ylliX - Online Advertising Network

သီအိုဇော် – ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၄)

(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄ နိုင်ငံတကာ စစ်ပွဲတွေမှာ မြေအောက်ဥမင် ခုခံတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ ကြုံတွေ့ ကြရပါတယ်။  ထောက်လှမ်းရေး အချက်အလက်တွေသာ အတိအကျ မရရှိခဲ့ရင် ဂြိုဟ်တုကနေတောင် တည်နေရာ အတိအကျရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ ဥမင်ဝတွေ ထားရှိတဲ့အမြောက်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ရင်တော့၊ ရေဒါနဲ့ တန်ပြန် ရှာဖွေရာကနေလည်း ဥမင်နေရာကို သိရှိနိုင်ပါတယ်။ မြေအောက်နက်နက်ထဲမှာ ခိုင်မာစွာ တည်ဆောက်ထားတဲ့အတွက် ဘန်ကာဖြိုဖျက်နိုင်ဖို့ ဗုံးကြဲလေယာဉ်တွေပေါ် က ကြဲချရတဲ့ ဖျက်အားပြင်းဗုံးတွေ ထုတ်လုပ်ကြပါတယ်။ တကယ့်နိုင်ငံတကာ စစ်ပွဲကြီးတွေမှာ စစ်အင်အားကြီးနိုင်ငံတွေကသာ အသုံးပြုနိုင်ကြတဲ့၊ တော်ရုံ လက်လှမ်းမမီကြတဲ့ ဗုံးအမျိုးအစားတွေ ဖြစ်လို့ ဒီနေရာမှာ အကျဉ်းရုံးပြီးပဲ ဖော်ပြလိုက်ပါတယ်။ အခုနောက်ပိုင်းကျမှသာ ဒီလိုဗုံးအမျိုးအစားကို တီထွင်ထုတ်လုပ်လာကြတာ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက အခိုင်အမာတည် ဆောက်ထားတဲ့ ဂျာမန်ရေငုပ်သင်္ဘော ယူဘုတ်စခန်းတွေကို ကြဲချတဲ့ Disney Bomb ဆိုတာကလည်း ဆင်တူတဲ့ […]