ylliX - Online Advertising Network
☠

လက်ကောက်ဝတ်တွင်အရုံကြောညပ်ခြင်း » ဒေါက်တာစိုးလူကျော်


အိမ်အမှုကိစ္စလုပ်ရသော အမျိုးသမီးတချို့ ယောင်းမမွှေနေရင်း လက်ချောင်းများတွင် ဓါတ်လိုက်သလို ဖြစ်ပြီး လွတ်ကျတယ်၊ ညအိပ်ရင် လက်တွေ ထုံပြီး နိုးလာတယ် စသည်ဖြင့် ဆေးခန်းလာတတ်ပါသည်။ ဆုပ်ရတာ မကောင်းဘူး ၊ လက်အားနည်းပြီး လှုပ်ရှားရတာ လေးလာတယ် ဟုလည်း ပြောတတ်သေးသည်။

☠ဖြစ်ပွားနိုင်ပုံ

Carpal tunnel syndrome (CTS) သည် လက်ကောက်ဝတ်ရှိ (Median Nerve) ဟုခေါ်သော အာရုံကြောအပေါ် ဖိအားကြောင့် သက်ရောက်မှုကြောင့် ဖြစ်တတ်သည်။ ထိုအာရုံကြောသည် carpal tunnel ဟုခေါ်သော လက်ကောက်ဝတ်ရှိ လှိုင်ခေါင်းကို ဖြတ်သန်းသွားသော တစ်ခုတည်းသော အာရုံကြောဖြစ်သည်။

👁ဘယ်လို ပုဂ္ဂိုလ်တွေ အဖြစ်များလည်း

အမျိုးသမီးများသည်💋 ၃ဆ အမျိုးသားများထက်ပို ဖြစ်ပွားတတ်သည်။
စာရိုက်ခြင်း၊ ခုတ်ထစ်ခြင်း၊ အပ်ချုပ်ခြင်း၊တုန်ခါသောစက်များကို ထပ်ခါတလဲလဲ အသုံးပြုခြင်း၊ ထပ်ခါ တလဲလဲ လက်နှင့် လက်ကောက်ဝတ် လှုပ်ရှားမှုများသည် ထိုရောဂါကို ဖြစ်စေနိုင်ပါသည်။
လေးဖက်နာ၊ ကျီးပေါင်း၊ ထိခိုက်ဒါဏ်ရာ၊ဆီးချို လည်ပင်းကြီး စသည့် ဟော်မုန်း ရောဂါ အချို့ကြောင့်လည်း ဖြစ်စေနိုင်သည်။

👩‍⚕️ဘယ်လို လက္ခဏာ တွေပြတတ်လည်း

လက်ချောင်း သို့မဟုတ် လက်နေရာအချို့ တို့တွင် နာကျင်ခြင်း ။
လက်ထုံခြင်း (အများစုက လက်မ လက်ညှိုး လက်ခလယ်)။
လက်မသည် အားနည်းလာခြင်း သို့မဟုတ် လက်ဆုပ်ကိုင်ရန်ခက်ခဲခြင်း အားနည်းလာခြင်း ။

👀ဘယ်လိုရောဂါရှာဖွေဖေါ်ထုတ်ကြမလည်း

ဆေးပညာရှင် များနှင့် စမ်းသပ်ခြင်းဖြင့် လက္ခဏာ များကို ဖေါ်ထုတ် ၍ရနိုင်သည်။ Phalens test sensitivit0.5 and the specificity 0.33/ Durkans test sensitivity0.77 and the specificity 0.22
(ဇက်ကလာသလား၊ တခြား အာရုံကြောနေရာများကလာလား သေချာစွာကွဲပြားစေရန် ပညာရှင်များနှင့် စနစ်တကျ စမ်းသပ်ရန်လိုအပ်ပါသည်)

