ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဇရပ်ဆိပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လည်လှီးသတ်ဖြတ်ထားသည့် အလောင်းအား မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဇရပ်ဆိပ်ရွာ အနောက် ပိုင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း မြေမြှုပ်ထားသည်ကိုတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အသတ်ခံရတဲ့လူ ဘယ်သူဆိုတာကို စုံစမ်းနေတယ်။ (စစ်ကောင်စီတပ်) ဖမ်းဆီးထားတဲ့ အရပ်သားတွေရဲ့ မိသားစုဝင် တွေကို ဆက်သွယ်ထားတယ်။ မိသားစုဝင်တွေက စစ်ရှောင်နေကြလို့ အတည်ပြုရခက်နေတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်းတွင် ရက်ပေါင်းများစွာ တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မရှိသည့်အချိန် ဝင်ရောက်ရှင်းလင်းရာက အဆိုပါရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]
မြိတ်-တနင်္သာရီပြည်ထောင်စုကားလမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် မြိတ်မြို့နယ် တုံးဗျောရွာဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇နာရီခန့်တွင် တုံးဗျောကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းပေါက်ခဲ့ရာ ဆိုင်ကယ်ဖြင့်လာသည့် သားအဖနှစ်ဦး မိုင်းစ ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် သားဖြစ်သူ အမျိုးသားသေဆုံးပြီး အသက် ၆၀ ဝန်းကျင်အရွယ် ၎င်း၏ ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဒဏ်ရာရသွားသည့် ဖခင်ဖြစ်သူကို မြိတ်ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသနေရကြောင်း ၎င်းက ပြောဆိုသည်။ “ဖြစ်တာက လမ်းမကြီးပေါ်မှာပဲ မိုင်းကွဲပြီး သေတာပေါ့။ လက်နက်ကြီး မဟုတ်ပါဘူး။ စကစ ထောင်ထားတဲ့မိုင်းလို့ ပြောနေကြတာ။ စကစက လှုပ်ရှားနေတဲ့ နေရာလည်းဖြစ်တယ်ဆိုတော့” ဟု […]
တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁၁နာရီမှ ၁၁နာရီခွဲအထိ ဘန်းပြည့်ရွာနှင့် ကိုးအင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါတိုက်လေယာဉ်ဖြင့် ကိုးအင်းရွာကို ဗုံးလေးလုံးကြဲချခဲ့သလို ဘန်းပြည့်ရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် ကိုးအင်းရွာသားတစ်ဦး၏ ခြောက်ထောက်နှင့် ဆယ်ကျော်သက် (၁၀နှစ်ကျော်) အရွယ် မိန်းကလေးတစ်ဦး ခြေမတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ပထမ ဘန်းပြည့်မှာ ချတာ။ ပြီးတော့မှ ကိုးအင်း (ရွာ) မှာ ထပ်လာကြဲတာ။ ကိုးအင်းတံတားထိပ်နားက […]
မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားပေါ်က လှေလုပ်သားတစ်ဦး ရေထဲပြုတ်ကျပြီး သေဆုံးကြောင်း ကယ်ဆယ်ရေး လုပ်သူများနှင့် မျက်မြင်တွေ့ခဲ့သည့် ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၃၀ ရက် ည ၇ နာရီဝန်းကျင်တွင် လက်ကိုင်ဖုန်းသုံးပြီး လမ်းလျှောက်နေစဉ် ရေထဲပြုတ်ကျသွားခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးအနားတွင်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။ ရေထဲပြုတ်ကျပြီးချိန်တွင် ချက်ချင်း ရှာဖွေကယ်ဆယ်ခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ နောက်တစ်ရက်ဖြစ်သည့် ယနေ့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင်မူ ရေထဲပြုတ်ကျသူ၏ ရုပ်အလောင်း ကို မြိတ်မြို့ကမ်းနားလမ်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောဆိုသည်။ “မြိတ်ကမ်းနားလမ်းမှာပဲ ပြန်တွေ့တယ်။ အမည်ကိုတော့ မိသားစုနဲ့ ဆက်သွယ်ပြီး အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါ” ဟု အဆိုပါ နာရေးကူညီမှုအသင်းဝင်က ပြောသည်။ […]
ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သင်္ကန်းတောကျေးရွာသို့ရောက်လာပြီး အရပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သင်္ကန်းတောရွာနေ အသက်၃၀ ဝန်းကျင်အရွယ်အမျိုးသားနှင့် ကဒဲရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင်ခေါ် ကိုကပ်ပကို အောက်တိုဘာလ ၂၆ ရက်နေ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ သင်္ကန်းတောရွာနေ အမျိုးသားကို လမ်းတွင်တွေ့သဖြင့် ပစ်သတ်သွားခြင်းဖြစ်ပြီး ဦးမြင့်လွင်ကိုမူ သင်္ကန်းတောရွာရှိ ကွမ်းရွက်ခြံအတွင်း ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဦးမြင့်လွင်မှာ စစ်ဘေးရှောင်နေရာမှ ရွာအတွင်းဝင်ကာ ကွမ်းရွက်သွားခူးချိန် စစ်ကောင်စီတပ်သားများနှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါနေရာတွင် စစ်ကောင်စီတပ်စစ်ကြောင်းရှိနေသေးသည့်အတွက် လက်ရှိအချိန်အထိ အလောင်းသွားယူ၍မရသေးကြောင်း ပစ်သတ်ခံရသည့် ဦးမြင့်လွင်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “အလောင်းက သင်္ကန်းတောရွာထဲက ကွမ်းခြံထဲမှာ။ စစ်သားတွေရှိနေလို့ […]