ylliX - Online Advertising Network
ဂါဇာရှိအရပ်သားများကို “လူသားဒိုင်း” အဖြစ် အသုံးပြုကြောင်း အစ္စရေးစစ်သားများက ဝန်ခံခဲ့သည်ဟု အမေရိကန်မီဒီယာ ဖော်ပြ

ဂါဇာရှိအရပ်သားများကို “လူသားဒိုင်း” အဖြစ် အသုံးပြုကြောင်း အစ္စရေးစစ်သားများက ဝန်ခံခဲ့သည်ဟု အမေရိကန်မီဒီယာ ဖော်ပြ


ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အစ္စရေးတပ်များက ဂါဇာကမ်းမြောင်ဒေသတွင် ထောင်ချောက်မိုင်းများချထားနိုင်သည့် အဆောက်အအုံများနှင့် ဥမင်လိုဏ်ခေါင်းများအတွင်းသို့ ဝင်ရောက်ရန် အများအားဖြင့် ပါလက်စတိုင်းအရပ်သားများကို အတင်းအကျပ် တွန်းအားပေးလေ့ရှိပြီး အစ္စရေးစစ်တပ်အတွက် လမ်းကြောင်း ရှာဖွေပေးရန် လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့ကြောင်း အစ္စရေးစစ်သားတစ်ဦးနှင့် အစ္စရေးစစ်တပ် ဖမ်းဆီးခြင်းခံခဲ့ရသော ပါလက်စတိုင်း ၅ ဦးက ပြောကြားခဲ့ကြောင်း အမေရိကန် ကေဘယ် သတင်းကွန်ယက် (CNN) က အောက်တိုဘာ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
“နိုင်ငံတကာဥပဒေတွေကို ဂရုမစိုက်နဲ့”
CNN သတင်းထောက်များသည် အစ္စရေးစစ်သားများအတွက်အသံထွက်ခွင့်ပေးသည့် အဖွဲ့အစည်းဖြစ်သည့် “Breaking The Silence” မှတစ်ဆင့် အစ္စရေးစစ်သားတစ်ဦးထံ ဆက်သွယ်ခဲ့ပြီး ၎င်းရှိရာ တပ်ဖွဲ့က ပါလက်စတိုင်းအရပ်သားများကို “လူသားဒိုင်း” အဖြစ် အသုံးပြုစဉ် ရိုက်ကူးခဲ့သောဓာတ်ပုံများကို ရရှိခဲ့သည်။ ယင်းဓာတ်ပုံများအနက် တစ်ပုံသည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းတွင် လက်များကို ချည်နှောင်ထားပြီး မျက်လုံးများစည်းခံထားရသော ပါလက်စတိုင်း “လူသားဒိုင်း” နှစ်ဦး၏ ဘေးတွင် အစ္စရေးစစ်သားတစ်စု ရှိနေသည့် ပုံဖြစ်သည်။
အဆိုပါ စစ်သား၏ အဆိုအရ ၎င်းရှိရာ တပ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၌ လှုပ်ရှားနေစဉ် အစပိုင်းတွင် အစ္စရေးစစ်တပ်လုပ်ထုံးလုပ်နည်းများကို လိုက်နာခဲ့ရာ သံသယဖြစ်ဖွယ် အဆောက်အအုံတစ်ခုသို့ မဝင်ရောက်မီ အနံ့ခံခွေးတစ်ကောင်ကို စေလွှတ်ခြင်း၊ သို့မဟုတ် တင့်ကားမှ အမြောက်တစ်ချက် ပစ်ခတ်ခြင်း သို့မဟုတ် သံချပ်ကာဘူဒိုဇာများကိုအသုံးပြု၍ စူးစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် နွေဦးရာသီ၏ နေ့တစ်နေ့တွင်မူ အစ္စရေးထောက်လှမ်းရေးအရာရှိက အစ္စရေးစစ်တပ်က ဖမ်းဆီးထားသော အသက် ၁၆ နှစ်နှင့် ၂၀ နှစ်အရွယ် ပါလက်စတိုင်း ၂ ဦးကို ခေါ်ဆောင်လာခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ထောက်လှမ်းရေးအရာရှိက ၎င်းတို့နှစ်ဦးသည် ပါလက်စတိုင်းအစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့်ဆက်နွှယ်နေပြီး အန္တရာယ်ရှိသော နေရာများကို ရှာဖွေရန် ၎င်းတို့ကို “လူသားဒိုင်း” အဖြစ် အသုံးပြုရန်နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်များ ခင်းကျင်းထားသည့် ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲပစ်ရေးအတွက် ၎င်းတို့ကို အသုံးပြုရန် တပ်ဖွဲ့ဝင်များအား အတိအလင်း ပြောကြားခဲ့ကြောင်း သိရသည်။
“တကယ်လို့ အဆောက်အအုံထဲမှာ ထောင်ချောက်ရှိရင် သေတာက သူတို့ ဖြစ်မှာ၊ ငါတို့ မဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

