ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက် ထုတ်လုပ်နေတဲ့လုပ်ငန်းခွင်တခုကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၀ကျော်ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရတဲ့မြန်မာအမျိုးသမီး ၂၀ကျော်ထဲမှာ တဝက်လောက်က အလုပ်အကိုင်ခွင့်မရှိ အထောက်အထားမဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘော မြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက်ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၄ခုနှစ်ကစပြီး တားမြစ်ထားတဲ့ အီးစီးကရက်တွေကို ထုတ်လုပ်နေတာကို သတင်းရတာကြောင့် ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၈ရက်နေ့က ရှောင်တခင်ဖမ်းဆီးရင်း မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော်ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။ “သူတို့က ဘန်ကောက်မြို့နယ်ထဲမှာရှိတဲ့ဘန်ဘောမြို့နယ်ထဲမှာ E-cigarettes […]
ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပြင်းထန်နေတာ ၁၁ ရက်ရှိလာပါပြီ။ တိုက်ပွဲကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေပြီး၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာနဲ့ နေအိမ်မီးရှို့တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ မင်းတပ်နဲ့ ဖလမ်းမြို့က တိုက်ပွဲအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကိုပြောပြမှာပါ။ ချင်းညီနောင်အဖွဲ့ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို မင်းတပ်နဲ့ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တာပါ။ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ကြားမှာ တိုက်ပွဲပြင်းထန်နေတာ ဒီကနေ့နဲ့ဆို ၁၁ ရက်မြောက် ရှိလာပါပြီ။ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာ နေ့စဉ်ရှိနေတယ်လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမန်က ပြောပါတယ်။ “တိုက်ပွဲတွေကတော့ အခု ၁၁ ရက်တော့ရှိပြီ။ စစ်ကောင်စီကတော့ […]
တရုတ်အစိုးရက မြန်မာ့အရေး ထဲထဲဝင်ဝင် စွက်ဖက်နေတဲ့အပေါ်မှာ နိုင်ငံတကာလှုပ်ရှားမှုကြီး ဖော်ဆောင်ကာ တုံ့ပြန်သွားရေး မဟာဗျူဟာတရပ် ချမှတ်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။ ခင်မောင်စိုးမင်းက သတင်းပေးပို့ ထားပါတယ်။ Source link
ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာအပါအဝင် ယူကရိန်း ပါလက်စတိုင်း အစ္စရေးနဲ့ တောင်ဆူဒန် နိုင်ငံအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲကြဖို့နဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။ Source link
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ တာဝန်ယူခဲ့ဖူးသူတွေနဲ့ ပတ်သက်တဲ့ အကြောင်းတချို့ကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။ Source link
အောက်တိုဘာလ ၂၉ ရက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ် ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆုတို့ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ ယခုလှေလှော်ပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး အခုပြိုင်ပွဲဟာ လာမယ့် ၂ဝ၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၊ ချန်ဒူးမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အားကစားပြိုင်ပွဲရဲ့နဂါးလှေလှော်အားကစားပွဲအတွက် အကြိုလက်ရည်စစ်ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။ မြန်မာလှေလှော်အားကစားအဖွဲ့အနေနဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆု တို့ကို ရလဒ်ကောင်းစွာနဲ့ ဆွတ်ခူးရရှိခဲ့ခြင်းအပေါ် လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတစေ ဂရုပြုထောက်ခံအားပေးနေပြီး […]
