ပုလောမြို့နယ်နှင့် ကော့သောင်း၊ ခမောက်ကြီးမြို့နယ်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၃ ရက်အတွင်း နေအိမ်နှင့် ဥယျာဥ်ခြံတဲ ၁၅ လုံးကျော်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံကသိရသည်။ ပုလောမြို့နယ် နန်းတောင်အုပ်စု ကျောင်းနိမ့်ရွာတွင် နိုဝင်ဘာလ ၃ ရက်က ခလရ ၂၈၅ မှထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည် ။ ယင်းတိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့် ကျောင်းနိမ့်ရွာ အဝင်မှ နေအိမ် ဆယ်လုံးကို စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ပြီး ရှစ်လုံး […]
နိုင်ငံတကာအာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်သက်ဆင်းလာနိုင်ခဲ့ပါပြီ။ နာဆာရဲ့ Crew 8 Mission အရ မက်သရူးဒိုမီနစ်၊ မိုက်ကယ်ဘားရက်၊ ဂျင်းနက်အက်၊ ဂရီဘန်ကင်တို့ဟာ ပြီးခဲ့တဲ့မတ်လတုန်းက SpaceX ကုမ္ပဏီရဲ့ Dragon capsule လွန်းပျံယာဉ်နဲ့အတူ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိခဲ့ကြတာပါ။ လွန်းပျံယာဉ်တံခါးပေါက်မှာ အက်ကြောင်းထင်လာတဲ့ ဖြစ်ရပ်ကြောင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံမှုတွေ လုပ်ခဲ့ရပြီး နိုင်ငံတကာအာကာသစခန်းမှာ အချိန်ကြာကြာ နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လက သူတို့လေးယောက်ကို ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ဖို့ Boeing ကုမ္ပဏီရဲ့ Starliner လွန်းပျံယာဉ်ကို အာကာသထဲ လွှတ်တင်ခဲ့ပေမဲ့ ချွတ်ယွင်းမှု၊ လုံခြုံရေးစိတ်မချရမှုတွေကြောင့် ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်ခဲ့ရပြီး အာကာသယာဉ်မှူး လေးဦးဟာလည်း နိုင်ငံတကာအာကာသစခန်းမှာ ဆက်နေခဲ့ရတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ […]
ရက်ကွန်းဝံအကောင် ၁၀၀ လောက်က ခြံထဲဝင်လာပြီး အစာ လာတောင်းနေလို့ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အမျိုးသမီးတစ်ယောက်က အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ပိုစဘိုမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက ရက်ကွန်းဝံမိသားစုကို အစာကျွေးလာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၆ ပတ်ကစပြီး ရက်ကွန်းဝံအကောင်ရေ သိသိသာသာ များလာပြီး အကောင် ၁၀၀ ဝန်းကျင်အထိ ရှိလာခဲ့တာပါ။ အကောင်ရေ များလွန်းလို့ အမျိုးသမီးကြီးကလည်း အိမ်ပြင်မထွက်ရဲလောက်အောင် ကြောက်ရွံ့နေခဲ့ပြီး အရေးပေါ်အဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခဲ့တာပါ။ ပိုစဘိုမြို့မှာ ရက်ကွန်းဝံတွေကို တွေ့နေကြဖြစ်ပေမဲ့ ဒီလောက် အကောင်ရေအများကြီး တစ်ခါမျှမတွေ့ဖူးလို့ အရေးပေါ်အဖွဲ့ပါ အံ့အားသင့်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အရေးပေါ်အဖွဲ့က ရက်ကွန်းဝံတွေကို ခြောက်လှန့်ရှင်းလင်းပေးခဲ့ပြီး နောက်ထပ်အစာကျွေးတာမျိုး မလုပ်ဖို့ […]