အထက်လူကြီး၏ ဤကဲ့သို့သော တောင်းဆိုမှုအမိန့်ကြောင့် ထိုစစ်သားက အံ့အားသင့်သွားခဲ့ပြီး သံသယဖြစ်သွားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တပ်မှူးက “နိုင်ငံတကာဥပဒေတွေဂရုစိုက်မနေနဲ့”၊ အစ္စရေး စစ်သားများ၏ ဘဝက “ပိုအရေးကြီးတယ်” ဟု ပြောကြားခဲ့သည်။

အမိန့်ကို အကောင်အထည်ဖော်ပြီး နှစ်ရက်အကြာတွင် အဆိုပါစစ်သားနှင့် ၎င်း၏ရဲဘော်ရဲဘက်များက ဆက်လက်လိုက်နာရန် ငြင်းဆိုခဲ့ပြီး တပ်မှူးနှင့်ပါ ပဋိပက္ခဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးတွင် တပ်မှူးက အလျှော့ပေး၍ ထိုပါလက်စတိုင်းနှစ်ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထိုနှစ်ဦး ပြန်လွှတ်ပေးခံရပြီးနောက် ၎င်းတို့သည် ဟားမက်စ်နှင့် မသက်ဆိုင်ကြောင်း၊“အကြမ်းဖက်သမားတွေမဟုတ်ပါဘူး” ဟု ပြောပြခဲ့သည်ဟု ၎င်းက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် မြောက်ဘက်မှတောင်ဘက်သို့လှုပ်ရှားနေသော အစ္စရေးတပ်ဖွဲ့များတွင် အများအားဖြင့် ဤသို့ လုပ်ဆောင်လေ့ ရှိကြောင်း အဆိုပါအစ္စရေးစစ်သားနှင့် အသက်ရှင်ကျန်ရစ်သည့် “လူသားဒိုင်း” ၅ ဦး၏ ထွက်ဆိုချက်များအရ CNN က သတင်းဖော်ပြထားသည်။ အစ္စရေးစစ်တပ်၏ကြေညာချက်တစ်ခုတွင်မူ ဖမ်းဆီးခံထားရသော ဂါဇာအရပ်သားများအား စစ်ရေးလှုပ်ရှားမှုများတွင် အသုံးချခြင်းကို အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က တင်းတင်းကျပ်ကျပ်တားမြစ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

အရပ်သားများကို စစ်ရေးလှုပ်ရှားမှုများတွင် အကာအကွယ်အဖြစ် အသုံးပြုခြင်း သို့မဟုတ် အရပ်သားများကို စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် အတင်းအကြပ် စေခိုင်းခြင်းတို့ကို နိုင်ငံတကာဥပဒေက တားမြစ်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၂၀၀၅ ခုနှစ်ကတည်းကပင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းအရပ်သားများအား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဝင်ဟု သံသယရှိသူများ၏ အိမ်တံခါးကို ဖောက်ရန်စေခိုင်းခဲ့သည်ဟု ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့အစည်းများကစွပ်စွဲခဲ့သည်။ ဤလုပ်ရပ်သည် “ရက်စက်ပြီး ရိုင်းစိုင်း” သောကြောင့် အတိအလင်းတားမြစ်ထားသည်ဟု အစ္စရေးတရားရုံးချုပ် တရားသူကြီးတစ်ဦးက ဆိုခဲ့သည်။

