ylliX - Online Advertising Network

နောင်ချိုနဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ သေဆုံး

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် ၂၀ သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။   ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်မှာ နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကို စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။   အဲဒီလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၁ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယမန်နေ့ နိုဝင်ဘာ […]

မိုးကုတ်တွင် အသေးစားကျောက်မျက်တူးဖော်ခွင့် TNLA စတင် ခွင့်ပြု  – Myanmar Now

အရည်အသွေးကောင်း ပတ္တမြားထွက်ရှိရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ငယ်များကို လုပ်ကိုင်ခွင့်ပြုထားသည်ဟု စုံစမ်းသိရှိရသည်။ တစ်ချိန်က စစ်တပ်နှင့် အပေါင်းအပါများ လက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက် လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း၊  အသေးစားလုပ်ကွက်များကိုမူ စက်တင်ဘာလမှစတင်ကာ ခွင့်ပြုပေးနေကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက Myanmar Now ကို ပြောသည်။ “အသေးစားတွေ၊ ပြီးတော့ လက်လုပ်လက်စားပေါ့၊ အဓိကက စားဝတ်နေရေးတွေ ပြေလည်နိုင်ဖို့ ကျွန်မတို့က ဖွင့်ပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အသေးစား တူးဖော်ခွင့်ရသူများသည် TNLA က သတ်မှတ်သည့် အခွန်နှုန်းထားကို ပေးဆောင်ရမည်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု လွေးယေဦးက ပြောသည်။  လက်ရှိ  […]