ylliX - Online Advertising Network

ရတနာပုံဆရာမှတ်ကြီး – ဖုန်းမီးနေလ

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၄ “မအလက ဖုန်းမီးနေလ တောက်ပတယ်လို့ မုတ္တမတွေပြောတာ သိပ်မှန်တာကွ” “ငင် ဘာမှန်တာလဲ၊ ဘယ်ဖုန်းမီးနေလက ဘယ်မှာ တောက်ပတာလဲ” “တောက်ပပြီလားကွာ၊ ဝင်းဝင်းကို တောက်လို့” “ဟေ့ကောင် မင်းလဲ လောဘ ဒေါသ မောဟ ဘောမဂိုဏ်းဝင်တော့မလို့လား” “ဟ ဖုန်းမီးနေလတောက်ပတယ်ပြောတာနဲ့ အဲလို ထင်စရာ‌လားကွ၊ မင်းတို့မလဲ စွပ်စွဲမယ်ဆိုတာချည်းဘဲ” “ထင်ရမယ်လေကွာ မအလကို ဖွဲ့နွဲ့ပြီဆိုမှတော့” “မင်းသေချာစဉ်းစားကြည့်၊ သူတို့ ပြောတဲ့ ဖုန်းမီးနေလ တောက်ပတယ် ဆိုတာ” “အင်း လုပ်စမ်းပါအုံး” “မင်းအောင်လှိုင် စောက်ရူးထကတည်းက အရင်ဆုံးပျက်တာက အင်တာနက်၊ နောက် လျှပ်စစ်မီးလေကွာ၊ ပျက်သာ ပျက်တာ ဈေးက တက်လိုက်သေး၊ နောက်အိမ်တွေ မီးတိုက်ဖျက် ရွာဖျက် မြို့ဖျက်၊ အကုန်ပျက်တော့ […]

ရတနာပုံဆရာမှတ်ကြီး – နာဇီနဲ့ဖက်ဆစ် စပ်ကျထားတဲ့ အမနုဿတပ်မတော်ဘေး

ရတနာပုံဆရာမှတ်ကြီး – နာဇီနဲ့ဖက်ဆစ် စပ်ကျထားတဲ့ အမနုဿတပ်မတော်ဘေး (မိုးမခ) အောက်တိုဘာ ၂၂ ၊ ၂၀၂၄ မြန်မာ့တပ်မတော် ဆိုတာ နာဇီနဲ့ ဖက်ဆစ် စပ်ကျထားပြီး ဆေးပြားနဲ့ အရက် အမြဲနှစ်ပင်လိမ်နေတဲ့ စစ်ခွေးဘီလူးရူးတွေ စုစည်းထားတာပါ။ လူလို့ ဘယ်လိုမှ ပြောမရတဲ့ ရက်စက်မှုကြီးတွေက လမ်းပေါ်မှာ စစ်ကြောရေးမှာ ရွာထဲမှာ မြို့ပေါ်မှာ နေရာအနှံ့ဖြစ်နေပါတယ်။ ဒီလိုလုပ်ဆောင်နေတာတွေဟာ စစ်တပ်အဖို့ နေ့တဓူဝအလုပ်ဆန်ဆန်ဘဲ လုပ်နေတာပါ။ ဘုရားတွေတည်ပြလိုက်၊ လက်အုပ်လေးချီပြလိုက်လုပ်နေတာတွေရဲ့ရှေ့မှောက်မှာကို ဖြစ်နေတာတွေချည်းပါဘဲ။ ဒီမြင်ကွင်း ဒီသတင်းတွေဟာ ဘုန်းကြီးရောလူပါ အသားကျသလိုဖြစ်နေပြီလို့တောင် ထင်မှတ်စရာပါဘဲ။ အားလုံးဟာ လုပ်ကြံဖန်တည်းထားတဲ့ ခနတာပြုံးယောင်ယောင်ကလွဲရင် ပျော်ရွှင်စရာ မဲ့နေပါတယ်။ ကနေ့ဆိုရင် ဘုတလင်ဘက်က မမြင်သင့်တဲ့ပုံတွေကို မြင်နေကြရပါပြီ။ ဒါဟာ စိုးဝင်း နမခကိုလာသွားပြီးတဲ့နောက်ဖြစ်ရပ်တွေပါ။ အမနုဿဆိုတဲ့ လူမဟုတ်တဲ့လူတွေရဲ့ဘေးဆိုက်နေကြရတာတွေထဲက […]