တစ်ဖက်တွင်မူ ဟားမက်စ်သည် ဂါဇာ အရပ်သားများကို “လူသားဒိုင်း” များအဖြစ် အသုံးပြုနေသည်ဟု အစ္စရေးကကာလရှည်ကြာ စွပ်စွဲခဲ့ပြီး ယင်းကို အကြောင်းပြ၍ ဂါဇာရှိ လူနေရပ်ကွက်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ စသည့် စစ်ဘက်မဟုတ်သော ပစ်မှတ်များကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေခြင်းအပေါ် ဖြေရှင်းချက်ပေးခဲ့သည်။

တွေ့ဆုံမေးမြန်းခဲ့သည့် အဆိုပါစစ်သားသည် အစ္စရေး၏ပြောဆိုချက်ကို မူလက နက်နက်ရှိုင်းရှိုင်း ယုံကြည်သောကြောင့်အစ္စရေးစစ်တပ်က အရပ်သားများကို “လူသားဒိုင်း” အဖြစ်အသုံးပြုသည်ကို မြင်တွေ့ရသောအခါတွင် “ပို၍ကြေကွဲ“ ခဲ့ရကြောင်း၊ “အစ္စရေး ကာကွယ်ရေးတပ်များသည် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နည်းလမ်းကိုမသုံးသင့်” ဟု ပြောကြားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြခဲ့သည်။
ကလေးငယ်များလည်း “လူသားဒိုင်း” ဖြစ်လာ
CNN သတင်းထောက်က အစ္စရေးစစ်တပ်၏ “လူသားဒိုင်း” အဖြစ် အတင်းအကျပ်ခိုင်းစေခြင်းခံခဲ့ရသော ဂါဇာရှိ ပါလက်စတိုင်း ၅ ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းတို့၏ အတွေ့အကြုံများသည် အဆိုပါအစ္စရေးစစ်သား၏ ဖော်ပြချက်နှင့် ကိုက်ညီနေသည်။

အသက် ၂၀ နှစ်အရွယ်ရှိသော Mohammed Saad သည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂျဘာလီယာဒေသမှ တောင်ဘက် ခန်းယွန်နစ်မြို့သို့ ထွက်ပြေးလာခဲ့ရာ ရာဖာမြို့ အနီးတွင်ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ရယူနေစဉ် အစ္စရေးစစ်တပ်က ၎င်းနှင့် ၎င်း၏ ညီလေးကို စခန်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၄၇ ရက်ကြာ ထိန်းသိမ်းထားခံခဲ့ရပြီး ထိုကာလအတွင်း အစ္စရေးစစ်တပ်အား လမ်းကြောင်းရှာဖွေပေးရန် အကြိမ်ပေါင်းများစွာ အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။

“သူတို့က ကျွန်တော်တို့ကို စစ်ယူနီဖောင်းဝတ်ပေးပြီး ကင်မရာတပ်ထားတယ်၊ သတ္တုဖြတ်တောက်တဲ့ဓားတစ်ချောင်းလည်းပေးထားတယ်”၊ အစ္စရေးစစ်တပ်က အခန်းတွင်းရှိ ဥမင်လိုဏ်ခေါင်းများကို ရှာဖွေရာတွင် ထောင်ချောက်မိုင်းအန္တရာယ်မှ ကာကွယ်ရန် “လူသားဒိုင်းများ” ကို ကော်ဇော ရွှေ့ကြည့်ခိုင်းကြောင်း၊ “တကယ်လို့ သူတို့တစ်ခုခုတွေ့ခဲ့ရင် ကျွန်တော်တို့ကိုအရင်ဝင်ခိုင်းတယ်၊ ဥပမာ ကျွန်တော်တို့ကို အိမ်ထဲက ပစ္စည်းတွေကို အပြင်ထုတ်ခိုင်း၊ အခန်းသန့်ရှင်းရေး၊ ဆိုဖာရွှေ့၊ရေခဲသေတ္တာဖွင့်၊ ဗီရိုတွေကို ဖွင့်ခိုင်းတယ်” ဟု Saad က ပြောကြားခဲ့သည်။

