ylliX - Online Advertising Network

အမှိုက်ကောက်သူတစ်ဦးကို သတင်းပေးစွပ်စွဲ၍ ကြိုပင့်ကောက် PDF သတ်ဖြတ်

အမှိုက်ကောက်သူတစ်ဦးကို သတင်းပေးစွပ်စွဲ၍ ယမန်နေ့က သတ်ဖြတ်လိုက်သည်ဟု ကြိုပင့်ကောက် PDF အဖွဲ့က ဝန်ခံချက်ကို ယနေ့ထုတ်ပြန်သည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၃ ရက် (စနေနေ့) နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ဒေါင်းလူးရွာအနီးတွင် အမှိုက်ကောက်သူ ကိုထွန်းမင်းစိုး ဆိုသူတစ်ဦးကို စစ်တပ်သတင်းပေးဆိုကာသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း NUG ဩဇာခံ Dragon Brothers (GBK-PDF) ကြို့ပင်ကောက်မြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝန်ခံထားသည်။ ကြို့ပင်ကောက်မြို့ ၊ နဂါးနီလမ်းတွင် နေထိုင်သူ ကိုထွန်းမင်းစိုးသည် ပျူစောထီး (ပြည်သူ့စစ်) သင်တန်း အပတ်စဉ်(၁) တွင် တက်ရောက်ပြီး ပြန်လာသူဖြစ်ကြောင်း အဆိုပါ ကိုထွန်းမင်းစိုးသည် လုံခြုံရေးတပ်ဖွဲ့နှင့်ပူးပေါင်းကာ ပြည်သူများ၏ ဆိုင်ကယ်များကိုဖမ်းစီးပြီး အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ရာတွင်လည်း အဓိက လုပ်ဆောင်နေသူ […]

ပေါက်ခေါင်း၊ ဒွကျေးရွာအုပ်ချုပ်ရေးမှူးကို ပေါင်းတည် PDF နှင့် ပေါက်ခေါင်းပကဖ သတ်ဖြတ် –

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု ဒွကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်အား ပစ်ခတ်သတ်ဖြတ် လိုက်သည်ဟု ကျူးလွန်သည့် ပေါင်းတည် PDF အဖွဲ့က ဝန်ခံချက် ထုတ်ပြန်လာသည်။ ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြိို့နယ်၊ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး ဦးသန်းအောင်အား နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲအ ခွဲအချိန်ခန့်တွင် ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်း၊ တပ်ခွဲ(၃)မှဦးဆောင်ပြီး ပေါက်ခေါင်း(ပကဖ) အဖွဲ့ဝင်တို့မှ ဦးသန်းအောင်၏နေအိမ်သို့ သွားရောက်ပစ်ခတ် သတ်ဖြတ်ရာ ဦးသန်းအောင်မှာ ဦးခေါင်းနှင့် ဝမ်းဗိုက်ထိမှန်ပြီး နေရာတင် ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူးဦးသန်းအောင်မှာ စစ်မှုထမ်း စုဆောင်းရာနှင့် ပေါ်တာဆွဲရာတွင် အားတက်သရောလုပ်ဆောင်ပေးခြင်း၊ စစ်မှုမထမ်းလိုလျှင် လူစားထည့်ရမည်ဆိုကာ ငွေကြေး (၃) သောင်းမှ (၅)သောင်းအထိကောက်ခံခြင်း၊ […]

ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးလုပ်သားကို ဘဝတူမြန်မာလုပ်သားက သတ်ဖြတ်၍ လက်ဝတ်ရတနာပစ္စည်းများ လုယက်ယူဆောင်မှု ဖြစ်ပွား

ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးလုပ်သားကို ဘဝတူမြန်မာလုပ်သားက သတ်ဖြတ်၍ လက်ဝတ်ရတနာပစ္စည်းများ လုယက်ယူဆောင်မှု ဖြစ်ပွား – Myanmar Transparency News Source link

ဒလန်ဟု စွပ်စွဲကာ သက်ကြီးပိုင်းအမျိုးသားလေးဦးကို PDF များ သတ်ဖြတ်

၂၄. ၁၀. ၂၀၂၄Written by Nay Moe ဒလန်ဟု စွပ်စွဲကာ အသက်ကြီးပိုင်းအမျိုးသားလေးဦးကို PDF များက သတ်ဖြတ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကံအောင် (၆၃) နှစ်နှင့် ဦးတင်ထွန်း (၅၅) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း […]

ထားဝယ်ဒေသ အရပ်သား ၆ ဦးကို သတင်းပေးဟု စွပ်စွဲကာ KTLA သတ်ဖြတ် – Myanmar Now

( စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါဝင်သည်)  မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်တွင်  ကော်သူးလေတပ်ဖွဲ့ (KTLA) က အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အရပ်သား ၃ ဦးစီ  သတ်ဖြတ်ခံရခြင်းဖြစ်ပြီး  ဖြစ်ရပ်တစ်ခုမှာ ယခုလဆန်းတွင် ထားဝယ်မြို့အရှေ့ဘက် တွင် ဖြစ်ပွားခဲ့သည်။ နောက်ထပ် သတ်ဖြတ်မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အရပ်သား ၃ ဦး အသတ်ခံရမှု ဖြစ်သည်။ ထိုအကြောင်းကို ဒေသခံများ၊ အသတ်ခံရသူအချို့၏ မိသားစုဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များကို စုံစမ်းမေးမြန်း စာတမ်းပြုစုကာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင်က အောက်တိုဘာ ၁၅ ရက်နေ့တွင် […]

ဘုတလင်တွင် အထိနာသွားသည့်တပ်က အရပ်သား ၁၄ ဦးကို သတ်ဖြတ် – Myanmar Now

ယခုလအတွင်း စစ်ကိုင်းတိုင်း၊ ဘုတင်မြို့နယ်မြို့တွင် စစ်တပ်က စစ်ကြောင်းထိုးစဉ် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခံရသည်ဟု သိရသည်။  လဆန်းပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဘုတလင်မြို့ပေါ် ရပ်ကွက်များ၊ မြို့အနီးရှိ ကျေးရွာများကို ဆက်တိုက်စီးနင်းစဉ် ထိုသို့ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။  စီးနင်းစဉ်အတွင်း ဘုတလင်မြို့ပေါ် တွင် ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခံရသလို မြို့နှင့်ကပ်လျက်ကျေးရွာများဖြစ်သော မြောက်ကြည်ရွာတွင် အရပ်သား ၇ ဦး၊ တက်လှိုင်းရွာတွင် အရပ်သား ၁ ဦး သတ်ဖြတ်ခံရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။ ထိုစစ်ကြောင်းမှ စစ်သားများက အောက်တိုဘာ ၁၂ […]