ylliX - Online Advertising Network

ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ – iMyanmarHouse.com

ဘရာဇီး ဘောလုံး Legend နေမာသည် ဒူဘိုင်းတွင် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်းတစ်ခု ဝယ်ယူခဲ့ရာ အခန်းရှေ့အထိ ကားသယ်ယူနိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည်ဟု ဆိုသည်။   (ဒူဘိုင်းကဲ့သို့ ခေတ်မီအဆောက်အအုံများသာ အတိပြီးသောနေရာမျိုးတွင်ပင် Bugatti Residences အဆောက်အအုံကြီးမှာ ထူးခြားကွဲထွက်နေပြီး အနာဂတ်ဆန်လှသည်။ ဓာတ်ပုံ-Bugatti)   (အရာအားလုံးမှ တမူကွဲထွက်နေသည့် ဗိသုကာဒီဇိုင်းက နေမာကို ဖမ်းစားနိုင်ခဲ့သည်။ ဓာတ်ပုံ-Bugatti)   (ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့တွင် ကစားခဲ့ဖူးသူ နေမာသည် ဒဏ်ရာပြဿနာမှ ရုန်းထွက်နိုင်ရန် ရုန်းကန်နေရသည်။ ဓာတ်ပုံ-Getty)   (French Riviera ကို inspire ယူကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း developer တို့က ပြောသည်။ ဓာတ်ပုံ-Bugatti)   (ဒူဘိုင်းကဲ့သို့ […]

ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ – iMyanmarHouse.com

[Unicode] ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ ဘောလိဝုဒ်၏ Power Couple ဖြစ်သော ဒီပီကာ ပါဒူကိုနီနှင့် ရန်ဗီဆင်းတို့ စုံတွဲသည် ခမ်းနားလှသော နေအိမ်သစ်ဆီသို့ ပြောင်းရွှေ့နေထိုင်တော့မည့် အလားအလာ ရှိနေသည်။ မွမ်ဘိုင်းမြို့၊ ဘန်ဒရအရပ်တွင် တည်ရှိသည့် ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးမှာ ကမ္ဘာသိ ထင်ရှားသည်။   (ဆက်စပ်သတင်း) ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး https://www.imyanmarhouse.com/news/read/1006444   ဒီပီကာနှင့် ရန်ဗီဆင်းတို့စုံတွဲဝယ်ယူလိုက်သော အခန်းမှာ မာနတ် စံအိမ်ကြီး၏ အနီးတွင် တည်ရှိသည်။ ရန်ဗီဆင်းတို့ ဝယ်ယူလိုက်သော အခန်းမှာ ဆောက်လုပ်ဆဲ စီမံကိန်းတစ်ခုတွင်ဖြစ်ပြီး မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုအရ […]

အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲအား ဝင်ဆာရဲတိုက်ရှိ စံအိမ်ကို တရားဝင်စွန့်လွှတ်ရန် ပြောခဲ့ရာ ဟယ်ရီတို့စုံတွဲက ပေါ်တူဂီနိုင်ငံတွင် နေအိမ်တစ်လုံး ဝယ်ယူ – iMyanmarHouse.com

[Unicode] ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့စုံတွဲကို ခမည်းတော် ချားလ်စ်ဘုရင်က ဝင်ဆာရဲတိုက်ဝန်းရှိ အိမ်တော်မှ နှင်ထုတ်ခဲ့သောကြောင့် ဟယ်ရီတို့စုံတွဲအတွက် ဗြိတိန်တွင် အခြေချရန် နေအိမ် မရှိတော့ချေ။ မင်းသားဟယ်ရီက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် Spare တွင် တော်ဝင်မိသားစု၏ အတွင်းရေးများကို ဖွင့်ချခဲ့မှုကြောင့် ချားလ်စ်ဘုရင်က အမျက်ရှကာ သူ၏ နန်းတက်ပွဲမတိုင်မီကတည်းက ဟယ်ရီတို့ စုံတွဲကို နှင်ထုတ်ထားခြင်း ဖြစ်သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော်ဟယ်ရီနှင့် မီဂန်မာကယ်တို့ စုံတွဲအား အင်္ဂလန်အိမ်တော်မှ နှင်ထုတ်ပြီ https://www.imyanmarhouse.com/news/read/1056943   သို့သော် နန်းတက်ပွဲကာလတွင်မူ ဟယ်ရီတို့စုံတွဲကို ချားလ်စ်ဘုရင်က ပွဲတက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ကင်ဟမ်နန်းတော်တွင် တည်းခိုရန် ကမ်းလှမ်းခဲ့သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ် […]

ဗြိတိန်အစိုးရက စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးအတွက် ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ဝယ်ယူ

Image via Medium ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) ဟာ စစ်တပ်အတွက် လိုအပ်တဲ့ gallium arsenide (GaAs) ဆီမီးကွန်ဒတ်တာများကို ထောက်ပံ့ရန်ဖို့ရာ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ဝယ်ယူခဲ့ပါတယ်။ အရှေ့မြောက်အင်္ဂလန် County Durham က နယူးတန်အေ့ကလစ်ဖ် (Newton Aycliffe) မှာ တည်ရှိတဲ့ အဆိုပါစက်ရုံဟာ ယခင်က အမေရိကန်ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ Coherentမှ ပိုင်ဆိုင်ခဲ့ပြီး Galium arsenide အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခုလို့ လက်ရှိအာဏာရ လေဘာအစိုးရကဖော်ပြခဲ့ပါတယ်။ သဘောတူညီချက်အရ ဗြိတိန်ဟာ အရေးပါတဲ့ ဆီမီးကွန်ဒတ်တာစွမ်းရည်များကို လုံးဝလုံခြုံစေဖို့ ပိုမိုတက်ကြွသောချဉ်းကပ်မှုတစ်ခု လုပ်ဆောင်လာတာကို ပြသနေတာဖြစ်ပါတယ်။ အဆိုပါစက်ရုံအတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ စတာလင်ပေါင်သန်း ၂၀ (ဒေါ်လာ ၂၆.၇ သန်း) ပေးချေခဲ့ကြောင်း The Register သတင်းမှာ […]