ylliX - Online Advertising Network

လက်ကောက်ဝတ်တွင်အရုံကြောညပ်ခြင်း » ဒေါက်တာစိုးလူကျော်

အိမ်အမှုကိစ္စလုပ်ရသော အမျိုးသမီးတချို့ ယောင်းမမွှေနေရင်း လက်ချောင်းများတွင် ဓါတ်လိုက်သလို ဖြစ်ပြီး လွတ်ကျတယ်၊ ညအိပ်ရင် လက်တွေ ထုံပြီး နိုးလာတယ် စသည်ဖြင့် ဆေးခန်းလာတတ်ပါသည်။ ဆုပ်ရတာ မကောင်းဘူး ၊ လက်အားနည်းပြီး လှုပ်ရှားရတာ လေးလာတယ် ဟုလည်း ပြောတတ်သေးသည်။ ဖြစ်ပွားနိုင်ပုံ Carpal tunnel syndrome (CTS) သည် လက်ကောက်ဝတ်ရှိ (Median Nerve) ဟုခေါ်သော အာရုံကြောအပေါ် ဖိအားကြောင့် သက်ရောက်မှုကြောင့် ဖြစ်တတ်သည်။ ထိုအာရုံကြောသည် carpal tunnel ဟုခေါ်သော လက်ကောက်ဝတ်ရှိ လှိုင်ခေါင်းကို ဖြတ်သန်းသွားသော တစ်ခုတည်းသော အာရုံကြောဖြစ်သည်။ ဘယ်လို ပုဂ္ဂိုလ်တွေ အဖြစ်များလည်း အမျိုးသမီးများသည် ၃ဆ အမျိုးသားများထက်ပို ဖြစ်ပွားတတ်သည်။စာရိုက်ခြင်း၊ ခုတ်ထစ်ခြင်း၊ အပ်ချုပ်ခြင်း၊တုန်ခါသောစက်များကို ထပ်ခါတလဲလဲ အသုံးပြုခြင်း၊ […]