ylliX - Online Advertising Network

အညာတော်လှန်ရေးတပ်ပေါင်းစုဖွဲ့ဖို့ ဘာတွေလိုအပ်နေလဲ (ရုပ်သံ) – BUR.MIZZIMA.COM

တီဗွီ, ရုပ်သံသတင်းတို MTO မဇ္ဈိမ။ ။တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ မြန်မာနိုင်ငံဒေသအနှံ့မှာလည်းတိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ မဟာမိတ်စုဖွဲ့မှုနဲ့အတူ စစ်ကောင်စီကိုတိုက်ခိုက်နေကြပြီး စစ်ရေးအောင်မြင်မှုတွေရရှိနေပါတယ်။ အညာဒေသမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့ကိုးမြို့ကို ထိန်းချုပ်ထားပေမယ့် လက်ရှိထက်သာလွန်တဲ့ စစ်ရေးဖော်ဆောင်မှုတွေပြုလုပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့တပ်ပေါင်းစုတည်ဆောက်ဖို့ လိုအပ်နေပြီလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက တိုက်တွန်းပြောဆိုလာကြပါတယ်။ အညာတော်လှန်‌ရေးတပ်ပေါင်းစုတည်ဆောက်နိုင်ဖို့ ဘာတွေလိုအပ်နေတာပါလဲ။ အညာ‌ဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊တော်လှန်ရေးအင်အားစုတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။ သတင်း – MTOတည်းဖြတ်/တင်ဆက် – MTO Source link

၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) – BUR.MIZZIMA.COM

ရွှေနွယ် စစ်ကောင်စီဟာ ရှမ်းမြောက်က မိုင်းရယ်မှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေကို ဖြည့်တင်းထားပြီး လက်ရှိမှာတော့ မိုင်းရယ်− လားရှိုး လမ်းပိုင်းကတဆင့် စွန့်လွှတ်ခဲ့ရတဲ့ လားရှိုးကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ငြင်းဆန်နေတဲ့ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့အတူ မြေပြင်မှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနေတဲ့အခါ ကိုးကန့်တပ် MNDAA အနေနဲ့ မြို့ကနေ ဆုတ်ခွာပေးမှာလား၊ စစ်ဆိုင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပါလား။ အပြည့်အစုံကို ရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။ တည်းဖြတ်/တင်ဆက်- ရွှေနွယ် The post ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) appeared first […]

လက်သစ်အာဏာရှင်ရဲ့ တရုတ်ခရီးစဉ်အပေါ် အကဲခတ်တွေ ဘယ်လိုရူမြင်ပါသလဲ (ရုပ်သံ) – BUR.MIZZIMA.COM

MTO လက်သစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းရဲ့ ဖိတ်ခေါ်မှုကြောင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို နိုဝင်ဘာလ ၅ ရက် မနက်အစောပိုင်းက ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်အတွင်း (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်သွားဖို့ ရှိနေပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ တကျော့ပြန်အာဏာသိမ်းမှုကာ လေးနှစ်နီးပါးအတွင်း […]