ရာဇသတ်ကြီးပုဒ်မ – ၉၆ အရ ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးအရ ပြုလုပ်သော ပြစ်မှုများမှာ ပြစ်မှုမ မြောက်ပါ။ ခိုးမှု ၊ လုယက်မှု ၊ အကျိုးဖျက်စီးမှု ၊ ပြစ်မှုမကင်းသော ကျော်နင်းမှုတို့အား ပြုလုပ်ရန် အားထုတ်သူ၊ ကျူးလွန်သူအား တားဆီးခြင်း ပြုနိုင်ပါသည်။ မိမိပိုင် (သို့) အခြားသူပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား တားဆီးကာကွယ်ခြင်း ပြုနိုင်သည်ဖြစ်ရာ ကာကွယ်ခုခံမှုပြုရာတွင် လိုအပ်သည်ထက်ပို၍ ကာကွယ်ခုခံပိုင်ခွင့်တော့ မရှိပါ။ ပြည်သူ့ဝန်ထမ်းအား အကာအကွယ်စောင့်ရှောက်မှုပြုနိုင်ရန် တိုင်ကြားခွင့်အချိန်ရှိသော ကိစ္စရပ်များတွင် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေး မရနိုင်ပါ။ ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း အားထုတ်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် မိမိအား ဘေးအန္တရာယ် စတင်ဖြစ်ပေါ်သည်နှင့် ကာကွယ်ခုခံနိုင်မှုလဲ စတင်ပါသည်။ ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် ကာလတလျှောက်တွင် ကာကွယ်ခုခံပိုင်ခွင့်လဲ […]
တရားမမှုဖြင့် အမှုဖွင့်လှစ် တရားစွဲဆိုရသော ငွေရေးကြေးရေး ကိစ္စရပ်များ၊ နစ်နာကြေး၊ လျော်ကြေး ကိစ္စရပ်များတွင် ကာလစည်းကတ်ဥပဒေပါ အချိန်ကာလအတွင်း အမှုဖွင့်လှစ် တရားစွဲဆိုခြင်း ၊ ချေပပြောဆိုခြင်း ပြုရမည်ဖြစ်ပါသည်။ ကာလစည်းကမ်းသတ် ကုန်ဆုံးခြင်းမှာ ရုံးပိတ်ရက်အတွင်းဖြစ်ပြီး တစ်ရက် နှစ်ရက်သာ ကာလစည်းကမ်းသတ် ကျော်လွန်ခြင်းဖြစ်ပါက ရုံးဖွင့်ရက်တွင် တရားစွဲဆိုခြင်း ဆောင်ရွက်နိုင်ပါသည်။ အမိန့်တစ်ရပ်အတွက် အယူခံဝင်ခြင်းပြုရာတွင်လဲ မိတ္တူမှန် ရရှိရေးအတွက် လိုအပ်သောအချိန်ကာလအား ကာလစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တားဝရမ်း အမိန့်တစ်ရပ်ရပ်ဖြင့် ရပ်ဆိုင်းထားခြင်းရှိပါက အဆိုပါ အချိန်ကာလအား ကာစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တရားမမှုများ၌ တရားဝင်ဆက်ခံခွင့်ရှိသူ ကိုယ်စားလှယ်၏ အခွင့်အရေးမှာ တရားလို / တရားပြိုင် သေဆုံးချိန်တွင် စတင်၍ ကာလစည်းကမ်း သတ်ရေတွက်ရမည်ဖြစ်ပါသည်။ တရားပြိုင်မှာ နိုင်ငံအတွင်း မရှိနှင့်နေပါကလဲ ၎င်းနိုင်ငံခြား ရောက်ရှိနေချိန်ကို […]