RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]
RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။ ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀ ဦး၊ GZA မှ ၁ ဦး […]
RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ABSDF အမှတ် ၃ စစ်ကြောင်းတွင် ပြုလုပ်သော ၃၆ နှစ်မြောက် အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကြောင်းမှူး ရဲဘော်မင်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဗဟိုကော်မတီ ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားခြင်း၊ ဗဟိုကော်မတီ ဥက္ကဌ မှ ရဲဘော်ထုသို့ ပေးပို့သည့် သဝဏ်လွှာ အားဖတ်ကြားခြင်း အဖွဲ့အစည်းအသီးသီးမှ ပေးပို့သည့် ၃၆ နှစ်မြောက် ဂုဏ်ပြုသဝဏ်လွှာများ ဖတ်ကြားခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။ #RedNewsAgency #RedNews #RNA Source […]
“ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်” ကျော်ရန်နိုင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို […]
RNA_အောက်တိုဘာ(၂၁)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်း၊ သန္ဓီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲများရရှိခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA ရဲဘော်များ အညာဒေသတနေရာတွင် ပြည်သူလူထုက ဝမ်းသာအားရ တခဲနက် ကြိုဆိုခဲ့သော မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency #RNA #people #AhNyar Source link