RNA_နိုဝင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးသော သင်တန်းကာလ (၃) လကျော်ကြာခဲ့ပြီး၊ သင်တန်းသား (၁၀၀၀) ကျော် တက်ရောက်ပြီးမြောက်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် (၁၂)မြို့ကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားရန် မိမိတို့ တစ်ဦးချင်းမှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်သည်ဟု အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ စစ်ဦးစီးအရာရှိချုပ် […]
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ […]
RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။ အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် ပြည်သူလူထုမှမဟုတ် မဟာမိတ်တပ်များအပေါ်တွင်လည်း ရိုင်းပြစွာ ကျူးလွန်မိပါက လာရောက်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူလူထုအပေါ် ကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များနှင့် တပ်တွင်းချမှတ်ထားသော စစ်စည်းကမ်း ကျင့်ဝတ်များကို အမြဲမပြတ် စောင့်ထိမ်းလိုက်နာသော တပ်ဖြစ်သည်ဟု အမှတ် (၁၂၂၂) တပ်ရင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယနေ့ထုတ်ပြန်ထားသည်။ #RedNewsAgency #RedNews #RNA Source link
RNA_အောင်တိုဘာ(၁၄)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား မဆန့်ကျင်ပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းနှင့် အပြောင်းအလဲသည် စစ်တပ်အသာစီးရသည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သွားနိုင်သည့် အလားအလာရှိသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ကျော်ကိုကိုက ပြောကြားထားသည်။ Red News Agency Source link