၆ ရက်တာ ထိုးစစ်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စခန်း ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ် များက ပြောကြသည်။ ထိုးစစ်တွင် စစ်ကောင်စီတပ်က လက်နက်မျိုးစုံ အသုံးပြုခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။ “မန္တလေးနဲ့ မတ္တရာကြားကတော့ အကုန်ဆုတ်ပေးလိုက်ရပြီ။ သူတို့(စစ်ကောင်စီ) သိမ်းပိုက်သွားပြီ။ သူတို့က စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။ လက်နက်ကြီးတွေလည်း ဘက်ပေါင်းစုံက ညှပ်ပစ်တယ်။ ဓာတုလက်နက်တွေနဲ့ပါ တိုက်ခိုက်တယ်။ အဆိပ်ငွေ့တွေ ကြဲချတယ်”ဟု ၎င်းက ဆိုသည်။ အခြားတိုက်ပွဲများကဲ့သို့ပင် မတ္တရာမြို့နယ်ထိုးစစ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင််း မရှိပေ။ နိုဝင်ဘာ ၁၇၊ နံနက် ၃ နာရီမှ စတင်ကာ စစ်ကောင်စီတပ်သည် […]
Skip to content Elon Musk တော့ သတိကြီးကြီးထားရတော့မှာပါ။ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကောလိပ်ကျောင်းသား အဖွဲ့က အပျော်တမ်း ဒုံးပျံနဲ့ အမြင့်ဆုံး ရောက်တဲ့ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဒုံးပျံဟာ ကမ္ဘာမြေပြင်အထက် ၈၉ မိုင်အထိ ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ Rocket Propulsion Laboratory Club မှ ကျောင်းသားတွေက Aftershock II ဒုံးပျံကို အောက်တိုဘာလ ၂၀ ရက်နေ့က နီဗားဒါး ရဲ့ Black Rock Rock Desert မှာ လွှတ်တင်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က တင်ထားတဲ့ ၇၃ မိုင် စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ သူတို့ဟာ […]