(မိုးမခ) အောက်တိုဘာ ၃၁ ၊ ၂၀၂၄ ဘာမှားပြည်မှာ လဒတွေ အကောင်ရေနည်းလာ၊ မျိုးတုံးလုပြီလို့ သတင်းတက်လာတယ်။ အဲဒါနဲ့တဆက်တည်း ဗိုလ်ခင်ညွန့် တပည့်ဟောင်း စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်းများနဲ့ စစ်လဒတွေ အကောင်ရေနည်းလာတဲ့အရေး ဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရအကြံပေးအဖွဲ့က ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ အဲဒီထုတ်ပြန်ချက်ကို တရုတ်အစိုးရအကြံပေးအဖွဲ့ကပဲ ပြန်ဖြုတ်ပစ်ခဲ့တယ်ဆိုတဲ့သတင်းလည်း တက်လာပြန်တယ်။ အင်း ခင်ညွန့်ထောက်စုတ်တွေကို ပြန်သုံးပြီဆိုတော့ ရွှေကြီးအုပ်စုကို ဖြုတ်ပြီ ဆိုတဲ့ သဘောပေါ့။ သန်းရွှေ ဖယ်ရှား နေဝင်းမျိုးဆက်များ ပြန်လည်ခေါင်းထောင်လာပြီပေါ့။ သမိုင်းတပတ်လည်လာပြီပေါ့။ သမက်ကို ကိုင်ထားရုံတင်မက ရွှေကြီးလဲ အကျယ်ချုပ်။ သူ ပေးခဲ့တဲ့ နေဝင်းရဲ့ နေဝင်ချိန်အရသာလေး မင်းအောင်လှိုင်က အလိုက်သိစွာ သူ့ကို ပြန်ကျွေးတာပေါ့လေ။ တချိန်တုန်းက တီဗီမင်းသားခင်ညွန့်ကို ဘယ်သူမှ မော့မကြည့်ဝံ့၊ နိုင်ငံရေးသမား တက်ကြွလှုပ်ရှားကျောင်းသားတွေကို လက်မရွံ့ညှဉ်းဆဲသတ်ဖြတ် […]