ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)အဖွဲ့၏ စစ်သားစုဆောင်းမှုနှင့် အုပ်ချုပ်ရေးဖော်ဆောင်မှုကြောင့် စိုးရိမ် ထိတ်လန့်နေ ကြသည်ဟု ဒေသခံများက ပြောကြသည်။ စစ်ကောင်စီတပ် ရှိနေသည့် တန့်ယန်းမြို့ကို ဒေသငြိမ်းချမ်းရေးအတွက်ဟုဆိုကာ ဇူလိုင် လဆန်းတွင် UWSA တပ်ဖွဲ့က အင်အားအလုံးအရင်းနှင့် ဝင်ရောက် တပ်စွဲကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခဲ့သည်၊ အရွယ်ရောက်ပြီးသူ အမျိုးသားများကို စစ်မှုထမ်းရန် စတင် စာရင်းကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။ စက်တင်ဘာလကုန်မှစတင်ကာ UWSA မှ ဗိုလ်အဆင့်အရာရှိ တစ်ဦး သို့မဟုတ် စစ်ကြောင်းမှူးတစ်ဦး ပါဝင်သည့် အဖွဲ့က ရွာများတွင် စစ်မှုထမ်းရမည့်သူကို တစ်အိမ်တက်ဆင်း မဲနှိုက်သည့် စနစ်ဖြင့် ကောက်ယူခဲ့သည်ဟု တန့်ယန်းမြို့ခံ အသက် ၂၀ ကျော်အရွယ် […]