ylliX - Online Advertising Network

ဂါဇာရှိအရပ်သားများကို “လူသားဒိုင်း” အဖြစ် အသုံးပြုကြောင်း အစ္စရေးစစ်သားများက ဝန်ခံခဲ့သည်ဟု အမေရိကန်မီဒီယာ ဖော်ပြ

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အစ္စရေးတပ်များက ဂါဇာကမ်းမြောင်ဒေသတွင် ထောင်ချောက်မိုင်းများချထားနိုင်သည့် အဆောက်အအုံများနှင့် ဥမင်လိုဏ်ခေါင်းများအတွင်းသို့ ဝင်ရောက်ရန် အများအားဖြင့် ပါလက်စတိုင်းအရပ်သားများကို အတင်းအကျပ် တွန်းအားပေးလေ့ရှိပြီး အစ္စရေးစစ်တပ်အတွက် လမ်းကြောင်း ရှာဖွေပေးရန် လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့ကြောင်း အစ္စရေးစစ်သားတစ်ဦးနှင့် အစ္စရေးစစ်တပ် ဖမ်းဆီးခြင်းခံခဲ့ရသော ပါလက်စတိုင်း ၅ ဦးက ပြောကြားခဲ့ကြောင်း အမေရိကန် ကေဘယ် သတင်းကွန်ယက် (CNN) က အောက်တိုဘာ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။“နိုင်ငံတကာဥပဒေတွေကို ဂရုမစိုက်နဲ့”CNN သတင်းထောက်များသည် အစ္စရေးစစ်သားများအတွက်အသံထွက်ခွင့်ပေးသည့် အဖွဲ့အစည်းဖြစ်သည့် “Breaking The Silence” မှတစ်ဆင့် အစ္စရေးစစ်သားတစ်ဦးထံ ဆက်သွယ်ခဲ့ပြီး ၎င်းရှိရာ တပ်ဖွဲ့က ပါလက်စတိုင်းအရပ်သားများကို “လူသားဒိုင်း” အဖြစ် အသုံးပြုစဉ် ရိုက်ကူးခဲ့သောဓာတ်ပုံများကို ရရှိခဲ့သည်။ ယင်းဓာတ်ပုံများအနက် […]

လက်ဘနွန်နဲ့ ဂါဇာကို အစ္စရေး တပြိုင်တည်းတိုက်ခိုက်

လက်ဘနွန်နိုင်ငံမြို့တော်မှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနလို့ဆိုတဲ့ နေရာတခုကို အစ္စရေးက ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ ဂါဇာဒေသမှာတော့ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းမှာတင် လူ ၇၃ ယောက် သေဆုံးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောလိုက်ပါတယ်။ အီရန်က အားပေးထောက်ခံနေတဲ့ ဟက်ဇ်ဘူလာအဖွဲ့ဟာ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲခဲ့ပြီးနောက်ပိုင်း ဘေရွတ်မြို့တော်က အမာခံစခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ ဂါဇာစစ်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေရဲ့ ကျုးကျော်တိုက်ခိုက်မှု ကြုံခဲ့ရတဲ့ ဂျူးလူမျိုးတွေရဲ့ ရက်ရှည်အားလပ်ရက် Sukkot ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဘေရွတ်မြို့တော်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း Haret Hreik အရပ်က ဆေးရုံနဲ့ […]