မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသည် ၈၀ ကျော် တင်ဆောင်လာသည့် စက်လှေတစ်စင်း တိမ်းမှောက်ကာ သုံးလသား ကလေးအပါအဝင် ၁၁ ဦး သေဆုံးပြီး လူ ၆၀ ကျော်ပျောက်ဆုံးနေသည်ဟု ဒေသခံများနှင့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၀) ည ၉ နာရီခန့်က ကျောက္ကာရွာမှ မြိတ်မြို့သို့သွားသည့် ခရီးသည်တင် စက်လှေသည် ထိုရွာအနီး ပင်လယ်ပြင်တွင် တိမ်းမှောက်သွားပြီး ယနေ့ ( အောက်တိုဘာ ၂၁) နံနက်အထိ ရုပ်အလောင်း ၁၁ လောင်းရှာဖွေတွေ့ရှိထားသည်၊ ခရီးသည် ၆၀ ကျော် ပျောက်ဆုံးနေသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ကျောက္ကာရွာဆရာတော် အရှင်သုန္ဒရက Myanmar Now ကို […]
ဆယ်ပေါင်တူ – သောက်ပေါ သောက်ပု၏ ’သီပေါ’ ခြောက်အိပ်မက် (မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄ ကြင်စိုးရဲ့ ရီဝေဝေအကြည့်တွေကို မခံနိုင်တော့တဲ့အဆုံး အသာခေါင်းငုံ့ မျက်လွှာချလိုက်ရတဲ့သူက ဘယ်သူမှတော့ မဟုတ်၊ မဲလုံးသာ ဖြစ်ပါတယ်။ ဟိုစိတ် ဒီစိတ်နဲ့ရယ်တော့ မဟုတ်ပါဘူး၊ ဒီရက်ပိုင်း သူ့တူတော်မောင် ‘ပြေးတော့မယ် ဂန့်ပြီ’ ဆိုပြီး ကိစ္စချောသွားတာနဲ့ ပတ်သက်ပြီး ကြင်စိုးတယောက် မဲလုံးအပေါ် ကရုဏာသက်နေမိလို့ပါ။ မဲလုံးက ‘ကျနော် အရမ်းနှမြောတယ်ဗျာ’လို့ ကြေကွဲသံတဝက်နဲ့ ပြောတော့ ‘အေးကွာ ငယ်ငယ်ပဲ ရှိသေးတယ်’ လို့ ပြန်နှစ်သိမ့်လိုက်တယ်။ မဲလုံးက ကြင်စိုးကို နားမလည်သလိုနဲ့ ပြန်ကြည့်ပြီး ‘ကျနော် နှမြောတယ် ဆိုတာက သူနဲ့ အတူ သိမ်းမိသွားတဲ့ ရေမဆေးကျောက်တွေနဲ့ ကျောက်စိမ်းလက်ကောက်နှစ်ကွင်းကို […]
အမဲစက်တွေကြောင့် အသားအရေမညီမညာဖြစ်တာတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကျနေရင် အခုပြောပြမယ့် ရှားစောင်းလက်ပတ်ကို သုံးပြီး လုပ်လို့ရတဲ့နည်းတချို့ကို အိမ်မှာလုပ်ကြည့်ပါ။ 1.Tomato and Aloe Vera ခရမ်းချဉ်သီးမှာ Antioxidants နဲ့Vitamin A ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံနဲ့ အမဲစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် ၁ ဇွန်း ၊ ရှားစောင်းလက်ပတ်ဂျယ် ၃ ဇွန်း ၊ Glycerin 1/4 ဇွန်း တို့ကို သမအောင်မွှေပြီး ညအိပ်ဂျယ်အဖြစ် သုံးပေးပါ။ ဒါကို ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး ၅ ရက် လောက်အထိ သုံးလို့ရပါတယ်။ 2.Onion and Aloe Vera ဗီတာမင် C ကြွယ်ဝတဲ့ ကြက်သွန်နီသေးသေးလေးက အစက်အပြောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို တင်းရင်းစေပါတယ်။ […]