ylliX - Online Advertising Network
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လဒစမုံတုံးကိစ္စ သာကောနဲ့သာဝ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – လဒစမုံတုံးကိစ္စ သာကောနဲ့သာဝ


(မိုးမခ) အောက်တိုဘာ ၃၁ ၊ ၂၀၂၄

ဘာမှားပြည်မှာ လဒတွေ အကောင်ရေနည်းလာ၊ မျိုးတုံးလုပြီလို့ သတင်းတက်လာတယ်။

အဲဒါနဲ့တဆက်တည်း ဗိုလ်ခင်ညွန့် တပည့်ဟောင်း စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်းများနဲ့ စစ်လဒတွေ အကောင်ရေနည်းလာတဲ့အရေး ဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရအကြံပေးအဖွဲ့က ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ အဲဒီထုတ်ပြန်ချက်ကို တရုတ်အစိုးရအကြံပေးအဖွဲ့ကပဲ ပြန်ဖြုတ်ပစ်ခဲ့တယ်ဆိုတဲ့သတင်းလည်း တက်လာပြန်တယ်။ 

အင်း ခင်ညွန့်ထောက်စုတ်တွေကို ပြန်သုံးပြီဆိုတော့ ရွှေကြီးအုပ်စုကို ဖြုတ်ပြီ ဆိုတဲ့ သဘောပေါ့။ သန်းရွှေ ဖယ်ရှား နေဝင်းမျိုးဆက်များ ပြန်လည်ခေါင်းထောင်လာပြီပေါ့။ သမိုင်းတပတ်လည်လာပြီပေါ့။ သမက်ကို ကိုင်ထားရုံတင်မက ရွှေကြီးလဲ အကျယ်ချုပ်။ သူ ပေးခဲ့တဲ့ နေဝင်းရဲ့ နေဝင်ချိန်အရသာလေး မင်းအောင်လှိုင်က အလိုက်သိစွာ သူ့ကို ပြန်ကျွေးတာပေါ့လေ။

တချိန်တုန်းက တီဗီမင်းသားခင်ညွန့်ကို ဘယ်သူမှ မော့မကြည့်ဝံ့၊ နိုင်ငံရေးသမား တက်ကြွလှုပ်ရှားကျောင်းသားတွေကို လက်မရွံ့ညှဉ်းဆဲသတ်ဖြတ် ထောင်သွင်းနှိပ်စက်ခဲ့တဲ့ ထောက်အုပ်စု။ ကိုယ့်ယုံကြည်ချက်နဲ့ကို ဒီကောင် တနေ့ ခံကိုခံရမယ် ပြောသူတိုင်း ဟားခံရ။ သူ့ကို ဘယ်သူက ဘာလုပ်နိုင်မှာလဲပေါ့။ နောက်တော့ ထောင်ထဲမှာ တောင့်ခံနေတဲ့ နိုင်ကျဉ်းတွေ တော်လှန်မိသားစုတွေ စောင့်ကြည့်ပြည်သူတွေ နိုင်ငံတကာဖိအားတွေ စီမံအုပ်ချုပ်မတတ် အတ္တရှေ့တန်းတင် ထင်ရာလုပ်နဲ့ သူတို့ချင်း ဇာတ်တူသားစားရတဲ့ အခြေအနေပေါ်ပေါက် ထောက်လှမ်းရေးတဖွဲ့လုံး ထောင်ထဲရောက်ကရော။ အာဏာပြန်သိမ်းမလိုလို ကြံတဲ့ နေဝင်းမြေးတွေ သမက်တွေနဲ့ သူတို့အုပ်စုတွေရောပ။