တစ်ခါက Saad သည် အစ္စရေးတင့်ကားတစ်စီးနား ချဉ်းကပ်စဉ်တွင် အစ္စရေးစစ်တပ်က နောက်ကျောကို သေနတ်ဖြင့် ပစ်ခဲ့သည်။ အံ့ဩဖွယ် ၎င်းအသက်ရှင်ကျန်ရစ်ခဲ့သည်။ အစ္စရေးစစ်တပ်က ၎င်းကို အစ္စရေး ဆော်ရိုကာ တက္ကသိုလ် ဆေးရုံသို့ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့သည်။ ယင်းတွင် CNN ၏တွေ့ဆုံမေးမြန်းမှုကို ခံယူခဲ့ပြီး ၎င်းနောက်ကျောရှိ ကျည်ဆန်ရာကို သတင်းထောက်အား ပြသခဲ့သည်။

အချို့သော “လူသားဒိုင်း” များသည် အရွယ်မရောက်သေးသူများဖြစ်သည်။ ခန်းယွန်နစ်မြို့တွင် အစ္စရေးစစ်တပ်၏ ရုတ်တရက်တိုက်ခိုက်မှု တစ်ခုအတွင်း ၎င်း၏အဖေနှင့် ညီမလေးသေဆုံးခဲ့ပြီး ၎င်းအား လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့ကြောင်း အသက် ၁၇ နှစ်ရှိ Mohammed Shibel က ပြောကြားခဲ့သည်။ “သူတို့က ကျွန်တော့်ကို “လူသားဒိုင်း” အဖြစ် အသုံးပြုပြီး အစ္စရေးစစ်တပ်က ဖြိုချဖို့ ပြင်ဆင်နေတဲ့ အိမ်ခန်းစတဲ့နေရာမျိုးတွေကို ခေါ်သွားခဲ့တယ်၊ အဲ့နေရာတွေမှာ အန္တရာယ်ရှိနိုင်တဲ့ဒါမှမဟုတ် မြေမြှုပ်မိုင်းတွေ မြှုပ်ထားတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အသက် ၅၉ နှစ်အရွယ် ဒေါက်တာ Yahya Khalil Kayali သည်ယခုနှစ် မတ်လတွင် ဂါဇာမြို့ရှိ ရာဖာ ဆေးရုံကို အစ္စရေးစစ်တပ်၏ နှစ်ပတ်ကြာ ဝိုင်းရံတိုက်ခိုက်မှုနှင့် သိမ်းပိုက်ထားသော ကာလအတွင်း ဖမ်းဆီးခံခဲ့ရသည်။ အစ္စရေးစစ်သားများသည် တိုက်ခန်းအဆောက်အအုံတစ်ခုအတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ထောင်ချောက်များ ရှိ၊မရှိ စစ်ဆေးရန် ၎င်းကို အခန်းတစ်ခန်းချင်း၊ အိမ်တစ်အိမ်ချင်း စစ်ဆေးခိုင်းခဲ့သည်။ အကယ်၍ ဟားမက်စ် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကိုတွေ့ရှိပါက အစ္စရေး တင့်ကားများက ချက်ချင်း ပစ်ခတ်မည်ဖြစ်သည်။ Kayali သည် မကြာမီတွင် မိမိအသတ်ခံရမည်ကိုစိုးရိမ်ရရုံသာမက ထိုတိုက်ခန်း အဆောက်အအုံများအနက် တစ်ခုတွင် နေထိုင်နေသည့် ကလေးငယ်စသည့် မိသားစုဝင်များကိုပိုစိုးရိမ်နေပေသည်။ ကံကောင်းထောက်မစွာ ထိုအဆောက်အအုံများတွင် လူနေထိုင်ခြင်းမရှိခဲ့ပေ။ တိုက်ခန်းပေါင်း ၈၀ တိတိကိုစစ်ဆေးခိုင်းပြီးနောက် Kayali ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယွန်နစ်မြို့၌ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသော အစ္စရေးစစ်တပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့)

