နိုဝင်ဘာ ၁၅၊ တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းက လမ်းပေါ်ထွက်မိသည့် နေပြည်တော်ဒေသခံ လူငယ်အချို့ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး စစ်သားသစ်အဖြစ် စုဆောင်းခံနေရသည်ဟု ထိုလူငယ်တို့၏မိသားစုများနှင့် နီးစပ်သူတို့က ပြောသည်။ တန်ဆောင်မုန်း လပြည့်ညက ပံ့သကူပစ်ထားသည်များကို ကောက်ယူရန်၊ သူခိုးကြီးညအဖြစ် နောက်ပြောင် ပြုမူရန် အပြင်ထွက်ကြရာမှ အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအနီး သူဌေးကုန်းရွာနေ လူငယ် ၅ ဦးမှာ နေအိမ်တစ်အိမ်မှ ကြက်နှင့် အစားသောက်အချို့ကို ယူဆောင်သွားပုံကို အိမ်ရှင်က လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိတိုင်ကြားရာမှ အဖမ်းခံရသည်ဟု ဖမ်းဆီးခံမိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ “နောက်မလုပ်အောင် သတိပေးဆုံးမပေးပါဆိုပြီး အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ၊ နောက်နေ့ကျတော့ စစ်ကားတွေနဲ့လာဖမ်းပြီး တပ်ထဲပို့လိုက်တယ်” ဟု သူက ပြောသည်။ အသက် ၂၀မှ […]