ylliX - Online Advertising Network
ဗြိတိန်အစိုးရက စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးအတွက် ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ဝယ်ယူ

ဗြိတိန်အစိုးရက စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးအတွက် ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ဝယ်ယူ


Image via Medium

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) ဟာ စစ်တပ်အတွက် လိုအပ်တဲ့ gallium arsenide (GaAs) ဆီမီးကွန်ဒတ်တာများကို ထောက်ပံ့ရန်ဖို့ရာ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ဝယ်ယူခဲ့ပါတယ်။

အရှေ့မြောက်အင်္ဂလန် County Durham က နယူးတန်အေ့ကလစ်ဖ် (Newton Aycliffe) မှာ တည်ရှိတဲ့ အဆိုပါစက်ရုံဟာ ယခင်က အမေရိကန်ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ Coherentမှ ပိုင်ဆိုင်ခဲ့ပြီး Galium arsenide အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခုလို့ လက်ရှိအာဏာရ လေဘာအစိုးရကဖော်ပြခဲ့ပါတယ်။

သဘောတူညီချက်အရ ဗြိတိန်ဟာ အရေးပါတဲ့ ဆီမီးကွန်ဒတ်တာစွမ်းရည်များကို လုံးဝလုံခြုံစေဖို့ ပိုမိုတက်ကြွသောချဉ်းကပ်မှုတစ်ခု လုပ်ဆောင်လာတာကို ပြသနေတာဖြစ်ပါတယ်။

အဆိုပါစက်ရုံအတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ စတာလင်ပေါင်သန်း ၂၀ (ဒေါ်လာ ၂၆.၇ သန်း) ပေးချေခဲ့ကြောင်း The Register သတင်းမှာ ဖော်ပြခဲ့ပြီး အစိုးရပေးချေခဲ့တဲ့ နောက်ဆုံးပေးငွေတွေဟာ ကုန်သွယ်ရေးလျှို့ဝှက်ချက်ဖြစ်တာကြောင့် အသေးစိတ်မဖော်ပြနိုင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဆိုပါစက်ရုံကို Octric Semiconductors UK လို့ အမည်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

ဝယ်ယူမှုရဲ့ရည်ရွယ်ချက်ကတော့ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံစေရန်နဲ့ စစ်လေယာဉ်များအပါအဝင် စစ်တပ်အတွက် အရေးကြီးတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့ ပြည်တွင်းလုပ်ငန်းတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။

GaAs ဆီမီးကွန်ဒတ်တာတွေဟာ ပိုမို့ပြည့်ဝတဲ့ electron velocity နဲ့ မြင့်မားတဲ့အီလက်ထရွန်ရွေ့လျားနိုင်မှူအပါအဝင် သူ့ရဲ့ထူးခြားတဲ့ ဂုဏ်သတ္တိကြောင့် ကြိမ်နှုန်းမြင့်မားတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့  space electronics တွေမှာ သုံးစွဲဖို့အထူးသင့်တော်ပါတယ်။ GaAs ကွန်ပေါင်းတွေကို ဂြိုဟ်တုတွေ၊ ရေဒါတွေနဲ့ ရေဒီယိုဆက်သွယ်ရေးပစ္စည်းတွေမှာ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ယခုစက်ရုံမှာ ထုတ်လုပ်စက်ပစ္စည်းတွေရဲ့  အသေးစိတ် အချက်အလက်တွေကိုတော့ လျှို့ဝှက်ထားပါတယ်။

Coherent ကုမ္ပဏီသည် ယခင်က Apple ကို အဓိကဖောက်သည်အဖြစ် ဆုံးရှုံးခဲ့ပြီးနောက် စက်ရုံကို ဒီနှစ်ဆန်းမှာ ရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရကလည်း ယခု Octric Semiconductors UK ကို  လာမည့်နှစ်တွေမှာ ပိုမိုရင်းနှီးမြှပ်နှံပြီး စစ်ဘက်လုပ်ငန်းစွမ်းရည်များနှင့် ပို့ကုန်ထွက်နိုင်စွမ်းများကို တိုးချဲ့သွားမည်ဟု ရည်ရွယ်ထားပါတယ်။

ဒီဝယ်ယူမှုဟာ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး semiconductor စက်ရုံတစ်ခုကို အမေ့ရိကန်ကုမ္ပဏီထံရောင်းချခြင်းအပေါ် ယခင်ကွန်ဆာဗေးတစ်အစိုးရက အတည်ပြုခဲ့တဲ့ စိစစ်ချက်တွေနဲ့ အတော်အတန်ကွာခြားနေတာကိုတွေ့ရပါတယ်။

ယခုနှစ်မတ်လမှာ Vishay Intertechnology က Newport Wafer Fab ကို ဝယ်ယူမှုအပေါ် နှစ်ပေါင်းများစွာ အကဲဖြတ်စစ်ဆေးခဲ့ပြီးတွင် နောက်ဆုံးမှာ ဝယ်ယူမှုကို အတည်ပြုပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဝန်းကျင်မှာ Nexperia အမည်ရ Dutch ကုမ္ပဏီက ဒီစက်ရုံကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် Nexperia က Wingtech ဆိုတဲ့ တရုတ်ကုမ္ပဏီနဲ့ ဆက်နွယ်နေတာကြောင့် ဗြိတိသျှအစိုးရဟာလုံခြုံရေးအရ Nexperia ၏ major share ကို ပြန်လည်ရောင်းချရန် လိုအပ်ကြောင်း အမိန့်ထုတ်ခဲ့ပါတယ်။

Newton Aycliffe ကိုဝယ်ယူမှုမှာ လေဘာအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာ ပိုမိုချောမွေ့ပုံပေါ်ပေမယ့် ထိလွယ်ရှလွယ်တဲ့ နည်းပညာတွေ ဒါမှမဟုတ် အမျိုးသားလုံခြုံရေးမှာ ဂယက်ရိုက်လာနိုင်တဲ့ နိုင်ငံရပ်ခြားကဝယ်ယူမှုတွေကိုတော့ ဂရုတစိုက် ဆက်လက်သုံးသပ်သွားမှာဖြစ်ပါတယ်။

ယူကေကာကွယ်ရေးဝန်ကြီး John Healey က “Semiconductors တွေဟာ ယနေ့ကျွန်ုပ်တို့ အားကိုးအားထားပြုသည့် နည်းပညာရဲ့ ရှေ့တန်းမှာရှိနေပြီး အနာဂတ်မှာ ကျွန်ုပ်တို့၏စစ်တပ်စွမ်းရည်ကို အားကောင်းစေရာမှာ အရေးပါလာမှာပါ။ ဒီဝယ်ယူမှုဟာ ကျွန်တော်တို့ အစိုးရအနေနဲ့ ဗြိတိန်ရဲ့ ကာကွယ်ရေးထုတ်လုပ်မှုကို ကျောထောက်နောက်ခံပေးနေကြောင်းထင်ရှားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Source: TechSpot





Source link

Leave a Reply

Your email address will not be published. Required fields are marked *