစ်လိုက် ဘယ်နေရာက ငြိမ်နေတယ်မရှိဘူး” ဟု […]