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကိုပြောပါတယ်။ လောလောဆည်မှာKIA က ပန်ဝါမြို့ကို အုပ်ချုပ်မှုယန္တရားတွေ လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကချင်ပြည်နယ်ဘက်က စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ကချင်ပြည်နယ်အရှေ့ပိုင်း ချီဖွေ၊ ဆော့လော်မြို့နယ်တွေကို စက်တင်ဘာလကုန်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီလအတွင်းမှာပဲ ချီဖွေ၊ဆော့လော်နဲ့ ပန်ဝါမြို့အပါအဝင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂နဲ့ ၁၀၀၃ တို့ကို သိမ်းယူခဲ့တာပါ။ ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အရှေ့ပိုင်း တရုတ်မြန်မာနယ်စပ်က ပန်ဝါနဲ့ ကန်ပိုက်တီဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး မိုးမောက်မြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၈ရက်နေ့ မနက်ပိုင်းကနေ စလို့ […]
မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် မဆင်မခြင်တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့ စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်ထောက်ပံ့တာတွေ ရပ်ဆိုင်းရေး ကုလသမဂ္ဂ လုံခြု့ရေးကောင်စီအနေနဲ့ ပိတ်ဆို့အရေးယူဖို့ လူ့အခွင့်အရေး အဖွဲ့ အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းက ကရင်နီနဲ့ ရှမ်းပြည်နယ် နပ်စပ် ဒုက္ခသည်စခန်းတခု ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် အသက် ၂ နှစ်နဲ့ ၁၆ နှစ်အကြား ကလေးငယ် ၆ ယောက်နဲ့ စစ်ဘေးရှောင် ၉ ယောက် သေဆုံးခဲ့တာကိုFortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တဲ ၄၉ လုံးနဲ့ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့လည်း မျက်မြင်သက်သေတွေနဲ့ ထိခိုက်ခဲ့သူတွေကို တွေ့ဆုံမေးမြန်းပြီး ဖေါ်ပြထားတာပါ။ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်တိုက်ခိုက်တဲ့ […]
မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက် မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ၊စားသုံးကုန်နဲ့ လူသုံးကုန်၊အခြေခံစားသောက်ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တရုတ်ဘက်ကလာတဲ့ပစ္စည်းတွေတက်တာပါ အခုလောလောဆယ် ဒီဇယ်၊ ဓာတ်ဆီလည်းတရုတ်ကပဲဝင်တာလေး မနေ့ကထိတော့ ၆၀၀၀ ကနေ ဒီနေ့ ၇၀၀၀၊ ၈၀၀၀ အထိတက်သွားတယ်။ ကြက်ဥလည်းဈေးတက်တယ်၊အာလူးတို့ဈေးတက်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ တရုတ်နယ်စပ်ဂိတ် မပိတ်ခင် ဓာတ်ဆီတစ်လီတာ ၆၀၀၀ (ခြောက်ထောင်) သာရှိပေမယ့် ဒီနေ့ တစ်လီတာ ၈၀၀၀ (ရှစ်ထောင်)၊ ကြက်ဥ တစ်လုံး ၈၀၀ (ရှစ်ရာ) ကနေ ၁၀၀၀ (တစ်ထောင်) ကျပ်၊ အားလူး ၁၀၀၀၀ (တစ်သောင်း) ကနေ ၁၃၀၀၀၊ (တစ်သောင်းသုံးထောင်)ကျပ် ၊ လက်ဖက်ခြောက်တစ်ထုတ် ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ကနေ ၂၀၀၀ (နှစ်ထောင်) ဈေးတက်သွားပြီး အချိန်နဲ့အမျှ ဈေးတက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “လောလောဆယ်တော့မပိတ်သေးဘူး နောက် လေးငါးဆယ်ရက်လောက်အေးဆေးရောင်းလို့ရတယ်။ ဆီလက်ကျန်က လမ်းဒီထက်ပိုကြာကြာပိတ်သွားရင်တော့ဆီလက်ကျန်ကုန်ပြီပိတ်ရမှာ အခုကတရုတ်ဆီပဲရောင်းနေရတာကိုး”လို့ ဆီပန့်အရောင်းဆိုင်တစ်မှအရောင်းဝန်ထမ်းတစ်ဦးရပြောပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် နယ်လုံးမှာသုံးနေတဲ့စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ဆီတွေဖြစ်ပြီးနယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေးအဆမတန်မြင့်တက်တာ၊ စက်သုံးဆီပြတ်လပ်တာမှုတွေဖြစ်လာမှာကိုမြစ်ကြီးနားမြို့ခံတွေအထူးစိုးရိမ်နေကြပါတယ်။ ကချင်ပြည်နယ်ထဲက မြန်မာ–တရုတ်နယ်စပ်ဂိတ်သုံးခုကို ပန်ဝါမြို့သိမ်းတိုက်ပွဲ အပြီးမှာပဲ တရုတ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။ By – Zaw Zaw The post တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက် appeared first on Kachin News Group (KNG). Source link
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးခံနေရတဲ့ ဘုတလင် နယ်တဝိုက်က ကျေးရွာတွေ မီးဆက်ရှို့ခံနေရပြီး၊ အဲဒီ စစ်တပ်စစ်ကြောင်းကိုလည်း ကာကွယ်ရေးတပ်တွေက ပြန် မိုင်းဆွဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Source link