အာရုံကြော ကိုစက်​ဖြင့် စစ်ဆေးခြင်း nerve conduction study လုပ်​ခြင်းဖြင့်လည်း အာရုံကြော အခြေအနေကို စမ်းသပ် ဖော်ထုတ်နိုင်သည်။
အာရုံကြောများ ရောင်ခြင်းရှိမရှိ၊ အဖုအကျိတ် အလုံး အရည်အိတ် များက ပိနေခြင်း ရှိမရှိကို Ultrasound အသုံးပြု၍ ရောဂါ ဖေါ်ထုတ် နိုင်သည်။
ဓာတ်ခွဲခန်းစစ်ဆေးမှုများနှင့် ဓာတ်မှန်ရိုက်ခြင်း စသည်က အရိုး​ ပြသနာ ၊ အဆစ်အမြစ်ရောင်ခြင်း၊ သို့မဟုတ် ဆီးချိုရောဂါကဲ့သို့သော အာရုံကြောများကို ထိခိုက်စေသည့် ရောဂါများကို ရှာဖွေရာတွင် ကူညီပေးပါမည်။

💯ကုသမှုနဲ့ သတိထားဆင်ခြင်စရာတွေကို သိရှိထားမှုကအရေးကြီးလှပါတယ်

လှုပ်ရှားမှု သတိထားဆင်ခြင်ခြင်း- ရောဂါလက္ခဏာများ ပိုဆိုးစေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ထပ်ခါတလဲလဲ လက်လှုပ်ရှားမှုများမှ ရှောင်ကာ အနားယူခြင်းသည် လက်ကောက်ဝတ်တွင် ဖိအားကို လျှော့ချနိုင်သည်၊ ရောင်ရမ်းခြင်းကို လျော့စေနိုင်၍ အရေးကြီးပါသည်။
Wrist Splinting- အထောက်အကူပြု ကိရိယာ ဝတ်၍ကုသခြင်းက လက်ကောက်ဝတ်ကို မှန်ကန်သောအနေအထားတွင်ထားရှိနိုင်ယုံသာမက အာရုံကြောအပေါ် ကျနေသော ဖိအားများကို သက်သာစေနိုင်သည်။ အထူးသဖြင့် ညဘက် ထုံခြင်း ကိုထိန်းရန် ဝတ်အိပ်ခိုင်းလေ့ရှိသည် ဖြစ်သည်။

သောက်ဆေးများ သောက်ခြင်း။
အကြော၊ အဆစ် ပညာရှင်များနှင့် ကုသမှုယူခြင်း။
အဆိုပါ အာရုံကြော တဝိုက်ဆေးထိုးကုသခြင်း။
ခွဲစိတ်ကုသခြင်း စသည့် စနစ်များကိုသုံး၍လည်း ကုသနိုင်ပါသည်။

ဒေါက်တာစိုးလူကျော်
M.B.,B.S,
M.Med.Sc (Rehabilitation Medicine),
M.Sc (Sport and Exercise Medicine, Cardiff/UK),
Fellowship in Musculoskeletal ultrasound/NTUH Taiwan)

အကြော၊အဆစ်၊ပြန်လည်သန်စွမ်းရေး၊အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကု၊
ဇမ္ဗူ သီရိ အထူးကုဆေးရုံကြီး

References

Joshi A, Patel K, Mohamed A, Oak S, Zhang MH, Hsiung H, Zhang A, Patel UK. Carpal Tunnel Syndrome: Pathophysiology and Comprehensive Guidelines for Clinical Evaluation and Treatment. Cureus. 2022 Jul 20;14(7):e27053.
Accuracy of provocative tests for carpal tunnel syndrome. Zhang D, Chruscielski CM, Blazar P, Earp BE. J Hand Surg Glob Online. 2020;2:121125.

ပုံများမှာ အင်တာနက်က ရှာထားသောပုံများဖြစ်ပါသည်

The post လက်ကောက်ဝတ်တွင်အရုံကြောညပ်ခြင်း first appeared on ဒေါက်တာစိုးလူကျော်.



Source link

Leave a Reply

Your email address will not be published. Required fields are marked *