အဲဒီမှာ မူလပထမဗိုလ်ချုပ်မှူးကြီး ရာထူးယူတဲ့ စောမောင်က ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီအာဏာအပ် စစ်တန်းလျားပြန်မယ် ပြောတော့ အရူးဆို ဆေးထိုးရှင်းပစ်ကာ ဗိုလ်ချုပ်မှူးကြီးရာထူးယူခဲ့တဲ့ သန်းရွှေရဲ့ ရက်စက်မှုတွေကို ထောက်ပြုတ်တွေက ဖော်ကြတယ်။ ဒေါ်စု လုပ်ကြံမှု ဒီပဲယင်းအရေးအခင်း လူရာချီ ဝါးရင်းတုတ်ချွန်တွေနဲ့ ထိုးသတ် ရိုက်သတ်ခဲ့တာတွေ အပါအဝင် ခရစ်စတီးကျွန်းပေါ်မှာ သန္ဓေသားပါမချန် လူပေါင်းရှစ်ဆယ်ကျော် သတ်ခဲ့တာတွေ၊ ရွှေဝါရောင်အရေးအခင်းမှာ ဘုန်းကြီးကျောင်းတွေကို အကြမ်းဖက်ဝင်စီး ဘုန်းကြီး ဦးဇင်း ကိုရင်တွေကို ရက်ရက်စက်စက် ရိုက်သတ် ထောင်သွင်းခဲ့တာတွေ၊ လမ်းပေါ်မှာတင် မေတ္တသုတ် ရွတ်တဲ့ဘုန်းကြီးတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာတွေ၊ နာဂစ်မုန်တိုင်းဝင်လာရင် လူတွေ ပျက်စီးသေကျေမှာ သိရက်နဲ့ သတင်းမထုတ်ပြန်ဘဲ လူသိန်းကျော် သေကျေပျက်စီး ဒုက္ခကြီးရောက်‌စေခဲ့တာတွေ၊ မုန်တိုင်းနယ်ထဲ ဝင်ကယ်ရင် ရနိုင်မှန်းသိလို့ နိုင်ငံတကာက ဝင်ကယ်မယ့်ဟာကို အဝင်မခံ သေစေရန် ဖန်တီးခဲ့တာတွေ၊ ပြည်တွင်းက ကူညီကယ်တင်သူတွေကို ဖမ်းဆီး ထောင်သွင်းခဲ့တာတွေအတွက် ဒီကောင်ကြီး ပြန်ခံရမယ်ဆိုတော့ မဖြစ်နိုင်တာ သူ့ကို ဘယ်သူက ဘာလုပ်နိုင်မှာလဲဆိုပြီး ဟားခဲ့ရုံတင်မက ထားခဲ့သူ တော်လှန်ရေးသမားတွေတောင် ရှိလာပြီး နိုင်ငံရေး လမ်းပျောက်ခဲ့ကြသေးတာ မဟုတ်လား။ 

ဒေါ်စုက နိုင်ငံရေးထွက်ပေါက်ပြန်ရှာ ရွေးကောက်ပွဲနဲ့ ပြည်သူ့ဒီမိုကရေစီ သရဖူဆောင်းလိုက်ခါမှ စစ်လဒကြီးတွေတင်မက ပညာရှင် ဆိုတဲ့ ဘီလူးခေါင်းတွေပါ ပြူထွက်လာပြီး အာဏာသိမ်းကြစို့ပြန်လုပ်လာတော့ ပြည်သူ့ရဲ့စစ်တပ်အပေါ်  နိုင်ငံရေးအရ သည်းခံနိုင်မှု လုံးဝကုန်ဆုံးပြီး ပြည်ဖျက်လဒစမုံတုံးရေးအထိ လုပ်ဆောင်လာလိုက်တာ ဟော ခု လဒမျိုးတုံးပျောက်ကွယ်မယ့်အရေး တရုတ်ကြီးပါ ပျာပျာသလဲ ဆွေးနွေးရပြီလေ။ လူဆိုးဟောင်းကြီးတွေနဲ့ ပြန်တိုင်ပင် တရုတ်ကွန်မြူနစ်ဉာဏ်နီနဲ့ မြန်မာစစ်တပ်ဉာဏ်နက်တွေ ဆင်ကြပြီ။ 

