ylliX - Online Advertising Network

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ နိုဝင်ဘာလ ၂၀ ရက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လူငယ်အားကစားသမားအား ကျန်းမာရေးနှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀.၁၁.၂၀၂၄ ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြိုင်ပွဲဝင်အားကစားသမား(၃၅၂)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတတိုးတက်စေရန်အတွက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ […]

ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် Mr. World 2024 ပြိုင်ပွဲမှာ ရှမ်းတိုင်းရင်းသား စိုင်းတောင့်လော မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် Mr. World 2024 ပြိုင်ပွဲမှာ ရှမ်းတိုင်းရင်းသား စိုင်းတောင့်လော မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည် – Myanmar Transparency News Source link

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

မော်လမြိုင်၊ နိုဝင်ဘာ ၄ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက် (၁၃-၁၁-၂ဝ၂၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ (၁၅-၁၁-၂ဝ၂၄) ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မသိုးသင်္ကန်း ရက်လုပ်ခြင်းဟာဆိုရင် ရာစုနှစ်ပေါင်းများစွာ အစဉ်အမြဲ ကျင်းပလာတဲ့ ပွဲတော်တစ်ခုဖြစ်ကာ တန်ဆောင်မုန်းလပြည့်ညမှာ ဗုဒ္ဓဘာသာဝင်များက မသိုးသင်္ကန်းရက်ပြီး မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့ရာ “မသိုးသင်္ကန်း” ရက်လှူပွဲဟူတဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်ပေါ်လာခြင်းလည်း ဖြစ်ပါကြောင်း၊ အဓိက ရည်ရွယ်ချက်ကတော့ သင်္ကန်းရက်ပြိုင်ပွဲ ကျင်းပပြီး ဘုရားသို့ ပြိုင်ပွဲဝင်အဖွဲ့များက သင်္ကန်းကို ညတွင်းချင်းအပြီးရက်ကာ မနက်အာရုဏ်တွင် ဘုရားသို့ […]