ylliX - Online Advertising Network

စိတ်ကြွဆေးပြားများ တရားမဝင်တင်သွင်းရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား သုံးဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

၂၄.၁၁. ၂၀၂၄Written by Shwe Phyo အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) အဖွဲ့ နှင့် မာတစ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် မာတစ် ဒေသအနောက်ပိုင်းတွင် တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများကို စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ ဖြစ်စဥ်များ၌ ထရီပူရာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးရှိ မာတစ်မြို့တွင်နေထိုင်နေသော မြန်မာနိုင်ငံသားတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့အပြင် အိန္ဒိယအာဏပိုင်များသည် မီဇိုရမ်ပြည်နယ်ရှိ Zamuang ကျေးရွာအနီးမှ ဖြတ်သန်းမောင်းနှင်သွားသော ကားတစ်စီးကို ထပ်မံတားဆီး ရပ်တန့်စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အိန္ဒိယရဲတပ်ဖွဲ့က အဆိုပါဖမ်းဆီးရမိမှုနှစ်ခုအတွင်း မြန်မာနိုင်ငံ၊ ဖလမ်းမြို့တွင်နေထိုင်သူတစ်ဦးအပါအဝင် […]