လက်ကျန် လဒတွေ ဘယ်လိုထိန်းမလဲ၊ လဒသစ် ဘယ်လိုမျိုးပွားမလဲ၊ မြန်နှုန်းမြင့် လဒကြီးထွားစာ ဘယ်လိုထုတ်လုပ်မလဲ၊ သိပ္ပံနည်းကျ ဟိုက်ဘရစ်လဒတွေ ထုတ်မလား။ ပန်ဒါနဲ့ လဒ မျိုးစပ်မလား၊ အဲဒီကုန်ကျစရိတ်တွေကို ရွှေကြီးတို့အုပ်စု ဘုန်းထားတဲ့ နိုင်ငံ့ဘဏ္ဌာ ဒေါ်လာတွေနဲ့ သုံးမလား၊ မျိုးစုံ ထောင့်စုံ သိမ်းဆည်းရေးဘာဝနာပါ ပွားနေကြပြီ။ နေရွှေသွေးအောင် မန်ယူ ဝယ်ချင်တဲ့ အိပ်မက်လေးတော့ ပျက်ရှာပေါ့။ ကောင်မလေးတွေ တထွေးကြီးနဲ့ ဒေါ်လာတွေ မီးရှို့ပြတဲ့ဇာတ်ဝင်ခန်းတွေလဲ ဆက်ရိုက်ဖို့ မလွယ်တော့။ ရွှေကြီးနှလုံး တဒုံးဒုံး။ ရွှေကြီးလူ တေဇတောင် ဒီအခြေသိလို့ သူ့အလကားရထားတဲ့ မြေနေရာ အကောင်းစားတွေ ရသလောက်နဲ့ရောင်းထုတ် အပြင်မှာပဲ နှပ်ဖို့ လုပ်ပြီလေ။ 

သာဂေါင်ကို သာဝကတော့ ဘာရနိုင်ပြီပေါ့။ သာဝ ဘာမှ ဘာမရတာက ပြည်သူ။ လဒစမုံတုံးဖို့ တွယ်ကြစို့ချည်းပဲ။ ဒီမအလနဲ့ စစ်ဘီလူးတွေကို ရှင်းကို ရှင်းရမယ်လို့ သန္ဒိဋ္ဌာန်ပြတ်တယ်။ သေနတ် သေနတ်ချင်းယှဉ်ရင် ဘာမနိုင်စရာရှိလဲပေါ့။ အကုန်တပ်ထောင် သေနတ်ကိုင် ချကြစို့ချည်းဘဲ။  စစ်မင်းသုံးဆက် ရိုက်ချောက်ထုတ်လို့ အပြင်ထွက်သွားရသူတွေက သန်းဆယ်ချီ။ အဲဒီ ပြည်ပ ထွက်ခဲ့ရတဲ့သူတွေက အာဏာသိမ်းလိုက်တာနဲ့တပြိုင်နက် ပြည်တွင်းက တော်လှန်ပြည်သူတွေနဲ့ တသားတည်း ထောက်ပို့တပ်ဖွဲ့တယ်။ အဲဒီထောက်ပို့တပ် တပ်သားသန်းဆယ်ချီကြီးက တယောက် တနာရီ အလုပ်ပိုလုပ်နေတာနဲ့တင် ပြည်တွင်းက တော်လှန်တောင့်ခံသူအပေါင်း သူ့ခေါင်းမှာတဲ့ သပြေညို ငါ့ခေါင်းမှာတဲ့ သပြေညိုချည်း ဖြစ်သွားတာလေ။ ဒို့ပြည်ကို ဒို့တွေ ကမ်းပါတဲ့ သပြေညို ရွှေဘိုပန်းရယ်က လန်းလျက်ပါကိုချည်း ဖြစ်နေစေတာလေ။ 

သာကောနဲ့ ပေါင်းလဲ သာဝ ဘာမှ ရစရာ မရှိတော့ပေတကား။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *