ylliX - Online Advertising Network

အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် မြန်မာ့နိုင်ငံရေး လားရာ – Myanmar Now

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ နောက် ၃လကျော်အကြာ ဧပြီလ ၁၉ ရက်နေ့တွင် မြန်မာသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။  ထိုအချိန်သည် ဒုတိယကမ္ဘာစစ်ပြီးကာလ၊ ကိုလိုနီစနစ်အောက်မှ လွတ်မြောက်လာသော အချုပ်အခြာအာဏာ ပိုင် နိုင်ငံများ ကမ္ဘာအနှံ့ ပေါ်ထွက်လာသောကာလ ဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းသော နိုင်ငံတကာစနစ်အဖြစ် ထူထောင်ခါစအချိန်လည်း ဖြစ်သည်။  ကုလသမဂ္ဂပဋိညာဉ်စာချုပ် အခန်း ၁ “ရည်ရွယ်ချက်နှင့် အခြေခံမူများ” ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ ၁ အရ အဖွဲ့ဝင်နိုင်ငံများအကြား ကြီးငယ်မရွေး အချုပ်အခြာအာဏာ တန်းတူညီမှု (Sovereignty Equality) အခြေခံမူကို […]

လားရှိုး နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင်ရန် အခက်ကြုံနေရ  – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။​ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေသည်။  စစ်ကောင်စီသည့် အဓိက ပြည်သူများအိပ်မောကျချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု နေ့စဉ်နဲ့အမျှ ရှိသကဲ့သို့ ဒဏ်ရာရရှိသူများလည်း ရှိသည်။  “ စစ်ကောင်စီက သန်းခေါင်ချိန်မှ လာလာပစ်တယ်။ လူတွေအိပ်မောကျတဲ့အချိန်ပေ့ါ။ ကျနော်တို့လည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။ ပြေးချင်ပေမယ့် ကားခကလည်း စျေးကြီးတယ်။ နောက် နေရာသစ်ရောက်ရင် ဘာလုပ်ရမှန်းမသိဘူး” ဟု လားရှိုးမြို့တွင် ကျန်ရှိနေသည့် ဒေသခံ အမျိုးသားတစ်ဉီး က […]