ylliX - Online Advertising Network

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း – iMyanmarHouse.com

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် Luxury ဟိုတယ်ကြီးများရှိ တပတ်ရစ် ပရိဘောဂများကို စုဆောင်းကာ ဝင်ငွေနည်းပါးသော မိသားစုများနှင့် အိမ်ရာမဲ့တို့အား လှူဒါန်းလျက်ရှိကြောင်း Koreatimes သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် ထိုသို့လှူဒါန်းနေသည်မှာ ၁၀ နှစ်ရှိပြီ ဖြစ်သည်။ အဆိုပါ ၁၀ နှစ်တာ ကာလအတွင်း ဆိုးလ်မြို့တော် နယ်နိမိတ်အတွင်းရှိ Luxury ဟိုတယ်ကြီး ၁၄ ခုနှင့် ပူးပေါင်းကာ တပတ်ရစ် ပရိဘောဂပေါင်း ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများသို့ လှူဒါန်းပေးခဲ့သည်။ ယခုနှစ်တွင် ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် အစီအစဉ်ဆက်လက်တိုးချဲ့လာပြီး အခြား ဟိုတယ် ၁၀ လုံးနှင့် ဆက်လက်ပူးပေါင်းမှု ပြုလုပ်လာသည်။ သို့အတွက် ပရိဘောဂများ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် အလုပ်အကိုင်မရှိသူများ၊ လမ်းပေါ်တွင် နေထိုင်ရမည့် […]

တပ်ကုန်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ လှူဒါန်း

တပ်ကုန်း၊ အောက်တိုဘာ ၁၆ ပြည်ထောင်စူနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန် ၁၅ ကီလိုဂရမ် (၇ ပြည် ၄ ဗူး)၊ အာဟာရဖြည့်ဘီစကစ်  ၁၅  ထုပ်၊  ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ်၊ ၆ လမှ ၅၉ လ အရွယ် ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် (နို့ပါဝင်သော) ၁.၅  ကီလိုဂရမ်ပါ ၂ ထုပ် […]

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ ၃ ရွာအတွက် အိမ်တစ်လုံး ကျပ် ၃၅ သိန်းနှုန်း နဲ့ အိမ် ၅ လုံး လှူဒါန်း –

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ရေဘေးပြန်လည်ထူထောင်ရေးအနေနဲ့ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ ၃ ရွာက အိမ် ၅ လုံးကို အိမ်တစ်လုံး ကျပ် ၃၅ သိန်းနှုန်းနဲ့ လှူဒါန်းခဲ့ပါတယ်။ “သဘာဝဘေးဒဏ် ခံစားရတဲ့ ဒေသတွေ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် ပိုသူလှု လိုသူကူ မိသားစုတွေ နဲ့လည်း လှုဒါန်းခဲ့ကြပါတယ်။ ရေကြီးလို့ လူတွေ ရုတ်တရက် အသက်ကိုပင်လုပြီး ပြေးကြရတာကိုကြည့်ပြီးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအဖြစ်အပျက်နဲ့ ရင်ဆိုင်ကြသူတွေ အိမ်လုံးကျွတ် ရေနဲ့ပါသွားတာ ဘာတစ်ခုမှမကျန်အောင် ဆုံးရှုံးရကြတာမို့လေ။ ကျွန်တော်တို့ လောကသားတွေအပြင် စေတနာရှင်တွေရဲ့ ပါဝင်လှူဒါန်းမှု‌ကြောင့် လှူဒါန်းမှုတွေနဲ့ အစားအသောက်တွေ ဆေးဝါးစတာတွေကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ခုကတော့ လူနေအိမ်တစ်လုံးကို ကျပ် ၃၅ သိန်းနှုန်းနဲ့ အိမ် ၅ လုံးစာ ဆောက်လှူဖြစ်တာပါ”လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက […]