ylliX - Online Advertising Network

ဖယ်ခုံ စစ်ရှောင်စခန်းကို ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။ “ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လေကြောင်း […]

တိုက်ပွဲဖြစ်နေသော ပုလဲမြို့သို့ စစ်တပ်က လေကြောင်းဖြင့် စစ်ကူပို့  – Myanmar Now

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ ရက်မြောက်သည့် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်သည့် အပြင် လေယာဉ်များဖြင့် စစ်ကူများ ပို့ခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဟတ်ယာဉ်များဖြင့် ပုလဲမြို့ပေါ်သို့ စစ်ကောင်စီက အင်အား ၈၀ နီးပါး ဖြည့်တင်းခဲ့သည်ဟု ယူဆရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)  ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။   “မနက် ၁၁ နာရီလောက်က ၄ ခေါက် ချသွားတယ်။ အင်အား ၈၀ လောက်ရှိမယ်။ တစ်စီးကို အများဆုံး ဆန့်တာက ၂၅ ယောက်ဆိုတော့ လက်နက်ခဲယမ်းတင်လိုက်ရင်တော့ အပြည့်တင်လို့မရဘူးပေါ့။ အဲ့ဒီ တော့ ၂၂၊ […]

နမ့်ဆန်မြို့နယ် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၁ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကော ဒီနေ့ကော ၂ ရက်ဆက်တိုက် ကြဲတာ။ ဒီနေ့က ဟိုမိန်းဘက်ကို လာကြဲတာ မနက် ၁ နာရီကျော်လောက်။ ကျောက်ဖြူလေးဘက်လည်း မနေ့က ဗုံးကြဲခဲ့တာ။ လူတွေထိတယ်လို့တော့ သိရတယ်”ဟု နမ့်ဆန်မြို့ ဒေသခံ ၎င်းအမျိုးသားက ပြောသည်။ […]

ထိုင်းနယ်စပ်မြ၀တီမြို့စောင့်တပ်ကို စစ်တပ်က လေကြောင်းဖြင့် စစ်ကူပို့ – Myanmar Now

ကရင်ပြည်နယ်၊ မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အနီးရှိ မြို့စောင့်တပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းစခန်းကို ယမန်နေ့(အောက်တိုဘာ ၂၀) တွင် စစ်တပ်က စစ်သည် နှင့် လက်နက်ခဲယမ်းရိက္ခာများ လေကြောင်းမှ   ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။  နှစ်ဆန်းပိုင်းက မြဝတီမြို့နယ်အတွင်း အနိမ့်ပျံလာသော ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး အင်အားစု ပစ်ခတ်သဖြင့် တပ်မမှူးတစ်ဦးနှင့် စစ်အရာရှိတချို့ သေဆုံးခဲ့ဖူးသည့် သင်ခန်းစာကြောင့် ထောက်ပံ့ပို့ဆောင်ရေးလေယာဉ် Y8 သည် ဝေဟင်အမြင့်မှသာ စစ်ကူ နှင့် လက်နက်ခဲယမ်းများ ချပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု   မြ၀တီ မြို့ဒေသခံ တစ်ဦးက Myanmar Now သို့ ပြောသည်။  “စစ်ကူ နဲ့ စစ်လက်နက်ပစ္စည်းတွေပေါ့၊ လေယာဉ်က မြို့ပေါ်မှာ ဝဲပျံသန်းနေပြီး လေထီးတွေနဲ့ ချပေးတာ တစ်ခါ၊ […]