………………………
(Chinese Version)
美媒:以军士兵承认用加沙平民当“人盾”
新华社北京10月26日电 美国有线电视新闻网(CNN)24日报道,一名以色列军人和5名曾被以军抓走的巴勒斯坦人说,以军在加沙地带普遍强迫巴勒斯坦平民进入可能布设诡雷的建筑物和地道,充当“人肉盾牌”,给以军探路。
“别管国际法”
CNN记者经由为以色列军人提供发声渠道的“打破沉默”组织联系到一名以色列军人,并获得他所在部队用巴勒斯坦平民当“人盾”时拍摄的照片。其中一张显示,在加沙地带北部,两名巴勒斯坦“人盾”被绑着手、蒙着眼,旁边是一群以军士兵。
按照这名军人的说法,他所在部队在加沙地带北部行动时,一开始遵守以军标准程序,在进入一座可疑建筑前,要么派出一条嗅爆犬,要么由坦克开一炮,抑或动用装甲推土机进行试探。报道说,今年春天某日,以军情报官带来以军抓来的两名巴勒斯坦人,年龄分别为16岁和20岁。情报官称两人关联巴勒斯坦伊斯兰抵抗运动(哈马斯),明确告诉部队,用他们当“人盾”探查危险场所,利用他们引爆哈马斯武装人员可能布设的爆炸装置。
“如果房子里有陷阱,炸死的会是他们,不是我们。”
上级的要求令这名军人非常震惊,并表示质疑。指挥官却告诉他们,“别管国际法”,以军自己的性命“更重要”。
这名军人说,执行命令两天后,他和同袍拒绝继续照做,还同指挥官发生矛盾。后者最终让步,放了那两名巴勒斯坦人。那两人获释说明他们跟哈马斯并无关系,“不是恐怖分子”。
CNN报道,根据这名以色列军人和5名幸存 “人盾” 的证词,在加沙地带从北到南行动的以军部队普遍存在这种做法。而以色列军方在一份声明中称,以色列国防军严格禁止在军事行动中利用已抓捕的加沙平民。
报道说,国际法禁止用平民为军事活动做掩护或强迫平民从事军事行动。早在2005年,就有巴勒斯坦人权团体指控以军让巴勒斯坦平民敲开疑似抵抗武装人员的家门。以色列最高法院法官称这一做法“残忍且野蛮”,明令禁止。
另一方面,以色列长期指认哈马斯把加沙平民用作“人盾”,并以此为以军轰炸加沙居民区、医院、学校等非军事目标作辩解。CNN报道说,接受采访的那名军人原本深信以方这番说辞,因此,当他看到以军强迫平民当“人盾”时,觉得“更加痛苦”,“以色列国防军不该用恐怖组织的手段”。
儿童也成“人盾”
CNN记者采访了5名曾遭以军强迫充当 “人盾” 的加沙巴勒斯坦人,其遭遇与这名以军士兵所述相符。
穆罕默德·萨阿德,现年20岁,从加沙地带北部杰巴利耶地区一路南逃到汗尤尼斯市,在拉法市附近打算领取救济物资时,和弟弟一起被以军抓到一座营地,关了47天,其间多次被迫给以军探路。
“他们给我们穿上军装,戴上摄像头,给我们一把金属切割刀。”萨阿德说,以军在房内搜索地道时,会叫“人盾”挪开地毯,以防诡雷。“如果他们发现了什么,会叫我们先进去。比如,让我们把房子里的东西搬出来,清理房间,挪开沙发,打开电冰箱,打开橱柜。”

一次,当萨阿德靠近一辆以军坦克时,背部被以军开枪击中。他奇迹般地活了下来。以军把他送到以色列索罗卡大学医学中心治疗。他在那里接受CNN采访,并让记者看了后背的弹痕。
一些“人盾”是未成年人。17岁的穆罕默德·什贝尔说,以军在汗尤尼斯市一次突袭中杀害他的父亲和妹妹,把他铐走。“他们用我当人盾,带我进入以军准备拆除的房屋等地方,那里可能有危险或者埋了地雷。”
59岁的叶海亚·哈利勒·卡雅利医生在今年3月以军对加沙城希法医院持续两周的围攻和占领期间被抓走。以军士兵要求他在一排公寓楼内一个房间一个房间、一户一户地检查里面是否有武装人员或者陷阱。如果发现有哈马斯武装人员,以军坦克会马上开炮。卡雅利不仅担心自己很快会被杀死,更担心住在其中一栋公寓楼里的孩子等家人。还好,这些楼里空无一人。足足被迫检查80户公寓后,卡雅利获释。(胡若愚)
图说:这张以色列国防军2023年11月2日发布的照片显示,以军地面部队在加沙地带内部开展军事行动。新华社发(以色列国防军供图)
图说:这张以色列国防军2023年12月25日发布的照片显示,以军地面部队在加沙地带南部汗尤尼斯开展军事行动。新华社发





Source link

Leave a Reply

Your email address will not be published. Required fields are marked *